ချင်းပြည် မင်းတပ်မြို့က အပျက်အစီးများ
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းပြည်နယ် မင်းတပ်မြို့ထဲက အရပ်သားနေအိမ် ၂၀၀ ကျော်မှာ မီးလောင်ပျက်စီး ပြာကျသွားခဲ့ပြီး အချို့သော မိသားစုဝင်များမှာ ပြန်စရာအိမ်မရှိဖြစ်နေကြသည်။ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ရှိနေသေး၍ ပြည်သူများမှာ လတ်တလောတွင် နေအိမ်ပြန်၍ မရရှိသေးကြောင်း တော်လှန်ရေးအဖွဲ့များက မေတ္တာရပ်ခံထားကြသည်။ ၄ နှစ်နီးပါး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသည့် မင်းတပ်မြို့က ဒေသခံပြည်သူများမှာ နေအိမ်ပြန်ရန် အခွင့်အရေးရှိလာခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်ပြန်ခွင့် မရရှိကြသေးပေ။ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်ပြန်ခွင့် ရပြီဟု သက်ဆိုင်ရာအဖွဲ့အစည်းများက ပြောလာသော်လည်း အချို့သော မိသားစုဝင်များမှာ
စစ်ကောင်စီမှာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် မရှိကြောင်း NUG နှင့် NUCC တို့ကြေညာ
ဒီမိုကရေစီအစိုးရဖြုတ်ချပြီး မတရားအာဏာသိမ်းယူထားသည့် မြန်မာစစ်တပ် (စစ်ကောင်စီ) စစ်အုပ်စုအနေဖြင့် ပြည်လုံးကျွတ်ရွေးကောက်ပွဲအား ကျင်းပပိုင်ခွင့်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ကြသည်။ စစ်ကောင်စီ စစ်အုပ်စုသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဥပဒေမဲ့အဓမ္မဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို တရားမဝင်ရယူရန် ကြိုးစားနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။ NUG နှင့် NUCC တို့ ပူးပေါင်းအဖွဲ့စည်းထားသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီ က ဒီဇင်ဘာလ၂၄ ရက် ညမှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီအပြင် ပြင်ပအင်အားစုတခုခုက မြန်မာ့ကံကြမ္မာကို ဝင်ရောက်ခြယ်လှယ်အဆုံးအဖြတ်ပေးခြင်းကို လက်ခံမှာ မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာရေးသားထားသည်။ ပြည်သူလူထုကို လက်နက်ဖြင့်
ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို အတင်းဖိအားပေး ရွှေ့ပြောင်းမှု မလုပ်ကြရန် ဂွမြို့နယ်စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တောင်းဆို
ဧရာဝတီဒေသ ရေကြည်မြို့နယ်အပါအဝင် ပုသိမ်ခရိုင်အတွင်း ခိုလှုံရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များကို အတင်းအဓမ္မ ဖိအားပေး ရွှေ့ပြောင်းမှုများ မလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုကြောင်း သိရသည်။ ဧရာဝတီတိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်စစ်ဘေးရှောင်ပြည်သူများအား လူသားတစ်ယောက်၏ လွတ်လပ်စွာရွှေ့ပြောင်းနေထိုင်ခွင့်အား လေးစားလိုက်နာ၍ စစ်ဘေးရှောင်ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။ ရေကြည်မြို့နယ်၊ ခွေးတောက်ကွက်သစ်အုပ်စု၊ ကုန်းပြင်အနီးဝန်းကျင်နှင့် တစ်ခြားဧရာဝတီတိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အတင်းရွှေ့ပြောင်းကြရန် သက်ဆိုင်ရာတာဝန်ရှိသူများမှဖိအားပေး ဆောင်ရွက်နေသည်ဟု ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။ “ဧရာဝတီတိုင်းရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို ၂၃ ရက် ၁၂ လပိုင်း ၂၀၂၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေပေါ့လေ၊ စကစ တပ်သားတွေနဲ့
ရခိုင်က မွတ်ဆလင်စာသင်ကျောင်းများတွင် အာရက္ခနိုင်ငံတော်သီချင်းကိုဆို
ရခိုင်ပြည်အတွင်း မွတ်ဆလင်ပြည်သူများက အာရက္ခနိုင်ငံတော် တေးသီချင်းကို စာသင်ကျောင်းများတွင် သီဆိုနေကြသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစ၍ ပျံ့နှံ့လာသည်။ စုံစမ်းချက်အရ ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်စာသင်ကျောင်းများတွင် အာရက္ခနိုင်ငံတော် သီချင်းကို ဆိုနေကြခြင်းဖြစ်သည်ဟု ရုပ်သံဖိုင်ကိုကြည့်ရှုထားသူတစ်ဦးက ခန့်မှန်းပြောသည်။ အာရက္ခတပ်တော် AA က ထိန်းချုပ်သိမ်းပိုက်ထားသော မြို့နယ်များတွင် အာရက္ခပညာရေးစနစ်ကို အကောင်အထည်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် လကတည်းက Western News သတင်းဌာနအား ရခိုင့်ပညာရေးအသိုင်းအဝိုင်းက ပြောဆိုထားသည်။ ရုပ်သံဖိုင်ကြည့်ရှုထားသူ ရခိုင်ဒေသတစ်ဦးက “မွတ်ဆလင်တွေ အာရက္ခနိုင်ငံတော် သီချင်းကို ဆိုနေတဲ့ မြင်ကွင်းက တော်တော်လေးကို ကြည်နူးစရာကောင်းပါတယ်။ ဒီလို အေးအေး ချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းစည်းလုံးလုံး မြင်ရတော့
AA ၏ နိုင်ငံရေးအမြင်ကို ပအိုဝ်းနှင့် မွန်အဖွဲ့များ ဂုဏ်ယူကြောင်းပြော
ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများအားလုံးကို လွတ်မြောက်ရေအတွက် တိုက်ပွဲဝင်နေသော အာရက္ခတပ်တော် AA ၏ နိုင်ငံရေးအမြင်ကို ပအိုဝ်းနှင့် မွန်အဖွဲ့အစည်း ၄ ခုက ချီးမွမ်းဂုဏ်ပြုကြောင်း ပြောဆိုကြသည်။ ပအိုဝ်းနှင့် မွန်လူမျိုးတို့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် သဝဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းပိုက်နိုင်ခြင်းနှင့်အတူ မကြာမီကာလတွင် ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်တော် (AA) ၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါကြောင်း သဝဏ်လွှာတွင်
မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသော ရေတပ်ဖြစ်နေပြီဟု မင်းအောင်လှိုင်ပြော
တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဒီဇင်ဘာ ၂၄ ရက်တွင် ကျရောက်သော (၇၇) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၁၂၆၀ ရေမိုင် ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝ အလှတရားများစွာတို့ဖြင့် ပြည့်နှက်လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့