နိုင်ငံရေးအရ ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း စစ်ကောင်စီက ရခိုင်ကို နေ့စဉ် ဗုံးကြဲနေ
(စစ်ကောင်စီ ဗုံးကြဲ၍ မြေပုံနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သား ထိခိုက်သေဆုံးမှုရှိ) အာရက္ခတပ်တော် AA သည် နိုင်ငံရေးအရ ဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်ထဲက မြို့နယ်များကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီကျော်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က ဆေးရုံနှင့် စာသင်ကျောင်းတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ “စစ်ကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ကမ်းထောင်းကြီးဆေးရုံနဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်သေဆုံးသွားပါတယ်။ ဆေးရုံနဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားပါတယ်” ဟု မြေပုံမြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသူ
စစ်ကောင်စီနှင့် AA ငြိမ်းချမ်းရေးဆွေးနွေးခြင်းမရှိဟုဆို၊ ရခိုင်မှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်
အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့သည် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ထုတ်ပြန်ချက်ထုတ် ပြောဆိုထားကြသော်လည်း မြေပြင်တွင် အမှန်တကယ် ငြိမ်းချမ်းရေးစကားပြောခြင်းမရှိသေးကြောင်း AA နှင့်နီးစပ်သူများက ပြောဆိုကြသည်။ “ငြိမ်းချမ်းရေး ကိစ္စတွေ စကားပြောကြတာ မရှိသေးဘူး။ ထုတ်ပြန်ချက်တွေနဲ့ အပြောပဲ ရှိကြသေးတယ်။ ထုတ်ပြန်ချက်တွေကလည်း စကားဝိုင်းကို ရောက်လောက်အောင်ထိလည်း အားမကောင်းကြဘူး။ အဖြစ်သဘောလောက်ပဲ ထင်တယ်။ မြေပြင်အနေအထားမှာလည်း နှစ်ဖက်အပြန်အလှန် အပေးအယူတွေနဲ့ စကားပြောတာမရှိကြဘူး” ဟု ပြောသည်။ အာဏာသိမ်းသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မိန့်ခွန်းတိုင်း၊ ထုတ်ပြန်တိုင်းတွင် တော်လှန်ရေးလက်နက်ကိုင်များအပေါ် ငြိမ်းချမ်းရေးစကားပြောရန် ကမ်းလှမ်းထားခဲ့သည်။ အာရက္ခတပ်တော် AA ကလည်း အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့်
တောင်ကုတ် ရိုးပေါ်မှာ စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွား
ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် တစ်ခုတည်းကျန်ရှိနေသေးသော ရခိုင်ရိုးမတောင်ပေါ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးစစ်စခန်းအား အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ တောင်ကုတ်တစ်မြို့လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ပြည်မြို့ ဥသျှစ်ပင်အနီးက တောင်ပုံကြီးစစ်စခန်းကို တိုက်ခိုက်နေပြီး ယမန်နေ့ ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “ကျနော်ကြားတာက မနေ့က မနက်ပိုင်းမှာ တိုက်ပွဲ တော်တော် ပြင်းတယ်ပြောတယ်။ တောင်ကုတ်မှာက ဒီ တောင်ပုံကြီး စစ်စခန်းတစ်ခုပဲ ကျန်တော့တယ်။ တောင်ကုတ်-ပတောင်းရိုးလမ်းပေါ်မှာပေါ့။ အနီးအနားက စွပ်ပျက်၊ သပြေ၊ မိုက်ကရို စတဲ့ အဲဒီရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့
ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေးနှင့် စစ်ပွဲများရပ်တန့်ရေး သဘောတူညီချက် ၇ ချက်ရရှိ
နိုင်ငံရေးပါတီများကလွဲပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုများ ငွေဆောင်မှာ မြန်မာနိုင်ငံရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ရာ အချက် ၇ ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ထိုဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နိုင်ငံရေးသမား ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးက Mizzima နှင့် မေးမြန်းခန်းတစ်ခုတွင် ပြောဆိုခဲ့သည်။ မည်သည့်ရက်၊ မည်သည့်လတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို ဦးမြအေးက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သော်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းက ဆွေးနွေးခဲ့ကြကြောင်း ခန့်မှန်းရသည်။ “ဘယ်သူပါလဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ ပါပါတယ်။ ဆိုလိုချင်တာက နိုင်ငံရေးပါတီတချို့ကလွဲလို့ပေါ့နော်။ နိုင်ငံရေးပါတီများက လွဲလို့ပေါ့။ နိုင်ငံရေးမှာ စဥ်ဆက်မပြတ် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ ရင့်တဲ့ နိုင်ငံရေးသမားတွေ ပါပါတယ်။ ကျန်တဲ့ ကျနော်တို့ ၉၆, ၉၈
မြန်မာ့လူဦးရေ ရှေ့ပြေးစာရင်း ၅၁ ဒသမ ၃ သန်းကျော်ရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်
၁၀ နှစ်တစ်ကြိမ်စီ ကောက်ခံလေ့ရှိသည့် မြန်မာ့လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက ကောက်ခံခဲ့ပြီး ရှေးပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းတွက်ချက်မှုအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ ဒသမ ၃ သန်းကျော်ရှိပြီး လွန်ခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ်လျော့နည်းနေသည်ဟု စစ်ကောင်စီက ဆိုသည်။ လူဦးရေပြောင်းလဲခြင်းသည် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းခြင်းဆိုသည့် အကြောင်းရင်း(၃)ရပ်ကြောင့် ဖြစ်သည့်အတွက် ပင်မအစီရင်ခံစာထုတ်ပြန်ချိန်တွင် အကြောင်းရင်းကို လေ့လာဖော်ထုတ်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ
၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော
ယခုနှစ် ၂၀၂၅ နှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်များ ထားရှိထားပြီး ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF က ယနေ့ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂ နှစ်ခန့်ကပင် အညာဒေသနှင့် မြေလတ်ဒေသတွင် စစ်ဒေသများထားရှိကာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်များကို ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF က ပြောသည်။ ယခု၂၀၂၅ ခုနှစ် သည် တောင်တန်းဒေသမှသည် မြေပြန့်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမည့် နှစ်တစ်နှစ်ဟု SAF က ယုံကြည်ထားကြောင်း ထုတ်ပြန်သည်။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထံမှ သင်ယူဆည်ပူးအတွေ့အကြုံယူရရှိခဲ့သည့် လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊
ရခိုင်တွင် ယခုနှစ်ဆောင်းသီးနှံများ စျေးကောင်းရနေ
ရခိုင်တွင် ယခု ၂၀၂၄ ခုနှစ်စိုက်ပျိုးသည့် ဆောင်းသီးနှံများမှာ စျေးကောင်းရရှိနေကြောင်း ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။ ယခုနှစ် ဆောင်းသီးနှံများမှာ ယခင်နှစ်များထက် အနည်းငယ်ခန့်စျေးပိုရနေပြီး တချို့သီးနှံများဆိုလျှင် ယခင်နှစ်များထက် ၂ ဆခန့် စျေးပိုရနေခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ်မှ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။ “ဒီနှစ်တော့ သီးနှံတွေနည်းနည်းစျေးကောင်းရနေပါတယ်။ တချို့သီးနှံတွေက စျေးနည်းနည်းပဲပိုတယ်။ တချို့ကျတော့ ၂ ဆ၊ ၂ ဆ ကျော်လောက်စျေးပိုရနေတာတွေရှိတယ်။ အဓိက ငရုတ်ဟာ ဒီနှစ်စျေးကောင်းအရဆုံးဖြစ်နေတယ်” ဟုပြောသည်။ ဆောင်းသီးနှံများ ပြီးခဲ့သည့်နှစ်များက ၂၅၀၀ ကျပ်သာရှိခဲ့သည့် ရိုးရိုးငရုတ်သီး ၁ ပိဿကို လက်ရှိ ၁၀၀၀၀ ကျပ်၊ ကျပ် ၁ သောင်းဝန်းကျင်သာရှိခဲ့သည့် ကျောက်စိမ်းငရုတ်သီး ၁
အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေကြောင်း မင်းအောင်လှိုင်ပြော
အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်သစ်ကူး မိန်းခွန်းတွင် ပြောသည်။ တိုင်းရင်းသား ခေါင်းဆောင်အချို့သည် ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေသော်လည်း ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုထားကြသည်ဟု မင်းအောင်လှိုင်က ဆိုသည်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးအတွက် မျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်ကြောင်း ပြောသည်။ “ဒီလိုဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့လမ်းကြောင်း မတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာကိုလည်း ဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင် အဖွဲ့များကို