AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်

ဇန်နဝါရီ ၁၃ - ၂၀၂၅
0

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည်ခုခံနိုင်ရန် အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ခံစစ်ပူးပေါင်းပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ စစ်တွေမြို့တွင် ရုံးအခြေစိုက်ကာ စစ်ကောင်စီ၏ အကူအညီများဖြင့် ဒေသခံများကို ခေါ်ယူပြီး စစ်သင်တန်းပေးနေကြောင်း မြို့ခံသတင်းရင်းမြစ်အချို့က ပြောသည်။ ALP သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြံအရံများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်းကို ဒီဇင်ဘာလ တတိယအပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း မြို့ခံသတင်းရင်းက ပြောသည်။ “ALP

Continue Reading
စစ်ကောင်စီ အမြစ်ပြတ်ရေး TNLA နှင့်အတူ တိုက်ခိုက်သွားမည်ဟု NUG ပြော
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ အမြစ်ပြတ်ရေး TNLA နှင့်အတူ တိုက်ခိုက်သွားမည်ဟု NUG ပြော

ဇန်နဝါရီ ၁၃ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) အမြစ်ပြတ်ရေးအတွက် တအောင်းတပ် TNLA နှင့်အတူ တိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ၆၂ နှစ်မြောက် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို NUG က သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တအာင်းပြည်သူ များအပါအဝင် တနိုင်ငံလုံးရှိ ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့် ညီညွတ်မှုကို တည်ဆောက်လျက် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးစားသွားမည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။ ယနေ့ အချိန်အခါသည် စစ်အာဏာရှင်သမိုင်းတလျှောက် အားအနည်းဆုံးကာလဖြစ်သည့် အတွက်

Continue Reading
ရမ်းဗြဲ၊ ကျောက်တော်ကို ဗုံးကြဲပြီးနောက် ပေါက်တောကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ရမ်းဗြဲ၊ ကျောက်တော်ကို ဗုံးကြဲပြီးနောက် ပေါက်တောကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်

ဇန်နဝါရီ ၁၃ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) သည် ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာနှင့် ကျောက်တော်မြို့ထဲကို ဗုံးအလုံးရေ ၂၀ ခန့် ကြဲချတိုက်ခိုက်ပြီးနောက် ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာကို ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ရမ်းဗြဲ၊ ကျောက်တော်နှင့် ပေါက်တောမြို့တို့သည် အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်တိုက်ခဲ့ပြီး လူအထိအခိုက်မရှိခဲ့သော်လည်း နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း ပျက်စီးသွားခဲ့ရသည်။ စစ်ကောင်စီသည် နံနက် ၁၀ နာရီ ၅၀

Continue Reading
TNLA ၏ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ခြင်းကို AA, MNDAA က ထောက်ခံ
စစ်ရေး သတင်း
1 min read
0

TNLA ၏ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ခြင်းကို AA, MNDAA က ထောက်ခံ

ဇန်နဝါရီ ၁၃ - ၂၀၂၅
0

တအောင်းတပ် TNLA ၏ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ခြင်း အစီအစဉ်ကို ညီနောင်မဟာမိတ်အဖွဲ့ အာရက္ခတပ်တော် AA နှင့် ကိုးကန့်တပ် MNDAA အနေဖြင့် ထောက်ခံကြောင်း သဝဏ်လွှာပေးပို့ထားသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် MNDAA က ပြောဆိုထားခြင်းဖြစ်သည်။ TNLA က အဖွဲ့အတွင်း နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်တွင် ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးအဖွဲ့များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများအားလုံး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးသို့ လွှင့်တင်ရမည်ဟု ၁/၂၀၂၅ ဖြင့် ထုတ်ပြန် တိုက်တွန်းပြောဆိုခဲ့သည်။ AA နှင့်

Continue Reading