ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ထိုင်းရဲက အင်အားသုံးဖြိုခွင်း
လူ့အခွင့်အရေး သတင်း အလုပ်သမားအခွင့်အရေး
0 min read
0

ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ထိုင်းရဲက အင်အားသုံးဖြိုခွင်း

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ရှိ စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၃၀၀ ခန့်က အလုပ်လုပ် နေထိုင်ခွင့် သက်တမ်းတိုးရာတွင် ထိုင်းဘတ် ၁၀၀၀၀ အထိ ကောက်ခံနေမှုအပေါ် သင့်တင့်မျှတသော စျေးနှုန်းသို့ လျှော့ချပေးရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ထိုင်းရဲနှင့်နယ်မြေလုံခြုံရေးအဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း အလုပ်သမားများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင်၊ အုန်းနွဲ့ အုန်းရိုင်နယ်မြေ၊ ဖိကဆင်လမ်းမကြီးဘေးရှိ စက်ရုံတွင် မြန်မာအလုပ်သမားများက အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန်အတွက် အလုပ်သမား ၁ ဦး ထိုင်းဘတ် ၁၀၀၀၀ နှုန်းကောက်ခံနေမှုကို သင့်တင့်မျှတသော စျေးနှုန်းဖြစ်ပေါ်ရေး ဆောင်ရွက်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။ ထိုအခြေအနေတွင် စက်ရုံပိုင်ရှင်က

Continue Reading
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မောင်တောနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သားများ ထိခိုက်သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မောင်တောနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သားများ ထိခိုက်သေဆုံး

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုက AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားသည်။ သေဆုံးသူမှာ အသက် ၅၈ နှစ်အရွယ် ဦးမောင်ယာဉ်သာ ဖြစ်ပြီး ၎င်းမှာ စစ်တွေမြို့နယ် ကြံတောကျေးရွာကနေ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာတွင် စစ်ရှောင်နေသူတစ်ဦးဖြစ်သည်။

Continue Reading
ရခိုင်မှာ စစ်ရှုံးနေသော စစ်ကောင်စီတပ်မှာ ရာထူးနှင့်လူ အပြောင်းအလဲလုပ်
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ စစ်ရှုံးနေသော စစ်ကောင်စီတပ်မှာ ရာထူးနှင့်လူ အပြောင်းအလဲလုပ်

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ စစ်ရှုံးနေသော မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ် (စစ်ကောင်စီ) မှာ ရာထူးအပြောင်းအလဲ၊ လူအပြောင်းအလဲများ ပြုလုပ်နေကြောင်း သိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူယုံ ကျော်စွာလင်းကို နံပါတ် ၃ တပ်ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးထားသည်။ ကာကွယ်ရေးဝန်ကြီးနှင့် ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူးကို စစ်ဘက်ရာထူးများမှ ဖယ်ရှားကာ အရပ်ဘက်ပြောင်းရွှေ့၊ အရေးပေါ် ဖြစ်နေသည့် ဧရာ၀တီတိုင်းမှူးနေရာကိုလည်း အပြောင်းအလဲလုပ်ထားသည်။ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့်စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို စစ်တပ်၏ နံပါတ် ၃ အဆင့် ခေါင်းဆောင်ဖြစ်သော ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်သို့ ရာထူးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ဝန်ကြီးများအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို

Continue Reading
နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ
စစ်ရေး သတင်း
1 min read
0

နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နပခ တိုင်းစစ်ရုံးမကျရေး ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံနေကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ ထိုးစစ်ကို နပခ တိုင်းစစ်ရုံးထဲမှ အင်အားရာချီခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှာ အသည်းအသန် ခုခံကာကွယ်နေကြောင်း AA က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်ညက ထုတ်ပြန်ထားသည်။ “နပခ တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

Continue Reading
AA အခွန်ပြေစာဖြင့် မောင်တောဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့
စီးပွားရေး သတင်း
1 min read
0

AA အခွန်ပြေစာဖြင့် မောင်တောဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

(ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် AA တို့ ညှိနှိုင်းထားခြင်းမရှိ၍ဟုဆိုကာ ဆန်ရောင်းချခွင့် မရရှိသေးပေ) ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် မောင်တောဒေသကို ဒီဇင်ဘာလ ၁၀ ရက်နေ့က အာရက္ခတပ်တော် AA မှ ထိန်းချုပ်ပြီးနောက် မောင်တောဆိပ်ကမ်းကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ဆန်ကုန်သွယ်နေပြီဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော် AA တို့သည် ကုန်သွယ်ရေးကိစ္စရပ်များကို သဘောတူညီမှုများ ဆွေးနွေးထားခြင်းမရှိသည့်အတွက် ရခိုင်ကုန်သည်များမှာ ဆန်ရောင်းချခွင့် မရရှိကြပေ။ မက်ထရစ် ၁၉ တန်အလေးချိန်ရှိသော လုံးကြီး ဆန်အိတ် ၃၈၀ တင်ဆောင်လာသည့် တက်နေထွန်း အမည်ရှိ ဆန်ဘုတ်တစ်စီးသည် AA အခွန်ပြေစာဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မောင်တောဆိပ်ကမ်းမှတစ်ဆင့်

Continue Reading
ထွက်ပြေးလွတ်မြောက်နေသော မောင်တော နခခ ၅ တပ်မမှူး အသေဖမ်းမိဟု AA ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ထွက်ပြေးလွတ်မြောက်နေသော မောင်တော နခခ ၅ တပ်မမှူး အသေဖမ်းမိဟု AA ထုတ်ပြန်

