တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။ “မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိပါသည်” ဟု စစ်ခေါင်းဆောင်
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိတ်ဆို့အရေးယူ
(ထရမ့်လုပ်ရပ်သည် နိုင်ငံတကာ တရားစီရင်ရေးစနစ်ကို သစ္စာဖောက်ခြင်းဟု Amnesty International ပြော) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် လက်မှတ်ရေးထိုးထားသည်။ ဂါဇာနှင့်စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးဝန်ကြီးချုပ်အား ဖမ်းဝရမ်းထုတ်ခဲ့သည့် အကြောင်းပြချက်ဖြင့် ICC ကို ဒေါ်နယ်ထရမ့်က ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ICC ၏ အရာရှိများကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ICC ၏ စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ခဲ့သော အမေရိကန်နိုင်ငံသားများနှင့် မဟာမိတ်များအပေါ်ကိုလည်း ၎င်းတို့၏ မိသားစုဝင်များကိုပါ ဗီဇာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် အရေးယူထားခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် လုပ်ရပ်သည် နိုင်ငံတကာ
စစ်ကောင်စီ ဆက်တိုက်ဖမ်းဆီးမှုကြောင့် ရန်ကုန်ရောက် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာ
အာဏာသိမ်း စစ်ကောင်စီ၏ ဆက်တိုက် လိုက်လံဖမ်းဆီးနေ၍ ရန်ကုန်မှာရှိသည့် ကျောင်းသားလူငယ်များအပါအဝင် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာသွားကြောင်း စုံစမ်း သိရှိရသည်။ ရန်ကုန်တိုင်း မြို့နယ် ၅ ခုထက်မနည်းမှ အဆောင် ၆၀ ခုထက်မနည်းက ရခိုင်လူငယ် ၄၀၀ ကျော်မှာ မိမိဒေသ ရခိုင်ပြည်နှင့် ထိုင်း၊ မလေးရှားအပါအဝင် နိုင်ငံခြားသို့ ထွက်ခွာသွားကြောင်း ရန်ကုန်ရောက် ရခိုင် အဖွဲ့အစည်းတစ်ချို့ က ပြောသည်။ “အခုအဖမ်း အဆီးအရမ်းများတယ်။ တစ်ချို့ လူငယ်တွေဆို အဖွဲ့အလိုက်သွားတယ်။ တစ်ချို့ကတော့ စုဖွဲ့ပြီးတော့ သွားတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေပါတယ်။ ပြီးတော့ ဘာသာစကားသင်တန်းကျောင်းတက်နေသူတွေ၊ ပန်းထိမ်း လုပ်နေတဲ့သူတွေ အများကြီးပါပဲ။ အခု
ဂွမြို့နယ် ကန့်ကော်တောင်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ အဆောက်အအုံများပျက်စီးသွား
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ဂွမြို့နယ် ကျိန္တလီမြို့ ကန့်ကော်တောင်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးသွားကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်ခြင်းမရှိဘဲ အဆောက်အအုံများ ပျက်စီးသွားကြောင်း ဂွမြို့နယ် ဒေသခံတစ်ဦးက Western News ကို ပြောသည်။ “ဖေဖော်ဝါရီလ ၄ ရက်မှာ ကန့်ကော်တောင်လို့ ခေါ်တဲ့ ကွက်သစ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးသွားပါတယ်။ လေးငါးခြောက်ဆောင်လောက် ပျက်စီးသွားပါတယ်။ လူတော့ အထိအခိုက် မရှိဘူး” ဟု ပြောသည်။ ဂွမြို့နယ်၊ ကျိန္တလီမြို့သည်
ရခိုင်က ၁ နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေး မထိုးရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာ
