ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရေး အခက်ခဲဖြစ်နေ
ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်များကို ဆက်လက် ပညာသင်ကြားနိုင်ရန် ငွေကြေးမလုံလောက်သည့် ခက်ခဲမှုများကို ရင်ဆိုင်နေရသည်ဟု အခမဲ့ပညာသင်ကြားပေးနေသော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ပြောသည်။ လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ အခမဲ့ပညာသင်ကြားရေး အစီစဉ်ဖြင့် ပညာသင်ကြားလျှက်ရှိနေကြသည့် ပုဏ္ဏားကျွန်းဒေသက စစ်ဘေးရှောင်ကလေးငယ်များမှာ လက်ရှိထောက်ပံ့ရေးအခက်ခဲများကြောင့် ဆက်လက် ပညာသင်ကြားနိုင်ရန် အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင် ကလေးတွေကို ကျောင်း ၇ ကျောင်းခွဲပြီး အခမဲ့ပညာသင်ကြားရေး အစီစဉ်လုပ်ထားပါတယ်။ ပညာသင်ကြားရေးကာလ အစကနေ အခုချိန်ထိ ခက်ခက်ခဲခဲပဲ ရပ်တည်လာခဲ့ကြရတယ်ေပါ့နော်။ လက်ရှိမှာတော့ အခက်ခဲကပိုလာတယ်။ ငွေကြေးပိုင်းမလုံလောက်တော့တာတွေ ဖြစ်လာတဲ့အတွက် ကလေးတွေကို ဆက်လက်ပညာသင်ကြားပေးနိုင်ဖို့ အခက်ခဲရှိလာတာပါ” ဟု ပြောသည်။ လင်းရောင်းခြည်ဖောင်ဒေးရှင်းမှ ဦးစီး၍ ပုဏ္ဏားကျွန်းမြို့ဒေသတွင် စာသင်ဆောင်များဆောက်လုပ်ကာ စစ်ဘေးရှောင်ကလေးငယ် ၁၂၀၀ ကျော်ကို အခမဲ့ပညာသင်ကြားရေးနှင့်
ရခိုင်မှာ ဖုန်းလိုင်းပြတ်တောက်မှု ၁ လကျော် ကြာမြင့်လာ
ရခိုင်တွင် တပြည်နယ်လုံးအတိုင်းအတာအနေဖြင့် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှုမှာ ၁ လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။ ထိုကဲ့သို့ လနှင့်ချီ၍ ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ဒေသတွင်းလုပ်ငန်အားလုံးနီးပါး၌ အခက်ခဲအကျပ်တည်းများ ကြုံတွေ့နေကြရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ “ဒီဖုန်းလိုင်းမရတာကြောင့် ဘာပဲလုပ်လုပ် တော်တော်ကို အခက်ခဲဖြစ်တာပါ။ ကျနော်တို့ ကုန်သည်တွေဆိုရင်လည်း ထိုနည်း၎င်းပဲ။ လမ်းခရီးမှာ ငွေထုတ်ပိုက်ပြီးသွားရတယ်။ အန္တရာယ်များတယ်ပေါ့နော်။ အရင်ဆိုလူရောက်မှ ငွေလွှဲခိုင်းလိုက်လို့ရတယ်။ ပြီးတော့ ပစ္စည်းတွေနဲ့ပြန်လာရတာ။ လမ်းမှာက ဘာဖြစ်မယ်မှန်း ဘယ်သူမှ ကြိုသိတာမဟုတ်ဘူး။ တစ်ခုခုဖြစ်နေရင် ဘယ်သူ့ကိုမှ ဆက်သွယ်မရတဲ့ အခြေနေမျိုးတွေ ကြုံကြရတယ်” ဟု အိန္ဒိယရောက် ရခိုင်ကုန်သည်တစ်ဦးက ဖုန်းလိုင်းမရမှုကြောင့် ကြုံတွေ့နေရသည့် ၎င်း၏အခက်ခဲများနှင့် ပတ်သက်၍ပြောဆိုခြင်းဖြစ်သည်။ ယင်းအပြင် ဖုန်းလိုင်းမရမှုကြောင့် အကျပ်အတည်းကြုံတွေ့ကြရသူများထဲတွင် နိုင်ငံခြားဝင်ငွေမှီခိုနေရသူများ အဓိက ပါဝင်ပြီး
မင်းတပ်မြို့သိမ်းတိုက်ပွဲက သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ ချင်းညီနောင် ထုတ်ပြန်
ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲ အာဏာသိမ်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများကို ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။ ချင်းညီနောင်အဖွဲ့သည် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်တွင် မင်းတပ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
ဧရာဝတီတိုင်းမှာ ရခိုင်စစ်ရှောင် ၁၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား
ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။ အာရက္ခတပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးထားပြီး အဆိုပါစစ်ဘေးဒုက္ခသည်များမှာ ရခိုင်ပြည် ဂွမြို့ဒေသခံများဖြစ်ကြသည်။ ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများကြောင့် ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြသည့် ဂွနှင့် သံတွဲက ဒေသခံများအပြားရှိကြသည်။ “သူတို့တွေက စစ်ရှောင်တွေပါ။ အရပ်သားပြည်သူတွေဖြစ်ကြပါတယ်။ ဘာလက်နက်ကိုင်အဖွဲ့နဲ့မှလည်း ဆက်သွယ်တာ၊ ဆက်စပ်တာမရှိပါဘူး။ ကိုယ့်ဒေသမှာ တိုက်ပွဲတွေကြားမှာ ညှပ်ပြီး အသက်အန္တရာယ်စိုးရိမ်းရလို့ စစ်ရှောင်လာကြတဲ့သူတွေပါ။ ဘာအဖြစ်မှမရှိပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု မိသားစုဝင်များနှင့်နီးသူတစ်ဦးက တောင်းဆိုထားသည်။ ဧရာဝတီတိုင်းထဲ ဝင်ရောက်ခိုလှုံနေကြသည့် ရခိုင်စစ်ရှောင်ဒုက္ခသည်များကို
အမျိုးသမီးဗိုလ်လောင်းများကို မင်းအောင်လှိုင်က တိုက်ပွဲဝင်ခိုင်းနေ
မြန်မာစစ်တပ်ထဲက အမျိုးသမီးစစ်မှုထမ်းများအနက် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းများ မြဲသုံးမြဲကို လက်ကိုင်ထားပြီး တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးညွှန်ကြားနေသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်မြို့ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်း စစ်ရေးပြအခမ်းအနားမှာ မင်းအောင်လှိုင်က တက်ရောက် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကို ကာကွယ်ရန် ကျား/မ မရွေး နိုင်ငံသားတိုင်း ထမ်းရွက်ကြရမည့် မွေးရာပါ သမိုင်းပေးတာဝန်ဖြစ်သည့်အတွက် အမျိုးသမီးစစ်မှုထမ်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မွေးထုတ်ပေးနေခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ဆိုသည်။ အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်းစစ်ရေးသတိ၊ အမြဲတမ်းတိုက်ပွဲဝင်ရန်အသင့် စသည့် မြဲသုံးမြဲကို လက်ကိုင်ထားပြီး အမျိုးသမီးဗိုလ်လောင်းများအနေဖြင့် တိုက်ပွဲဝင်ရမည်ဟု သိရသည်။