မောင်တောက မြိုလူမျိုးများ စစ်မှုထမ်း ဖမ်းဆီးမှုကိစ္စ အာရက္ခတပ်တော် AA ဝန်ခံ
ရခိုင်ပြည် မောင်တောမြို့နယ်က မြိုလူမျိုးများကို AA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ယူသွားခြင်းအပေါ် အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဇန်နဝါရီလ ၂၃ ရက်တွင် ဟုတ်မှန်ကြောင်း ဝန်ခံပြောဆိုလိုက်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး မောင်တောမြို့နယ် ကျေးရွာ ၁၀ ရွာမှ လူပေါင်း ၉၁ ဦး အာရက္ခတပ်တော် AA က စစ်မှုထမ်းရန် ခေါ်ယူသွားသည်ဟု မိသားစုဝင်များနှင့် မြိုအချို့က Western News ကို ပြောဆိုထားသည်။ မြိုလူမျိုးများအား စစ်မှုထမ်းရန် ခေါ်ယူခြင်းရှိမရှိနှင့် ပတ်သက်၍ မီဒီယာများမေးမြန်းမှုအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယခုလိုတုန့်ပြန် ပြောဆိုထားသည်။ “ဘူးသီးတောင်၊
AA ကို တိုက်ခိုက်ရန် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်း
ရခိုင်ပြည်ကို ထိန်းချုပ်သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံထားရသည့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းထားကြောင်း သိရသည်။ AA ထိန်းချုပ်သိမ်းပိုက်ထားသည့် ဘူးသီးတောင်၊ မောင်တောဒေသကို ရယူနိုင်ရေးအတွက် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့သည် Four Brothers Alliance (All Rohingya Army) ဖွဲ့စည်းထားသည်ဟု ၎င်း၏ ထုတ်ပြန်ရေးစာမျက်နှာများမှ ကြေညာထားကြသည်။ စုပေါင်းထားသော မွတ်ဆလင်များ၏ လက်နက်ကိုင်အဖွဲ့အစည်းများမှာ Rohingya Solidarity Organisation (RSO), Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA)
PRA မကွေးတပ်က စစ်ကောင်စီ တင့်ကား ၄ စီးကို တိုက်ခိုက်၊ တစ်စီးပျက်စီးသွား
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်က ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီတင့်ကား ၄ စီးကို တိုက်ခိုက်ခဲ့ပြီး တစ်စီးမှာ ပျက်စီးသွားကြောင်း သိရသည်။ အမ်း-ပဒါန်းလမ်းပိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာတွင် ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်အချိန်တွင် စစ်ကောင်စီ တင့်ကားများကို တိုက်ခိုက်ခဲ့သည်ဟု PRA မကွေးတပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သး ၅ ဦး သေဆုံးသွားသလို ၈ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း PRA မကွေးတပ်က ဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀
ရခိုင်နှင့် ကပ်နေသော ဧရာဝတီတိုင်းက မြို့နယ် ၇ ခုကို ခရီးမသွားသင့်ကြောင်း ဗြိတိန်သတိပေး
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဧရာဝတီတိုင်းဒေသက နေရာ ၇ ခုကို မလွဲမရှောင်သာ ခရီးစဉ်များမှလွဲ၍ မလိုအပ်ဘဲ ခရီးမသွားကြရန် ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) မှ ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ FCDO မှ ထုတ်ပြန်ထားသော မြို့နယ် ၇ ခုမှာ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်များဖြစ်ပြီး သတိပေးချက် သို့မဟုတ် အကြံဉာဏ်ကို ငြင်းပယ်ပါက ခရီးသွားအာမခံချက် ပျက်ပြယ်သွားနိုင်ကြောင်း ထပ်မံ သတိပေးထားခြင်းဖြစ်သည်။ လက်ရှိတွင် ရခိုင်နှင့် ဧရာဝတီကြားက မကျီးဇင်၊ ဘောမိနှင့် ရိုးတောင်အစပ်တို့တွင် စစ်ကောင်စီတပ်နှင့် AA
ယနေ့ ထိုင်းနိုင်ငံမှာ LGBTQ+ စုံတွဲများ တရားဝင်လက်ထပ်ခွင့် ရကြပြီ
ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ LGBTQ+ စုံတွဲများ တရားဝင်လက်ထပ်ခွင့် ရရှိကြပြီဟု ထိုင်းမီဒီယာများက ဖော်ပြကြသည်။ ကန့်သတ်ခံထားရသည့် လိင်တူလက်ထပ်ခွင့်ကို ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေအရ တရားဝင်ခွင့်ပြုလိုက်ပြီး ဘန်ကောက်မြို့တွင် LGBTQ+ စုံတွဲများ ရာနှင့်ချီ စောင့်ဆိုင်းနေကြသည်ဟု သိရသည်။ သရုပ်ဆောင် စုံတွဲဖြစ်သည့် Porshe Apiwat Apiwatseri နှင့် Am Sappanyu Panathakul တို့သည် ယနေ့ နံနက် ၈ နာရီမှာ Phra Nakhon ခရိုင်ရုံးတွင် တရားဝင်လက်ထပ်ထိမ်းမြားခွင့် တင်လိုက်ပြီး ထိုင်းနိုင်ငံ၏ LGBTQ+ လက်ထပ်ကြသည့် ပထမဆုံးသော စုံတွဲဖြစ်ကြသည်။ ဘန်ကောက်မြို့က ခရိုင်ရုံးပေါင်း
