အမ်းနှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို AA တိုက်ခိုက်
ရခိုင်ပြည် အမ်းမြို့နှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ အင်အား ၃၀၀ ကျော်ပါသည့် စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီ တပ်သားအများအပြားလည်း သေဆုံးသည်ကို တွေ့ရပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။
အမ်း နှင့် ဂွမြိုသို စစ်ကူလာသော စစ်ကောင်စီတပ်ကို AAက ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံး (ရုပ်သံ)
အမ်း နှင့် ဂွမြိုသို စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်းများအား အာရက္ခတပ်တော် AAမှ ဖြတ်တောက် တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီတပ်သားများ ရာနှင့်ချီသေဆုံးခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရဖမ်းဆီးရမိသော စစ်ကောင်စီ အလောင်းများ၊ စစ်သုံပန်းအချိုနှင့် လက်နက်ခဲယမ်းမီးကျောက်များ အား Western News ၏ တယ်လီဂရမ်တွင် ကြည့်ရန်
အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်
(နပခ ဂွင် တစ်ခုသာကျန်ပြီး အမ်းတစ်မြို့လုံးကို AA သိမ်းပိုက်) အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ AA သိမ်းပိုက်ထားသော ခန်းများ (၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ(၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း(၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း(၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂)