စရဖ ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရမှုတွင် မိဘများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား
စစ်ရေး သတင်း
1 min read
0

စရဖ ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရမှုတွင် မိဘများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား

ဇန်နဝါရီ ၆ - ၂၀၂၅
0

စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရမှုတွင် အာဏာသိမ်း စစ်ကောင်စီသည် အမှုနှင့်သက်ဆိုင်ခြင်းမရှိသော မိဘများကိုပါ ဖမ်းဆီးထားသည်။ ဇေယျာမင်းကို Together Urban Force က ပစ်ခတ်တိုက်ခိုက်သည်ဟုဆိုကာ ပြောက်ကျားတပ်ဖွဲ့ဝင်အပါအဝင် ၇ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၅ တွင် ထုတ်ပြန်ထားသည်။ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ မိဘများဖြစ်သည့် ဦးသန်းအောင်၊ ဒေါ်ချိုမာလွင်တို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်း၊ ရတနာသိင်္ခဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ စူပါပါဝါကိုမွန်လေး ကားဆေးဘော်ဒီရုံ၌ ဒီတိုနီတာ ၅၀၀ ချောင်း၊ ယမ်းကြိုး (၂၀၀ ပေ)

Continue Reading
မွတ်ဆလင်ဒုက္ခသည်များကို AA က စားနပ်ရိက္ခာထောက်ပံ့
ဒုက္ခသည်အရေး သတင်း
1 min read
0

မွတ်ဆလင်ဒုက္ခသည်များကို AA က စားနပ်ရိက္ခာထောက်ပံ့

ဇန်နဝါရီ ၆ - ၂၀၂၅
0

ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်များကို အာရက္ခတပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၄ ရက်နေ့က အနောက်ရဲမွတ်ဆလင်ဒုက္ခသည်များကို ULA/AA ၏ ဒေသခံဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ယနေ့ ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ အနောက်ရဲဒုက္ခသည်စခန်းက စားနပ်ရိက္ခာအထောက်အပံ့ အဓိက လိုအပ်နေသော အိမ်ထောင်စု ၁၄၀ စုကို ရွေးချယ်ပြီး ကနဦး ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ဆိုသည်။ ပေါက်တောမြို့နယ်တွင် အနောက်ရဲစခန်းအပါအဝင် မွတ်ဆလင်ဒုက္ခသည်စခန်း

Continue Reading
စစ်ကောင်စီ အင်အား ၅၀ ပါ ကားနှစ်စီးကို CDF အရှိုတပ်တိုက်ခိုက်၊ အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ အင်အား ၅၀ ပါ ကားနှစ်စီးကို CDF အရှိုတပ်တိုက်ခိုက်၊ အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိ

ဇန်နဝါရီ ၆ - ၂၀၂၅
0

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ ဖမ်းရမိပြီး စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Chin Defence Force -Asho တပ်ဖွဲ့မှ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းနယ်ကြား ရခိုင်ရိုးမပေါ်ရှိ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာတို့အနီးရှိ စစ်တပ်စခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်နက်ငယ် ၉ လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ

Continue Reading
မကွေးတိုင်း နတ်ရေကန် စစ်ကောင်စီ လှည့်ကင်းကို PRA ခြုံခိုတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

မကွေးတိုင်း နတ်ရေကန် စစ်ကောင်စီ လှည့်ကင်းကို PRA ခြုံခိုတိုက်ခိုက်

ဇန်နဝါရီ ၄ - ၂၀၂၅
0

(၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရာရရှိ) မကွေးတိုင်း ငဖဲမြို့နယ် မျော်စင်ကျေးရွာ အနောက်ဘက် မီတာ ၂၀၀ အကွာရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် လှည့်ကင်းထွက်လာသော စစ်ကောင်စီ အင်အား ၆ ဦးကို တော်လှန်ရေးတပ် PRA က ခြုံခိုတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၃ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီ လှည့်ကင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း PRA က ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်လာသည်။ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အထိအခိုက်မရှိဘဲ PRA

Continue Reading
မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များ ထိုးစစ်ဆင်တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များ ထိုးစစ်ဆင်တိုက်ခိုက်နေ

ဇန်နဝါရီ ၄ - ၂၀၂၅
0

မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ရခိုင်ရိုးမတောင်တန်းပေါ်က အာဏာသိမ်း စစ်ကောင်စီ စစ်စခန်းများ၊ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA နှင့် ဒေသခံ PDF တပ်ဖွဲ့များ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ မိတ်သလင် ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး AA နှင့် နယ်မြေခံ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ပူးပေါင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မိတ်သလင် ကာကင်းစခန်းကို AA, ဧရာဝတီ PDF အဖွဲ့ပေါင်းစုံက တိုက်ခိုက်နေတယ်။ ရခိုင်ရိုးမပေါ်မှာပဲ ဧရာဝတီနဲ့ ရခိုင်အစပ်မှာ ရှိတာပါ။ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ သိပ်မဝေးဘူး။

Continue Reading
နိုင်ငံခြားသားအပါအဝင် အကျဉ်းသား/အကျဉ်းသူ ၆၀၀၀ ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး
နိုင်ငံရေး သတင်း
0 min read
0

နိုင်ငံခြားသားအပါအဝင် အကျဉ်းသား/အကျဉ်းသူ ၆၀၀၀ ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး

ဇန်နဝါရီ ၄ - ၂၀၂၅
1

ယနေ့ ကျရောက်သည့် မြန်မာ့လွတ်လပ်ရေးနေ့တွင် အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ၊ ဒီမိုကရေစီအင်အားစုများအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရသည်။ ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်လျော့ပေါ့ပြီး ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲလိုက်သည်။ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။ ထို့ပြင် လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုများအပ ကျန် ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူအားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ

Continue Reading
ရခိုင်တိုက်ပွဲမှာ သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးနှင့် ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို စစ်ကောင်စီက ရာထူးတိုးမြှင့်ကာ သူရဲကောင်းဘွဲ့ပေး
စစ်ရေး သတင်း
1 min read
0

ရခိုင်တိုက်ပွဲမှာ သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးနှင့် ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို စစ်ကောင်စီက ရာထူးတိုးမြှင့်ကာ သူရဲကောင်းဘွဲ့ပေး

ဇန်နဝါရီ ၄ - ၂၀၂၅
0

ရခိုင်ပြည် မောင်တောတိုက်ပွဲနှင့် အမ်းမြို့တိုက်ပွဲတွင် သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးနှင့် ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရာထူးတစ်ဆင့်တိုးမြှင့်ပေးကာ သူရဲကောင်းဘွဲ့ကို ပေးအပ်ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းတွင် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မင်းအောင်လှိုင်က စစ်တပ်နှင့်ရဲဘက်မှ အရာရှိ ၉ ဦးကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(သူရဲကောင်းဘွဲ့) ပေးအပ်ခဲ့ရာတွင် ရခိုင်တိုက်ပွဲ သေဆုံးခဲ့သော အရာရှိကြီး ၂ ဦးကို ရာထူးတစ်ဆင့်တိုးဖြင့် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ် ပေးအပ်ထားခြင်းဖြစ်သည်။ ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ တိုက်ပွဲတွင် မိုင်းနင်းမိ၍ သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးကို

Continue Reading
ရခိုင် သိမ်းပိုက်ဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းကို AA ထိန်းချုပ်ထား
စစ်ရေး သတင်း
1 min read
0

ရခိုင် သိမ်းပိုက်ဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းကို AA ထိန်းချုပ်ထား

ဇန်နဝါရီ ၃ - ၂၀၂၅
0

ရခိုင်ပြည်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း လုံးဝပြတ်တောက်သွားသည်မှာ နှစ်လခန့်ကြာမြင့်လာပြီး သိမ်းပိုက်ထားသော ဒေသများတွင် လုံခြုံရေးအခြေအနေများကြောင့် အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များ အားလုံးနီးပါးတွင် အင်တာနက်၊ ဖုန်းလိုင်းများ ပြတ်တောက်နေသည်။ AA ထိန်းချုပ်သိမ်းပိုက်ဒေသများတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကစ၍ ဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝပြတ်တောက်သွားပြီး ယနေ့အချိန်အထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း စုံစမ်း သိရှိရသည်။ မင်းပြားဒေသခံတစ်ဦးက “ဖုန်းလိုင်း၊ အင်တာနက် မရတာက ကြာပါပြီ။

