လွှတ်တော်ဖျက်သိမ်းရေး ကောလာဟလများကို ထိုင်း၀န်ကြီးချုပ် ပယ်ချ
ထိုင်းနိုင်ငံ အောက်လွှတ်တော်ကို ဖျက်သိမ်းရန် ထွက်ပေါ်နေသော ကောလာဟလ သတင်းများကို ထိုင်းဝန်ကြီးချုပ် ပယ်ထုန်တန် (Paetongtarn Shinawatra) က ပယ်ချလိုက်ပြီး ထိုသို့ ကောလာဟလများ ပျံ့နှံ့လာသည်ကို သူမ အံ့ဩမိကြောင်း ပြောသည်။ ထိုကဲ့သို့ ကောလာဟလ သတင်းထွက်ပေါ်လာခြင်းမှာ ချင်းမိုင်ခရိုင် ရွေးကောက်ပွဲတွင် Pheu Thai ပါတီ ကိုယ်စားလှယ်လောင်း မဲဆွယ်ရာမှာ ကူညီရင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က ဝန်ကြီးချုပ်၏ ဖခင် သက်ဆင်ပြောစကားက စတင်ခဲ့သည်ဟု သိရသည်။ “ဒီကိစ္စကို ဘယ်သူကမှ အစိုးရ မှာ မတင်ပြဘူး။ ဒီအကြံအစည်က ဘယ်လိုဖြစ်လာတာလဲဆိုတာ ဘယ်သူကမှ နားမလည်ဘူး” ဟု ထိုင်းဝန်ကြီးချုပ် ပယ်ထုန်တန်က သတင်းထောက်များက
ဧရာဝတီ ဒေးဒရဲမှာ အရပ်သား ၆ ဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် ၁ ဦးသေဆုံးကာ ၅ ဦးထောင်ချခံရ
ဧရာဝတီတိုင်းဒေသ ဒေးဒရဲမြို့နယ် တိုးကျေးရွာက အရပ်သားပြည်သူ ၆ ဦးမှာ ကျေးရွာအုပ်ချုပ်မှူး လှထွဋ်၏ လိမ်လည်တိုင်တန်းမှုကြောင်း စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံရကြောင်း သိရသည်။ ၎င်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်သည်ဟုဆိုကာ တိုးကျေးရွာအုပ်ချုပ်ရေးမှူး လှထွဋ်က လိမ်လည် တိုင်တန်းခဲ့ခြင်းဖြစ်သည်။ စစ်ကြောရေးရောက်ရှိသွားသော တိုးကျေးရွာသား ၆ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုများကြောင့် ၁ ဦးသေဆုံးသွားပြီး ကျန် ၅ ဦးမှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။ မြို့ခံတစ်ဦးက “လှထွဋ်က အရင်က ဒုတ်ထိုးရောင်းစားတဲ့သူ၊ အခုက စစ်တပ်နဲ့ပေါင်းပြီး ရွာသူရွာသားတွေထံကနေ ပိုက်ဆံကောက် စစ်တပ်ကိုထောက်ပံ့ပြီး ကြီးပွားနေတာ၊ အခုဆို ၂ ထပ်တိုက်အိမ်၊ ငါးဖမ်းလှေ ၄ စီး ပိုင်နေပြီ။
ပဲခူးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်ကြောင်း သာယာဝတီခရိုင် PDF ပြော
ပဲခူးရိုးမဒေသမှာ အာဏာသိမ်း စစ်ကောင်စီက စစ်ကြောင်းထိုးလာနေ၍ သာယာဝတီခရိုင် PDF အနေဖြင့် ပဲခူးတိုင်းဒေသမှာ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးမအတွင်း စစ်ကောင်စီ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သာယာဝတီခရိုင် PDF က အသိပေးထားသည်။ “ပြည်သူတွေအနေနဲ့ ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ
မွန် လွတ်မြောက်ရေးတပ် MLA မှာ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှာ အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လွတ်မြောက်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။ MLA စစ်ဦးစီးရုံးချုပ် GSO ဗညားမင်းကန်စီ က မွန်လူမျိုးတို့သည် ဧကရာဇ်မျိုးဖြစ်ပြီး ယာဉ်ကျေးမှု၊ အုပ်ချုပ်မှုဆိုင်ရာတို့ကို ခေတ်အဆက်ဆက်တွင် အာဏာ ပြည့်ပြည့်စုံစုံဖြင့် ဦးစွာရပ်တည်လာခဲ့ကြသည်ဟု အခမ်းအနားတွင် ပြောဆိုခဲ့သည်။ “အိုမွန်အမျိုးတို့ … အိုမွန်စစ်သည်တို့ .. ဒီနေ့သည် ငါတို့နိုင်ငံ မရှိတော့ပါ။ သူများလက်အောက်မှာ ရောက်သွားပြီး ကျွန်အမျိုး ဖြစ်သွားပါပြီ” ဟု ပြောသည်။ ထို့ကြောင့် ကျွန်ဘဝမှ လွတ်မြောက်အောင် မွန်ရဟန်းတော်လည်းကောင်း၊ မွန်တိုင်းသူပြည်သားလည်းကောင်း၊ မွန်စစ်သည် တော်တွေ လည်းကောင်း အားလုံးမှာ တာဝန်ရှိသည်ဟု
နပခ သိမ်းတိုက်ပွဲက ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ
ရခိုင်ပြည် အမ်းမြို့တွင်ရှိသော အာဏာသိမ်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်းများအား အာရက္ခတပ်တော် AA မှ ထုတ်ပြန်လာခြင်းဖြစ်သည်။
ရခိုင်ရိုးမမှာ စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
ရခိုင်ရိုးမတောင်တန်းတွင် ကျန်ရှိနေသေးသည့် အာဏာသိမ်း စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။ အာရက္ခတပ်တော် AA က အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်သိမ်းပြီးနောက်ပိုင်း ရိုးတောင်ထက်ကနေ ပြန်လည်ထိုးစစ်ဆင်ပြင်လာသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ “ရိုးဘက်က စစ်ကောင်စီတပ်တွေကို တိုက်နေတယ်။ အခုရိုးအတက်ဘက်ကို အရင်ရှင်းနေတယ်ပေါ့နော်။ သူတို့ဖက်တပ်ကူတွေကလည်း တော်တော်ပို့ကြတယ်။ အခု ဆင်ခုံတိုင်ရွာဖက်အထိ သိမ်းထားပြီးပြီ။ ရိုးပေါ်မှာ စခန်းတွေကတော့ အများကြီးကျန်နေပါသေးတယ်” ဟု ပြောသည်။ AA မှ သိမ်းပိုက်ထားပြီးဖြစ်သည့် ဆင်ခုံတိုင်ကျေးရွာမှာ အမ်းရိုးတောင်တွင်တည်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး အမ်းမြို့နှင့် ၁၆ မိုင်ခန့်အကွာတွင်ရှိကာ ချင်းလူမျိုးများ