ရခိုင်ပြည်အတွင်းက စစ်ရှောင်ကလေးငယ်များအပါအဝင် ၁ နှစ်အောက် ကလေးငယ်များမှာ ယခုအချိန်အထိ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း မိဘများထံမှ သိရသည်။ ၂၀၂၃ နိုဝင်ဘာလ တိုက်ပွဲစတင်ကတည်းက ၁ နှစ်အောက် ကလေးငယ်များမှာ ကာကွယ်ဆေးမထိုးရဘဲ ရှိနေကြသလို လက်ရှိ မွေးဖွားကြသည့် ကလေးငယ်များမှာလည်း ကာကွယ်ဆေး ထိုးနှံခြင်းမရရှိကြကြောင်း သိရသည်။ ထိုကြောင့် ရခိုင်ပြည်မှာ ကာကွယ်ဆေးမထိုးရဘဲ အရွယ်ရောက်လာသည့် ကလေးငယ် အများအပြားရှိလာနေကြောင်းလည်း မိဘများက ပြောဆိုကြသည်။ မြေပုံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမကလေးက မွေးကတည်းက ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး။ အခုဆို ကလေးက ၁၀ လထဲဝင်ပြီ။ ထိုးမယ့် ကာကွယ်ဆေးတွေလည်း မရှိဘူးလို့ကြားတယ်။ ကလေးတိုင်း ထိုးပေးကျဖြစ်တဲ့ ကာကွယ်ဆေးတွေ မထိုးရတော့ ကျမကလေးအတွက်
စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂပြော(သေဆုံးသူများထဲ ရခိုင်က အမျိုးသမီး ၃၉ ဦးပါဝင်)
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် နေအိမ်များအား လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၅ ဇန်နဝါရီလအတွင်း အမျိုးသမီး ၈၆ ဦးသေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ပြောသည်။ စစ်ကောင်စီ၏ အကြမ်းဖက် ကျူးလွန်မှုများကြောင့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာ အမျိုးသမီး ၈၆ ဦးသေဆုံးခဲ့ရသည်ဟု BWU က ထုတ်ပြန်ထားသည်။ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် ၇၃ ဦး၊ ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၂ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ တို့ပါဝင်ကြောင်း သိရသည်။ ယင်းအထဲတွင် BWU ၏ အချက်အလက်အရ ရခိုင်က အမျိုးသမီး ၃၉
မလေးရှားတွင် ရခိုင် ၇ဦးနှင့် ချင်းတစ်ဦး ပြန်ပေးဆွဲခံရပြီး ငွေညှစ်ခံရ၊ အသက်လု ကယ်ထုတ်ခဲ့ရ
မလေးရှားနိုင်ငံတွင် နေထိုင်သည့် ရခိုင်လူမျိုး ၇ဦးနှင့် ချင်းလူမျိုးသား တစ်ဦးတို့ကို အလုပ်ရမည်ဟုဆိုကာ ပွဲစားများက လိမ်လည် ခေါ်ယူခဲ့ပြီးနောက် ပြန်ပေးဆွဲခံရပြီး ၎င်းတို့ကို အသက်လု ကယ်ထုတ်ခဲ့ရကြောင်း Western News က စုံစမ်း သိရသည်။ မလေးရှားနိုင်ငံရှိ လူကုန်းကူး ဂိုဏ်းတစ်ခုက ရခိုင်လူမျိုး ၇ ဦးနှင့် ချင်းလူမျိုးတစ်ဦး စုစုပေါင်း ၈ ဦးကို ဇန်နဝါရီလ ၃၁ ရက်နေ့က အလုပ်ရမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲသွားခဲ့ကြောင်း ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီရုံး CARC က ပြောသည်။ လုပ်အားခ တစ်ရက်လျှင် မလေးငွေ ၉၀ ရမည်ဟုဆိုကာ စက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် ပွဲစားအယောင်ဆောင်၍ စည်းရုံးခေါ်ဆောင်ကာ
မြန်မာ မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့များကို အမေရိကန်က ပေးမည့် ဒေါ်လာ ၃၉ သန်းကို ဒေါ်နယ်ထရမ့် ရပ်ဆိုင်း
မြန်မာ မီဒီယာအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ဒီမိုကရေစီအင်အားစုများအတွက် လာမည့် ၃ နှစ်အတွင်းမှာ အမေရိကန်က ပေးအပ်မည့် ဒေါ်လာ ၃၉ သန်းကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ အမေရိကန် နိုင်ငံတကာတကာဖွံဖြိုးရေးအစီအစဉ် (USAID) ကို ဒေါ်နယ်ထရမ့်က ရပ်ဆိုင်းလိုက်ခြင်းကြောင့် တစ်ပါးတည်း ရပ်တည်းဆိုင်းခံလိုက်ရခြင်းဖြစ်သည်။ လူ့အခွင့်အရေးကာကွယ်ရေး ပရောဂျက် ၂ ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီမြှင့်တင်ရေး လုပ်ငန်း ၉ ခုအတွက် ဒေါ်လာ သန်း ၃၀ နှင့် မီဒီယာပံ့ပိုးမှု ပရောဂျက် ၂ ခုအတွက် ဒေါ်လာ ၁ သန်း တို့ကို ဒေါ်နယ်ထရမ့်က ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။