မလေးရှားတွင် ယခုရက်ပိုင်းတွင် မြန်မာရာနှင့်ချီ ဖမ်းဆီးခံရ၊ အသွားအလာ ဆင်ခြင်ကြဖို့ ပြော
စီးပွားရေး သတင်း အလုပ်သမားသတင်း
1 min read
0

မလေးရှားတွင် ယခုရက်ပိုင်းတွင် မြန်မာရာနှင့်ချီ ဖမ်းဆီးခံရ၊ အသွားအလာ ဆင်ခြင်ကြဖို့ ပြော

ဇန်နဝါရီ ၂၆ - ၂၀၂၅
0

မလေးရှားနိုင်ငံတွင် ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားများ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများ ရာနှင့်ချီ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသား ဆိုင်များကိုလည်း ဝင်ရောက် ပိတ်သိမ်းခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ဂျလန်အာလောနှင့် ဘူကစ်ဘင်တန်း၊ ပီနန်း ကောင်တာ၊ ပါဟန်းပြည်နယ်၊ ကွမ်တန်း၊ ဆလန်ဂေါပြည်နယ်၊ ပီဂျေ ကိုတာ ဒမန်ဆာရာ ဧရိယာတစ်ဝိုက်တွင်နှင့် ရှားလန်း ဆက်ရှင်-၁၅ တို့တွင် ဖမ်းဆီးခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံ တရန်ဂန်နျူးပြည်နယ်တွင် မြန်မာနိုင်ငံသားအပါအဝင် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ခွင်များအား ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ကွာလာလမ်ပူ

Continue Reading