ဒေါ်နယ်ထရမ့်ပ်၏ လူမှုကွန်ရက်များကို ပိတ်ခဲ့သည့် Meta ကုမ္ပဏီ ဒေါ်လာ ၂၅ သန်း ပေးဆောင်ရမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လူမှုကွန်ရက်အကောင့်များကို ပိတ်ပင်ခဲ့သည့် ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပိုင်ရှင် Meta ကုမ္ပဏီက ဒေါ်လာ ၂၅ သန်း ပေးလျော်ရမည်ဟု Wall Street Journal က ဖော်ပြသည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်အဆောက်အဦး ဆူပူသောင်းကျန်းမှုအပြီး Meta ကုမ္ပဏီက Facebook နှင့် Instagram တို့တွင် ဒေါ်နယ်ထရမ့်၏ အကောင့်စာမျက်နှာများကို ပိတ်ပင်ခဲ့သည်။ ထိုပိတ်ပင်ခြင်းနှင့် ပတ်သက်၍ Meta ကုမ္ပဏီ နှင့် ဒေါ်နယ်ထရမ့်ပ်တို့၏ ကျေအေးမှု သဘောတူညီချက်အရ Meta က သမ္မတ ဒေါ်နယ်ထရမ့်အား ဒေါ်လာ ၂၅ သန်း ပေးဆောင်ရခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ ၂၅
အမေရိကန်အကူအညီဖြင့် ဒုက္ခသည်များအား ဆေးကုပေးနေသော ထိုင်းက ဆေးရုံဆေးခန်းများ ပိတ်သိမ်းခံရ
အမေရိကန်ထောက်ပံ့မှုများဖြင့် လည်ပတ်နေသော မြန်မာဒုက္ခသည် သောင်းနှင့်ချီကို ဆေးကုပေးနေသည့် ထိုင်းနိုင်ငံအတွင်းက ဆေးရုံဆေးခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့၏ ရက် ၉၀ မူဝါဒကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်သောင်းနှင့်ချီကို ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရပ်နားခံလိုက်ရခြင်းဖြစ်သည်။ ထိုင်းတာဝန်ရှိသူများသည် အမေရိကန်အကူအညီဖြင့် လည်ပတ်နေသော နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) ၏ ဆေးရုံဆေးခန်းများသို့ ရောက်ရှိလာပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြီးပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ IRC ကို မီဒီယာများက မှတ်ချက်ပေးရန် မေးမြန်းရာတွင် ပြန်လည်တုန့်ပြန်ခြင်းမရှိပေ။ ဒေါ်နယ်ထရမ့် သည် ၎င်း၏ “America First”
ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ဘက်ကို ဆေးဝါးနှင့် စားသောက်ကုန်များ မပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယ်ရီမောင်းသူများကို ဖိအားပေးနေ
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က ဆိုင်ကယ် ကယ်ရီမောင်းသူများကို ရခိုင်ဘက်သို့ ဆေးဝါးနှင့် စာားသောက်ကုန်များ မပို့ဆောင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းဖိအားပေးနေကြောင်း သိရသည်။ “ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့တို့ကနေ ရခိုင် ဂွမြို့သို့ ဆိုင်ကယ်တွေနဲ့ ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးတွေကို မပို့ဆောင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကယ်ရီသမားတွေကို ခေါ်ပြီး ဖိအားပေးနေတယ်။ လက်မှတ်လည်း အတင်းထိုးခိုင်းတယ်” ဟု ကယ်ရီမောင်းသူအချို့က ပြောသည်။ အကယ်၍ ပို့ဆောင်ပေးသူများရှိပါက သို့မဟုတ် ပို့ဆောင်ရန် လာရောက်ငှားရမ်းသူများကို ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားရမည်ဟု ဆိုင်ကယ် ကယ်ရီသမားများအား ငါးသိုင်းချောင်းမြို့မရဲစခန်းမှူး တင်လင်းထွဋ်က ညွှန်ကြားထားကြောင်း သိရသည်။ သတင်းပို့ပါမည်ဟုလည်း ကယ်ရီသမားများအားလုံးမှာ ရဲစခန်း၌ ခံဝန်လက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း သိရသည်။ ကယ်ရီသမားတစ်ဦးက “ဆိုင်ကယ်
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ တစ်လအတွင်း ၉၂ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ တစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၂ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၉၆ ဦးထက်မနည်းရှိကြောင်း Western News ၏ မှတ်တမ်းစုစည်းချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်နေ့တွင် အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးနောက် ဒီဇင်ဘာလ ၃၀ ရက်နေ့ကစ၍ ရခိုင်ပြည်မှ မြို့နယ်များမှာ ဗုံးဆက်တိုက်ကြဲခံရပြီး တစ်လအတွင်းမှာ ၁၀၀ နီးပါးအထိကို
AA ကို ပြန်တိုက်ခိုက်ရန် ပဲခူးတိုင်းတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ
ရခိုင်ပြည်နှင့် ပဲခူးတိုင်းအစပ်က အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို ပြန်လည်ခုခံတိုက်ခိုက်ရန် သာယာဝတီခရိုင်ထဲက ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေသည်ဟု စုံစမ်း သိရသည်။ ပန်းတောင်းမြို့နယ်နှင့် ထိစပ်နေသော ရခိုင်ရိုးပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်။ “စစ်ကောင်စီဟာ ပြည်မြို့နဲ့ ဥသျှစ်ပင်ဘက်ကနေ အင်အား ၁၀၀၀ ခန့်ပါတဲ့ စစ်ကောင်စီ ၂၅ စီးကို ပန်းတောင်းမြို့နယ်ဘက်ကို အင်အားဖြည့် ပို့ထားသလို သာယာဝတီခရိုင်ထဲမှာလည်း ပျူစောထီးတွေကို လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ စစ်ကောင်စီရဲ့ အင်အားဖြည့်တာမှာ အမြောက်တပ်၊ ကွန်မန်ဒိုတပ်လည်း ပါပါတယ်။ ရခိုင်ရိုးပေါ်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ
AA ကို ကန့်ကွက်ကြောင်း စစ်ကောင်စီဘက်တော်သား အဖွဲ့အစည်းများ ထုတ်ပြန်
အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သား အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများက အာရက္ခတပ်တော် AA ကို ကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အသီးသီးထုတ်ပြန်ထားကြသည်။ နိုင်ငံတစ်ဝှမ်းအကြမ်းဖက်မှုကို နေ့စဉ်ကျူးလွန်နေသည့် စစ်အုပ်စုအား တော်လှန်တိုက်ခိုက်နေသည့် AA ကို အရပ်ဘက်အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်း ၂၀ ကျော်က ကန့်ကွက်စာ ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါ အဖွဲ့အစည်းများ၏ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည့် အကြောင်းအရာများမှာ တူညီနေကြပြီး သေချာဆန်းစစ်ခြင်းမရှိသော သတင်းကို မျှဝေနေကြသည်။ အာရက္ခတပ်တော် AA သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီး မြေကျင်းတူးကာ သတ်ဖြတ်ခြင်း၊ တပ်မိသားစုဝင်များနှင့် ကလေးငယ်များအား လိုက်ပါလာသော သင်္ဘောအား နစ်မြှုပ်စေခြင်းနှင့် အဆိုပါလုပ်ရပ်များကို အွန်လိုင်းပေါ် မျှဝေနေသည်ဟုဆိုကာ စစ်ကောင်စီဘက်တော်သား