ဂွမြို့နယ်ကို AA သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ
စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်အားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ် လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ပြောဆိုလိုက်သည်။ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လိုက်လံ ရှင်းလင်းနေကြောင်း ပြောခွင့်ရ ဦးခိုင်သုခ က ပြောသည်။ “ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဧရာဝတီတိုင်း၊ ကမ်းသာယာ ကမ်းခြေအနီး ရေပြင်ထက်မှ ရေကြောင်းပစ်ကူမှုများ ဆက်လက်
ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းနား
နှစ်ပေါင်း ၂၄၀ မြောက်ဖြစ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ အထိမ်းအမှတ်အဖြစ် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး PYA က ကြီးမှူးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားကို ULA/AA အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသား၊ ရခိုင်လူငယ်တိုင်းသည် ဒီဇင်ဘာလ ၃၁ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ဆိုသည်ကို မမေ့စေရန်နှင့် သမိုင်းအမှန်အား သိရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု PYA က ပြောဆိုထားသည်။