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရွှေတုံးရွှေခဲနှင့် ငွေကျပ်သိန်း ၈၀၀ တွေ့ရှိ ရခိုင်ပြည်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ထွက်ပြေးသော အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ ရက်က အသေ ဖမ်းဆီးရမိသည်ဟု AA က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ၎င်းနှင့်အတူ အခေါက်ရွှေတုံးတချို့၊ ရွှေထည်တချို့အပါအဝင် ငွေသား ကျပ်သိန်း ၈၀၀ ခန့် တွေ့ရှိသည်ဟု ဆိုသည်။ ၎င်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း

Continue Reading
တရားဥပဒေစိုးမိုးရေး အားကောင်းစေရန် တအောင်းတပ်မှာ ဗိုလ်သင်တန်းဆင်းပွဲပြုလုပ်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

တရားဥပဒေစိုးမိုးရေး အားကောင်းစေရန် တအောင်းတပ်မှာ ဗိုလ်သင်တန်းဆင်းပွဲပြုလုပ်

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသ တအောင်းတပ် TNLA မှာ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် အပတ်စဉ် ၅ ဗိုလ်သင်တန်းဖွင့်အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့က တအောင်းပြည်တစ်နေရာမှာ ပြုလုပ်ခဲ့သည်။ အပတ်စဉ် ၄ အလုပ်သင်ဗိုလ်သင်တန်းကို ၁၃၂ ဦးနှင့် ပြုလုပ်ခဲ့ပြီး ၁၈ လကြာသင်တန်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသားများထဲက ၁၂ ဦးမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် အသက်ပေးလှူသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ အပတ်စဉ် ၅ အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကိုမူ သင်တန်းသား ၁၃၅ ဦးဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က “အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည်

Continue Reading
စစ်ကောင်စီတပ်သားများ ဒုက္ခသည်ရိက္ခာဆန်ကို အသုံးပြုမှု WFP လက်မခံ
သတင်း
1 min read
0

စစ်ကောင်စီတပ်သားများ ဒုက္ခသည်ရိက္ခာဆန်ကို အသုံးပြုမှု WFP လက်မခံ

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီတပ်သားများ နေထိုင်ခဲ့သော ရခိုင်ပြည် မောင်တောမြို့ နခခ ၅ တပ်စခန်းတွင် လူသားချင်းစာနောက်ထားမှုနှင့် ဒုက္ခသည်များအား ပေးအပ်သော ရိက္ခာဆန်ထုတ်များ တွေ့ရှိရသည့်အပေါ် WFP က လက်ခံနိုင်စရာမရှိကြောင်း ပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တံဆိပ်ပါ ရိက္ခာဆန်ထုတ် အများအပြား နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းတွင် တွေ့ရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်ထားကြောင်း ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန် ကန့်ကွက်ထားသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရကြောင်း

Continue Reading
ဂွမြို့ထဲကို AA ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ပြီးနောက် ရခိုင်ရိုးမနှင့် ထိစပ်နေသော ဧရာဝတီတိုင်း ဧရိယာများကို စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်လာ
စစ်ရေး သတင်း
1 min read
0

ဂွမြို့ထဲကို AA ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ပြီးနောက် ရခိုင်ရိုးမနှင့် ထိစပ်နေသော ဧရာဝတီတိုင်း ဧရိယာများကို စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်လာ

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ဧရာဝတီတိုင်းဒေသနှင့် နယ်နမိတ်ချင်း ထိစပ်နေသော ရခိုင်ပြည် ဂွမြို့ထဲသို့ အာရက္ခတပ်တော် AA ၏ ထိုးစစ် ဝင်ရောက်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရင်းများမှာ အပြင်းအထန် ခုခံတိုက်ခိုက်နေကြသည်။ တစ်ဆက်တည်းမှာပဲ ဂွမြို့နယ်ရှိ ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းဒေသရှိ မြို့နယ်များဒေသတွင် AA နှင့် PDF များ စိမ့်ဝင်မှုမရှိစေရန် လုံခြုံရေးကင်းများကို ယခင်ထက် ပိုမိုတိုးချကာ တင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ဧရာဝတီတိုင်း မြို့တော် ပုသိမ်းမြို့ပေါ်နှင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ဝန်ထမ်းများ မလိုအပ်ဘဲ ယူနီဖောင်းဝတ်သွားလာခြင်း မပြုလုပ်ရန်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညွှန်ကြားထားကြောင်း သတင်းရင်းတစ်ဦးက ပြောသည်။ “ခရီးသွားလာတာတွေ သတိထားဖို့၊ မလိုလားအပ်တဲ့ နေရာတွေမှာ ယူနီဖောင်းဝတ် သွားလာတာတွေ

Continue Reading
ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုလအကြီးအကဲ သွားရောက်ရန် လိုအပ်ကြောင်း Burma Campaign UK တိုက်တွန်း
ဒုက္ခသည်အရေး သတင်း
1 min read
0

ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုလအကြီးအကဲ သွားရောက်ရန် လိုအပ်ကြောင်း Burma Campaign UK တိုက်တွန်း

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

လာမည့် ၂၀၂၅ ခုနှစ်မှာ အငတ်ဘေးကို ခံစားကြရမည့် ရခိုင်ပြည်က ပြည်သူလူထုများအတွက် ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် လိုအပ်ကြောင်း Burma Campaign UK က တိုက်တွန်းနေသည်။ ရခိုင်ပြည်အား အကူအညီပေးရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ဖွင့်လှစ်ရေး ဘင်္ဂလားဒေ့ချ်အစိုးရနှင့် ညှိနှိုင်းပေးရန် ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်အား ဒီဇင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်တွင် ပြည်သူလူထု နှစ်သန်းမှာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရပြီး ၂၀၂၅ ခုနှစ်တွင် အငတ်ဘေး ကျရောက်တော့မည်ဟု နိုဝင်ဘာလတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က သတိပေးခဲ့သည်။

Continue Reading