AA ဦးစားပေး ဖြေရှင်းရမည့် ပုစ္ဆာ (အတွေးအမြင် ဆောင်းပါး)
ဗျူဟာမြောက် ထိုးစစ်များနှင့် စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် အာရက္ခတပ်တော် AA သည် ယနေ့ ရခိုင်ပြည် တစ်ခွင်ကို ထိန်းချုပ်ထားနိုင်ပြီဟု ယေဘူယျပြောနိုင်သည်။ မြို့နယ် ၁၇ ခု ရှိသည့် အထဲ ၃ ခုသာ ကွက်ကွက်လေး ကျန်တော့သည်။ ရခိုင်ပြည်ရှိ အကြီးမားဆုံး စစ်တပ်ဌာနချုပ် အနောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (နပခ အမ်း)နှင့် အတူ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ ၃ ခုအပါဝင် ခြေမြန်၊ ခြေလျှင်၊ အမြောက်တပ်၊ နယ်ခြားစောင့် စသည့် တပ်စခန်း အများစုမှာ နံပါတ်၊ နာမည် ပျောက် ပြီး စစ်ကောင်စီ ခြေရာများ မရှိတော့ပြီ။ လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ
စစ်တွေက အရပ်သား ၁ဦးကို စစ်ကောင်စီသတ်ဖြတ်
ရခိုင်ပြည်၊ စစ်တွေမြို့က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က သတ်ဖြတ်ပြီး မိသားစုဝင်များအား အသိပေးခြင်း မရှိဘဲ အလောင်းအား မြေမြုပ် သင်္ဂြိုလ်လိုက်ကြောင်း စစ်တွေမြို့ ဒေသခံများက Western News ကိုပြောသည်။ စစ်တွေမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် အသက် ၅၀ အရွယ်ရှိ ဦးကျော်လင်း မှာ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “သူက စစ်တွေကနေ ၁၉ ရက်နေ့ က သူ့ရွာကို သွားတာပါ။ စံပြရပ်ကွက်သို အပြန်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ နောက်ဆုံးနေတော့ တပ်ထဲမှာ အသတ်ခံလိုက်ရတယ်လို့
စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးဒုက္ခသည်များကို စာရင်းကောက်ယူမည်
အာဏာသိမ်း စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေဒေသများတွင် စစ်ဘေးဒုက္ခသည်များကို စာရင်းကောက်ယူပြီး ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဟု ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန် ပြောဆိုထားသည်။ တိုင်းနှင့် ပြည်နယ်အလိုက် စာရင်းကောက်ယူပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေမှ စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီက ဆိုသည်။ စစ်ကောင်စီ ကောက်ယူမည့် စစ်ဘေးရှောင်များ စာရင်းမှာ တိုက်ပွဲများကြောင့် သို့မဟုတ် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရသည့် ဒေသခံပြည်သူများ ဖြစ်သည်ဟု သိရသည်။ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုး သားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ခြင်း၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့် နေထိုင်သူများအားလုံး စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်း
မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ မြိုလူမျိုး ၉၁ ဦးကို AA က စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ခေါ်ဆောင်ခြင်း ခံရသည့် မြိုတိုင်းရင်းသားများက Western News ကို ပြောသည်။ မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို အာရက္ခတပ်တော် AA က ခေါ်ဆောင်သွားကြောင်း သိရသည်။ ဒေသခံ မြိုတစ်ဦးက “ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး တပ်တော်က စစ်မှုထမ်းဖို့ဆိုပြီး
TNLA ထိန်းချုပ်ထားသော နောင်ချိုကို စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၁၀ ဦးသေဆုံး
တအာင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးကြောင်း တအာင်းတပ် TNLA ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် နောင်ချိုမြို့နယ်၊ ရဲစခန်း အနီးရှိ ပါရမီ ၂ လက်ဖက်ရည်ဆိုင်သို့ လေယာဉ်ဖြင့် လာရောက်ပြီး ဗုံးနှစ်လုံး ကြဲမှုကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစုနှင့် ဝန်ထမ်းများ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက “နောင်ချို ရဲစခန်းနားက ပါရမီ ၂ လက်ဖက်ရည်ဆိုင်ကို တည့်တည့်ကျတာ။ ဆိုင်ပိုင်ရှင်မိသားစုကလည်း လက်ဖက်ရည်ဆိုင်ကို သန့်ရှင်းလုပ်နေတဲ့အချိန်မှာ