Continue Reading
ပြည်ပနိုင်ငံများနှင့် တိုင်းရင်းသားလက်နက်ကိုင် ဒေသများသို့ ရောက်ရှိတိမ်းရှောင်နေသူများကို စစ်ကောင်စီ ပြန်ခေါ်
နိုင်ငံရေး သတင်း
1 min read
0

ပြည်ပနိုင်ငံများနှင့် တိုင်းရင်းသားလက်နက်ကိုင် ဒေသများသို့ ရောက်ရှိတိမ်းရှောင်နေသူများကို စစ်ကောင်စီ ပြန်ခေါ်

ဇန်နဝါရီ ၃ - ၂၀၂၅
0

မြန်မာစစ်တပ်က စစ်အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒေသများနှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ တိမ်းရှောင်နေကြသော ပြည်သူလူထုများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ကြောင်း စစ်ကောင်စီက ခေါ်ယူနေသည်။ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီက EAO နှင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများအားလုံးကို မြန်မာနိုင်ငံသို့ ပြန်လာနိုင်ကြောင်း ခေါ်ယူနေခြင်းဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားများမှာ EAO များတည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်သွားကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ NLD ပါတီဝင်များ ထောက်ခံသူများ၊ CRPH နှင့် NUG တို့အပါအဝင် ပြည်တွင်း၊ ပြည်ပမှ

Continue Reading
ရခိုင်မှာ ကွမ်းသီးများ ဈေးကောင်းရနေ
စီးပွားရေး သတင်း
0 min read
0

ရခိုင်မှာ ကွမ်းသီးများ ဈေးကောင်းရနေ

ဇန်နဝါရီ ၃ - ၂၀၂၅
1

ရခိုင်မှာ ယခုနှစ်အတွင်း ကွမ်းသီးများစျေးကောင်းရရှိနေကြောင်း ကွမ်းသီးစိုက်ပျိုးသူများထံမှ သိရသည်။ ယခုနှစ် ကွမ်းသီးတစ်မောင်း(၂၅ ပိဿာ) ကို ကျပ် ၂၅၀၀၀၀ ခန့် စျေးရှိနေပြီး ပြီးခဲ့သည့်နှစ်ကထက် ၅ ဆခန့်စျေးပိုရနေခြင်းဖြစ်သည်ဟု ကွမ်းသီးခြံစိုက်ပျိုးသူတစ်ဦးက ပြောသည်။ “ဒီနှစ် တစ်မောင်းကို ကျပ် ၂၅၀၀၀၀ လောက်ရနေပါတယ်။ အရင်နှစ်ကတော့ ၅ သောင်းလောက်ပဲရခဲ့တယ်။ စျေးကောင်းနေတော့ အဆင်ပြေတာပေါ့လေ” ဟု ပြောသည်။ ပြီးခဲ့သည့်နှစ်များက ကွမ်းသီးစျေးနှုန်းမှာလည်း တစ်မောင်း(၂၅ ပိဿာ) ကို ကျပ် ၅ သောင်းမှ ၁ သိန်းခန့်အထိသာ အများဆုံးရရှိကြကာ ယခုနှစ်အတွင်းတွင်မူ စျေးအများဆုံးရရှိနေခြင်းဖြစ်သည်။ ကွမ်းသီးစျေးကောင်းရနေခြင်းမှာ ကွမ်းသီးအထွက်နှုန်းကျဆင်းမှုကြောင့်လည်းဖြစ်သည်ဟု ကွမ်းသီးခြံစိုက်ပျိုးသူများကဆိုကြသည်။ “မိုခါမုန်တိုင်း နောက်ပိုင်း အထွက်နှုန်းတွေက အရင်လိုမကောင်းတော့ဘူး။

Continue Reading