တားမြစ်သည့်ကြားမှ ကျူးကျော်လာပါက CNA ကို ပြန်တိုက်မည်ဟု ဇိုမီးတပ် ထုတ်ပြန်
ချင်းပြည်နယ် ဇိုမီးနယ်မြေသို့ တားမြစ်ထားသည့် ကြားမှ ကျူးကျော်ဝင်ရောက်လာပါက ချင်းညီနောင် CB နှင့် လက်တွဲပြီး CNA/CNF ကို ပြန်လည်တိုက်ထုတ်သွားမည်ဟု ဇိုမီးတော်လှန်ရေးတပ် PDF Zoland က ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ZFU/PDF Zoland တပ်သည် ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC)၏ ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (CB) နှင့် ပူးပေါင်းပြီး ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည့် တီးတိန်မြို့မှ စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်သွားမည်ဖြစ်သည်။ သို့သော် National Front/CNA သည် People Defence Army (PDA) အား လက်ကိုင်တုတ်အဖြစ် အသုံးချကာ တီးတိန်မြို့အား စွက်ဖက်သိမ်းပိုက်ရန်
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်သည့် တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုးကို ဖမ်းဆီး
နာရီပိုင်းကြာ စစ်အာဏာသိမ်းမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရသည့် တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုးကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် ပတ်သက်ပြီး သမ္မတ ယွန်ဆတ်ယိုးကို ပုန်ကန်သောင်းကျန်းသူ စွပ်စွဲချက်ဖြင့် တောင်ကိုရီးယားအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ စွပ်စွဲပြစ်တင်ခံရသူ သမ္မတ ယွန်းဆွတ်ခ်ယိုးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့အရာရှိ ၃၀၀၀ ကျော်က ၎င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယွန်ဆတ်ယိုးကို စောင့်ရှောက်ပေးနေသော တပ်ဖွဲ့ငယ်နှင့် သွေးထွက်သံယိုမဖြစ်စေရန် ယွန်ဆတ်ယိုးသည် ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံခဲ့သည်။ “ဒီနေ့ လုံခြုံရေး ဧရိယာထဲကို
လွိုင်ကော်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိနေချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရောက်နေသည့် ညစာစားပွဲကျင်းပနေချိန်အတွင်း ကယားပြည်နယ် ခန်းမအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံး
ရခိုင်အခြေစိုက် DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံရ
ရခိုင်ပြည် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်ကို အလုပ်ကြမ်းနှင့် နောက်ထပ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရကြောင်း မိဘများထံမှ သိရသည်။ သတင်းထောက် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၉၆ ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံရခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ကို ပုသိမ်အကျဥ်းထောင် အထူးတရားရုံးကနေ အကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ကိုထက်အောင် မိခင် ဖြစ်သူက Western
ရခိုင်ဒေသကို ပစ်မှတ်ထား ဝါဒဖြန့်လေ့ရှိသည့် စစ်တပ်လော်ဘီချန်နယ်အချို့ ရပ်ဆိုင်းဟုဆို
ရခိုင်ဒေသနှင့် အာရက္ခတပ်တော် AA ကို ပစ်မှတ်ထားပြီး ဝါဒဖြန့်နေသည့် စစ်ကောင်စီ၏ လော်ဘီချန်နယ် အချို့ရပ်သွားပြီး အချို့မှာ အပြောင်းအလဲဖြစ်သွားကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs & Conflict Study (BACS) ပြောသည်။ “ရခိုင်ဒေသကို ပစ်မှတ်ထားဝါဒဖြန့်ဖို့အတွက် ဒေသအတွင်း မြို့တွေ၊ အထိန်းအမှတ် စကားလုံးတွေ၊ လူအမည်တွေနဲ့ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီလော်ဘီချန်နယ်အချို့ ရပ်ဆိုင်းခဲ့ပြီး အချို့ချန်နယ်တွေမှာ စီမံသူ အပြောင်းအလဲဖြစ်တာမျိုး တွေ့ရပါတယ်” ဟု ဆိုသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို အာရက္ခတပ်တော် AA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်မှာပဲ ရခိုင်လူထုကို ဦးတည်ပြီး ဝါဒဖြန့်နေသော စစ်တပ်လော်ဘီချန်နယ်အချို့
ရခိုင်လူမျိုးများကိုသာ ရွေးဖမ်းနေ၍ ရန်ကုန်ရောက် ရခိုင်များ စိုးရိမ်မှုမြင့်တက်
ရန်ကုန်တိုင်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်လူမျိုးများကို အဓိကထား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေ၍ စစ်ရှောင်များနှင့် ယခင်ရှိနေကြသည့် ရခိုင်တိုင်းရင်းများမှာ စိုးရိမ်မှုအလွန်မြင့်တက်နေကြသည်။ စိုးရိမ်မှုများ ပိုဖြစ်လာပြီး လုံခြုံမှု မရှိတော့သလို ခံစားလာရကြောင်း ရန်ကုန်မြို့တွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်လာသော ဘူးသီးတောင်ဒေသခံ ဦးကျော်သန်းက ပြောသည်။ “ကျနော်တို့ ရခိုင်တွေကိုပဲ အဓိကထား လိုက်ဖမ်းနေတော့ ရန်ကုန်မှာနေဖို့တောင် ကြောက်လာပါပြီခင်ဗျာ။ ကလေးတွေကို အပြင်တောင် ပေးမထွက်ခိုင်းတော့ဘူး။ ရန်ကုန်မှာနေတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အခုတော့ လုံခြုံမှုမရှိဘူးတော့ဘူးလို့ ခံစားလာရတယ်။ ကလေးတွေက လူတကာကြည့်ပြီး ကြောက်စိတ်တွေနဲ့ သွားနေရတယ်လို့ ပြောကြတယ်။ ကျနော် အရမ်းခံစားရတယ်ဗျာ။ ဘယ်လိုပြန်ပြောရမလဲတောင် မသိတော့ဘူး” ဟု