ဖခင် ဖြစ်သူ ကောက်လာသော စစ်လက်ကျန်မိုင်း ကို ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်၍ သားဖြစ်သူ သေဆုံး
ဖခင်ဖြစ်သူက တောထဲ ထင်ခွေသွားရာမှ ကောက်ယူလာသော စစ်ကျန် မိုင်းတစ်လုံးကို အိမ်အတွင်း ထားရာ သားဖြစ်သူ ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပြီး သေဆုံးသွားကြောင်း လူမှုကူညီဆောင်ရွက်နေသူများက ပြောသည်။ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဖခင်ဖြစ်သူက တောထဲသို့ ထင်ခွေ သွားရာမှ ကောက်ယူလာခဲ့သည့် စစ်ကျန်မိုင်း အား အိမ်တွင်း တစ်နေရာတွင် ထင်ထားရာကနေ သားဖြစ်သူ ဆောကစားရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူ မိသားစုနှင့် နီစပ်သူတစ်ဦးက “သူ့အဖေက တောထဲ ထင်းခုတ်သွားရာကနေ ကောက်လာတယ်လို့ပြောတယ်။ အဲ့ဒါအန္တရာယ်ဖြစ်မှာ စိုးလို့ ကောက်လာတာပေါ့။ ပြီးတော့ သက်ဆိုင်ရာကို အပ်မယ်ဆိုပြီးတော့ အိမ်ထဲတစ်နေရာမှာ သိမ်းထားတယ်လို့ ပြောတယ်။
ဧရာဝတီ-ရခိုင် အစပ်တွင် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲ
ရခိုင်နှင့် အစပ် ဧရာဝတီတိုင်းထဲက ဘောမိနှင့် ရွှေသောင်ယံမြို့နယ်ခွဲ တကြောရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေဖြစ်ပြီး ဒေသခံပြည်သူများမှာ စစ်ရှောင်နေရကြောင်း ပုသိမ် သတင်းရင်းမြစ်များက ပြောသည်။ မကျီးဇင်ကို သိမ်းပြီးနောက် ဘောမိက တပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်း PDF တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်ပြီဟု သတင်း ထွက်ပေါ်နေသော်လည်း Western News အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ရွှေသောင်ယံ သတင်းရင်းမြစ်တစ်ဦးက “ဘောမိဘက်မှာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ သာပေါင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ပြီးခဲ့တဲ့အပတ်က တိမ်းရှောင်သွားကြတဲ့ ရွှေသောင်ယံက မြို့ခံတွေ ပြန်လည်ဝင်ရောက်နေပြီလို့ သိရပါတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA သည် ရခိုင်အဆုံးမြို့ ဂွမြို့ကို
စစ်တွေမြို့ စစ်ကောင်စီ တပ်စခန်းများက ၂ ရက်အတွင်း လက်နက်ကြီးအလုံး ၇၀ ကျော် ပစ်ခတ်
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်ပြည် စစ်တွေမြို့ပေါ်က လက်နက်ကြီးများအပါအဝင် အတွဲလိုက်ဒုံးများဖြင့် AA ထိန်းချုပ်နေရာများသို့ ၂ ရက်အတွင်း အလုံးအရေ ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲ၊ နွားများ တိရစ္ဆာန် အကောင်အရေအတွက် ၂၀ ကျော် သေဆုံးသွားကာ လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ ၁၆၊ ၁၇ ရက်နေ့အတွင်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှု စစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး
စစ်တွေကုလားတန်စီမံကိန်း သို့ အိန္ဒိယသံအမတ်ကြီးသွားရောက်ပြီး စစ်ကောင်စီနှင့် ဆွေးနွေး
ရခိုင်ပြည်အတွင်းက စစ်ကောင်စီ သိမ်းပိုက်ထားသော မြို့တစ်မြို့ ဖြစ်သော စစ်တွေမြို့က ကုလားတန်စီမံကိန်း ကို အိန္ဒိယသံအမတ်ကြီးသွားရောက်ပြီး စစ်ကောင်စီခန့်က ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ စစ်တွေမြို့ က ကုလားတန်ဆိပ်ကမ်း စီမံကိန်းကို အိန္ဒိယသံအမတ်ကြီး Abhay Thakur ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွေက သွားရောက်ခဲ့ပြီး ဦးထိန်လင်းနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယနေ့တွင် ထုတ်ပြန်သည်။ “လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းအဖြစ် သံအမတ်ကြီး Abhay Thakur သည် စစ်တွေမြို့ ကုလားတန်ဆိပ်ကမ်း စီမံကိန်းသို့ သွားရောက်ခဲ့ကြောင်း” အိန္ဒိယ သံရုံးဖက်က ထုတ်ပြန်ပြောဆိုသည်။ သံအမတ်ကြီး Abhay