တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဓါတ်ပုံများ AA ထုတ်ပြန်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က သိမ်းပိုက်ရရှိခဲ့သော တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ဓါတ်ပုံများအား အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်လာသည်။ တောင်ကုတ်မြို့ထဲက အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ဂွမြို့သိမ်းတိုက်ပွဲ AA ထုတ်ပြန်
ရခိုင်ပြည် ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အာရက္ခတပ်တော် AA ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်ထားသည်။ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီ သည် ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်သည်။ တို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြောင်း သိရသည်။ အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း AA က ပြောသည်။ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