စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး
မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်း စစ်အုပ်ချုပ်ရေးကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။ အာဏာသိမ်း ကာလ ၄ နှစ်ပြည့်ပြီးနောက်မှာ ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရန် လက်ရှိ နိုင်ငံတော်၏အခြေအနေများမှာ တည်ငြိမ်ရန် လိုအပ်နေသည့်အတွက်ဟု အကြောင်းပြသည်။ စစ်အုပ်ချုပ်ရေးကို ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ပြီး အာဏာအား မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းထားကြောင်း အမျိုးသားကာကွယ်ရေးနှ င့်လုံခြုံရေးကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က
ထိုင်းနိုင်ငံမှာ ၃ ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၃၃၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃ ရက်အတွင်း ၃၃၄ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ ဇန်နဝါရီလ ၂၉ ရက် နံနက် ၁ နာရီက ၂၁ ဦး၊ နံနက် ၅ နာရီက ၁၁၈ ဦးနှင့် ညနေ ၁၀ နာရီတွင် ၂၆ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။ ဆက်လက်ပြီး ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း ထရပ်ကားအတွင်း ခိုးဝှက်လိုက်လာသော မြန်မာနိုင်ငံသား ၁၆၉ ဦး ထပ်မံဖမ်းဆီးခံရသည်။ ၂၁ ဦးကို ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ဖုတ်ဖရမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား