အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defense Force – Asho တပ်ဖွဲ့မှ ယနေ့ ဇန်နဝါ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF Asho) မှ အမ်း – ပဒါန်း လမ်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိ သူ ဆလိုင်းရိုချင်း က ပြောသည်။ MA-1 အမျိုးအစား
ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲမှ သေဆုံးအလောင်းများကို စစ်ကောင်စီက ရွှေမြင်တင်မှာ သင်္ဂြိုလ်နေ
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းအစပ် ဒေသများမှ တိုက်ပွဲများတွင် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည့် တပ်သားရုပ်အလောင်းများကို ရွှေမြင်တင် မီးသင်္ဂြိုလ်စက်မှာ စစ်ကောင်စီက သင်္ဂြိုလ်ပေးနေကြောင်း သိရသည်။ ရခိုင်-ဧရာဝတီအစပ် မကျီးဇင်ဒေသ၊ ဘောမိဒေသနှင့် ရွှေသောင်ယံကမ်းခြေအနီးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်နှင့် စစ်ကောင်စီပ်တို့ကြား တိုက်ပွဲများ ပြင်ထန်လျက်ရှိပြီး ရေကြည်မြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်နေကြသည်။ ဇန်နဝါရီလ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ရွှေမြင်တင်မီးသင်္ဂြိုလ်စက်သို့ တပ်သားအလောင်းများတင်ဆောင်ကာ စစ်ကောင်စီ စစ်ကားအပါအဝင် ကား ၅ စီးခန့် ရောက်ရှိလာကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ “ပုသိမ်မြို့နယ် နတ-မဆရ (၄) မှာ ဧရာဝတီ-ရခိုင်အစပ် စစ်မြေပြင်က ဒဏ်ရာရ ဆေးကုနေကြတဲ့ စခ
မလေးရှားတွင် ယခုရက်ပိုင်းတွင် မြန်မာရာနှင့်ချီ ဖမ်းဆီးခံရ၊ အသွားအလာ ဆင်ခြင်ကြဖို့ ပြော
မလေးရှားနိုင်ငံတွင် ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားများ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများ ရာနှင့်ချီ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသား ဆိုင်များကိုလည်း ဝင်ရောက် ပိတ်သိမ်းခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ဂျလန်အာလောနှင့် ဘူကစ်ဘင်တန်း၊ ပီနန်း ကောင်တာ၊ ပါဟန်းပြည်နယ်၊ ကွမ်တန်း၊ ဆလန်ဂေါပြည်နယ်၊ ပီဂျေ ကိုတာ ဒမန်ဆာရာ ဧရိယာတစ်ဝိုက်တွင်နှင့် ရှားလန်း ဆက်ရှင်-၁၅ တို့တွင် ဖမ်းဆီးခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံ တရန်ဂန်နျူးပြည်နယ်တွင် မြန်မာနိုင်ငံသားအပါအဝင် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ခွင်များအား ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ကွာလာလမ်ပူ
မြောက်ဦးတွင် HIV ပိုးရှိသည်ဟုဆိုကာ သားမိ ၂ ဦး ရွာပြင်ထုတ်ခံရ
ရခိုင်ပြည် မြောက်ဦးမြို့နယ်က သားမိနှစ်ဦးကို HIV ပိုးရှိသည်ဟုဆိုကာ ကျေးရွာသားများက ကျေးရွာအတွင်း နေထိုင်းခြင်း လုံးဝခွင့်မပြုဘဲ ကျေးရွာသားများမှ ရွာပြင်ထုတ်ထားကြောင်း Western News မှ စုံစမ်း သိရှိရသည်။ HIV ပိုး ကူးစက်ခံထားရသည်ဟုဆိုကာ ရွာအပြင်ထုတ်ခံထားရသည့် သားမိနှစ်ဦးကို Western News သတင်းဌာနက မေးမြန်းခွင့် ရရှိခဲ့ပြီး သားမိနှစ်ဦး၏ ကျန်းမာရေးအခြေအနေကိုလည်း သိရှိခွင့် ရရှိခဲ့သည်။ သားမိနှစ်ဦးစလုံးမှာ ရွာပြင်သို့ နှင်ထုတ်ခံထားရသည်မှာ သီတင်းတစ်ပတ်ခန့်ကြာ ရှိပြီဖြစ်ပြီး ရွာသားများက HIV ပိုးကူးခံရမည်စိုး၍ နှင်ထုတ်ထားကြခြင်းဖြစ်သည်ဟု ရွာအပြင်သို့ ထုတ်ခံရသူ ကာယကံရှင် အမျိုးသမီးက ပြောသည်။ “ကျမ ယောင်္ကျားမှာက HIV ရှိတယ်။ သူ့မှာ ဒီပိုးရှိတာ
မြောက်ဦးတွင် ထင်းခွေသွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး
ရခိုင်ပြည် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က တောတောင်သို့ ထင်းခွေသွားသည့် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ထိုင်ခဲ့သော ခမရ ၃၇၈ တပ်ရင်းနှင့်နီးသည့် ကျောက်တစ်လုံးတောင်ကို ထင်းခွေသွားစဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ “ကျောက်တစ်လုံးတောင်ကို ထင်းသွားခွေတာ။ အဖော်တွေလည်းပါသွားတယ်။ သူတို့ ထင်းရောင်းစားကြတာလေ။ အဲ့နေ့မှာ မိုင်းနင်းမိပြီး ခြေနှစ်ဖက်လုံးပြတ်လာတယ်။ အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံအရောက်မှာပဲဆုံးရှာတယ်” ဟု ပြောသည်။ သေဆုံးသူအမျိုးသမီးမှာ အောင်မင်္ဂလာရပ်ကွက်ဒေသခံဖြစ်ပြီး အမည်ဖော်ပြခွင့်မရှိကြောင်း မိသားစုဝင်များက ပြောသည်။“တူမလေးဟာ လေဖြတ်နေတဲ့ လင်ယောင်္ကျားနဲ့ သားသမီးတွေကို ထင်းခွေပြီး ရှာကျွေးနေတာ။ တော်တော်လေး သနားဖို့ကောင်းပါတယ်။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဘာပြောလို့ပြောရမှန်းတောင်
ရမ်းဗြဲ ထပ်မံဗုံးကြဲခံရမှု အခြေအနေ (ဓါတ်ပုံသတင်း)
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို ဗုံးကြဲခံရ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှာ ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထောင့်ချိန်ရွာက ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောက်တို့မှာ ဗုံးသီးများကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီး အရပ်သားတစ်ဦး အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပြီးခဲ့သည် ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်းကလည်း ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရ၍ ၄၁ ဦးသေဆုံးပြီး ၂၇
စစ်မှုထမ်း အရေအတွက်တိုးမြှင့်ခေါ်ယူရေး ဒေါက်တာအေးမောင် ပါတီနှင့် နိုင်ငံရေးပါတီများက စစ်ကောင်စီကို အကြံပြုတိုက်တွန်း
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို တိုးမြှင့်ခေါ်ယူရန် ဒေါက်တာအေးမောင်ပါတီ ရခိုင့်ဦးဆောင်ပါတီ AFP အပါအဝင် နိုင်ငံရေးပါတီများအစုအဖွဲ့က အကြုံပြုတိုက်တွန်းထားကြောင်း သိရသည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီဘက်မှ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ နှစ်ဖက်စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်ဟု စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက ဖော်ပြကြသည်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နိုင်ငံတော်ရင်ခွင့်သို့ ပြန်လည်ဝင်ရောက်လာရေးကိုလည်း စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက “နိုင်ငံရေးပါတီတွေက ပြည်သူတွေဘက်က မဟုတ်တော့ဘူး။ စစ်ကောင်စီ အလိုကျ သွားနေရတဲ့
ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၃၅၂ ကျောင်းကို ပိတ်ထားရ
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းပေါင်း ၃၅၀ ကျော်ကို စတင်ပိတ်လိုက်ရကြောင်း ဘန်ကောက်ပို့စ်သတင်းက ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ဖော်ပြသည်။ ဘန်ကောက်မြို့ အာဏာပိုင်များက လေထုအရည်အသွေး စောင့်ကြည့်မှု IQAir ဖြင့် ကမ္ဘာပေါ်တွင် သတ္တမမြောက် လေထုညစ်ညမ်းမှု အများဆုံးမြို့အဖြစ် သတ်မှတ်ခံရသည်ဟု ပြောသည်။ “လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးက ခရိုင် ၃၁ ခုမှာ စာသင်ကျောင်း ၃၅၂ ကျောင်းကို ပိတ်ထားပါတယ်” ဟု အာဏာပိုင်များက ၎င်း၏တရားဝင် LINE အဖွဲ့တွင် မျှဝေထားသည့် စာတိုတစ်စောင်တွင် ပြောကြားခဲ့သည်။ လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်ရှိ စာသင်ကျောင်းပေါင်း ၂၅၀ ကျော်ကို ယမန်နေ့ကစ၍ ပိတ်ထားခဲ့ရပြီး အာဏာပိုင်များက
ရမ်းဗြဲ ကျောက်နီမော် အနီးရှိ ကျေးရွာကို စစ်ကောင်စီဗုံးကြဲ သေဆုံးမှုရှိ
ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာ ကို ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်းကနေ ထပ်မံဗုံးကြဲ၍ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက Western News ကို ပြောသည်။ ယန်နေ့ ည ၁၁ နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် နှစ်ကြိမ်တိုက်လာရောက် တိုက်ခိုက်ပြီး ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သားများ ထိခိုက် သေဆုံးခဲ့ဖြစ်ပါသည်။ ဟုံးဝကျေးရွာသားတစ်ဦးက ” ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာ ကို ဗုံးကြဲတာပါ။ ပထမတစ်လုံးကြဲတယ်။ ဒုတိယတစ်ကြိမ်လာကြဲပါတယ်။ ကျနော်တို့ သတင်းရတာ တစ်ယောက်သေတယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှုတွေက ရှိတယ် “ဟုပြောသည်။
Fortify Rights ဖော်ထုတ်သည့် စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ အာရက္ခတပ်တော် AA ဝန်ခံ
(စစ်သုံ့ပန်းများအပေါ် ကျူးလွန်ခဲ့သည့် တပ်မှူးနှင့်ပါဝင်ပတ်သက်သူများကို အရေးယူထားပြီဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ် ကွပ်မျက်ခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့ Fortify Rights မှ ဇန်နဝါရီလ ၂၃ ရက်တွင် ဖော်ထုတ်ထားသည်။ AA တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို မြေကျင်းတစ်ခုရှေ့တွင် လည်လှီးသတ်ဖြတ်ခြင်း၊ ခုတ်ထစ်ခြင်းပြုလုပ်သည့် ဗီဒီယိုဖိုင်အား လက်ခံရရှိထားသည်ဟု Fortify Rights က ဆိုသည်။ “အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးကာ စစ်ရာဇဝတ်မှုတွေ