စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် လေးနှစ်အတွင်း ချင်းပြည်မှာ လူပေါင်း ၁၀၀၀ ခန့်သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် လေးနှစ်အတွင်း ချင်းပြည်မှာ လူပေါင်း ၁၀၀၀ ခန့်သေဆုံး

ဖေ‌ဖော်ဝါရီ ၃ - ၂၀၂၅
0

ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၉၆၅ ဦးသေဆုံးသွားခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) အဖွဲ့က ပြောသည်။ ချင်းပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းကို ICA အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ထားသည်။ ချင်းပြည်သူ ၉၆၅ ဦး သေဆုံးခဲ့ရသည့်အထဲတွင် အရပ်သား ၄၉၁ ဦးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးပါဝင်သည်ဟု ဆိုသည်။ သေဆုံးခဲ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးထဲတွင် အမျိုးသမီး ၉ ပါဝင်ကြောင်း ICA က ပြောသည်။ ယင်းအပြင် လေးနှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မြေမြှုပ်မိုင်းအန္တရာယ်များကြောင့်

Continue Reading
ရန်ကုန်မှ ကုန်တင်သင်္ဘောများကို AA က ခေါ်ယူစစ်ဆေးမှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေကြောင်းကုန်သွယ်ရေး ရပ်တန့်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကပြော
စီးပွားရေး သတင်း
1 min read
0

ရန်ကုန်မှ ကုန်တင်သင်္ဘောများကို AA က ခေါ်ယူစစ်ဆေးမှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေကြောင်းကုန်သွယ်ရေး ရပ်တန့်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကပြော

ဖေ‌ဖော်ဝါရီ ၃ - ၂၀၂၅
0

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က စစ်ကောင်စီ ထိန်းချုပ်သည့် ရန်ကုန်မြို့မှ ထွက်လာသော ကုန်သွယ်ရေးသင်္ဘော ၃ စီးကို အာရက္ခတပ်တော် AA က ခေါ်ယူစစ်ဆေးမှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးမှာ ရပ်တန့်သွားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် တက္ကနာ့ပ်ဆိပ်ကမ်းသို့ ကုန်သွယ်ရန် ရန်ကုန်ဆိပ်ကမ်းမှ ထွက်လာသော ကုန်တင်သင်္ဘော ၃ စီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA ထိန်းချုပ်သည့် မောင်တောဒေသ ရခိုင့်ပင်လယ်ပြင်မှ ဖြတ်သန်းသွားစဉ် အဆိုပါ သင်္ဘောများကို AA က ခေါ်ယူစစ်ဆေးခဲ့သည်။ ယင်းအထဲမှ သင်္ဘောနှစ်စီးကို ဇန်နဝါရီလ ၂၀ ရက်တွင် အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးခဲ့ကြောင်း တက္ကနာ့ပ်ဆိပ်ကမ်း အာဏာသိမ်းများက

Continue Reading
မြန်မာနိုင်ငံသား ၂၇၈ ဦး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူ
စီးပွားရေး သတင်း
1 min read
0

မြန်မာနိုင်ငံသား ၂၇၈ ဦး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူ

ဖေ‌ဖော်ဝါရီ ၃ - ၂၀၂၅
0

မြန်မာနိုင်ငံသား ၂၇၈ ဦးသည် မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသား အဖြစ် ပြောင်းလဲခံယူလိုက်ကြောင်း စင်ကာပူရှိ စစ်ကောင်စီသံရုံးက ယနေ့ ဖေဖော်ဝါရီ ၃ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို လာရောက်အပ်နှံခဲ့ကြပြီး အဆိုပါသူများမှာ သံရုံးထောက်ခံစာကို လာရောက်ယူနိုင်ကြောင်း နိုင်ငံကူးလက်မှတ်မူရင်းနှင့် Processing Letter မူရင်းတို့ကိုပါ တစ်ပါတည်း ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း ကြေညာထားသည်။ မြန်မာနိုင်ငံသား ၂၇၈ ဦးသည် စင်ကာပူနိုင်ငံသားအဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ကူးပြောင်းသွားခြင်း ဖြစ်ပြီး နိုင်ငံသားကူးပြောင်းသွားသူအများစုမှာ စင်ကာပူ PR အမြဲတမ်း နေထိုင်ခွင့်ရရှိထားသော ပညာတတ်လူတန်းစားအများစုဟု သိရသည်။ စင်ကာပူရောက် မြန်မာတစ်ဦးက “မြန်မာသံရုံးက ကြေညာတဲ့အထဲမှာ မိတ်ဆွေတွေရဲ့

Continue Reading
စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်

ဖေ‌ဖော်ဝါရီ ၃ - ၂၀၂၅
0

ရခိုင်ပြည်ထဲက စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့တော် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့နှင့် ရေတပ်ဌာနတို့တွင် ထိပ်ပိုင်းအရာရှိအချို့ကို အပြောင်းအလဲလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့တွင် ရုံးစိုက်ထားသော ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တွင် ရဲမင်းကြီး အပြောင်းအလဲနှင့် စစ်တွေရေတပ်ဌာနချုပ်တွင် ရေတပ်အကြီးအကဲကို ပြောင်းအလဲလုပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “နာမည်တွေဘာတွေနဲ့တော့ တွဲပြီး မသိဘူး။ ဌာနဆိုင်ရာဝန်ထမ်းအချို့ပြောတာက ရဲမင်းကြီးနဲ့ ရေတပ်အကြီးအကဲကို အပြောင်းအလဲလုပ်ထားတယ်။ ဇန်နဝါရီလထဲမှာ အပြောင်းအလဲလုပ်ထားတယ်လို့ သိထားတယ်။ ရဲမင်းကြီးအသစ်ရောက်လို့ ဧည့်စာရင်းစစ်တပ်၊ နေ့ခင်းဆိုရင်လည်း ကင်းလှည့်ဆောင်ရွက်တာ ပိုလုပ်တာ တွေ့ရပါတယ်” ဟု ပြောသည်။ လမ်းမတော်၊ တရားသီးစုရပ်ကွက်တို့တွင် အစစ်အဆေးများနေပြီး ကယ်ဆယ်ရေး အကွက် (၁)၊ အကွက် (၂) တို့တွင် ညအပါအဝင် နေ့ခင်းလည်း

Continue Reading