ကျောက်ဖြူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြုံခိုပစ်ခတ်၍ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာပြင်းထန်
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ရှောက်ချောင်းရွာကို လာကြသည့် အရပ်သား ၃ ဦးမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ ၁ ဦးမှာ သေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူမှာ အသက် ၅၀ ကျော်အရွယ် ဦးအောင်သန်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၅၅ နှစ်ကျော်အရွယ် ဦးသန်းမြင့်နှင့် အသက် ၅၀ အရွယ် ဒေါ်မကြူတို့ ဖြစ်ကြောင်း သိရသည်။ ဦးအောင်သန်းနှင့် ဦးသန်းမြင့်တို့မှာ စိုင်ခြုံကျေးရွာဘက်ကနေ ရှောက်ချောင်းကျေးရွာသို့ အလာမှာ ရှောက်ချောင်းကျေးရွာအနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။
စစ်တွေမြို့တွင် ရခိုင်နယ်လုံ ဝန်ကြီးနှင့် ဇနီး နံနက်စာ စားနေစဉ် စားသောက်ဆိုင်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ထွက်ပြေးခဲ့ရ
ရခိုင်ပြည် စစ်တွေမြို့ရှိ SS Food Center စားသောက်ဆိုင် အနောက်ဘက်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စစ်ကောင်စီခန့် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ၎င်း၏ ဇနီးတို့သည် နံနက်စာ စားနေစဉ် ထွက်ပြေးခဲ့ရကြောင်း ပြည်တော်သာ ရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။ “ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီကျော်လောက်က SS စားသောက်ဆိုင်ရဲ့ အနောက်ဘက်မှာ ဆိုင်နဲ့ ကပ်လျှက် လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲပါတယ်။ ဘယ်သူ ပစ်ခတ်တယ်ဆိုတာ
ချင်းပြည်အတွင်း AA က တပ်စွဲ နေရာယူထားမှု ဆွေးနွေးနိုင်ရေး ချင်းလဲန်းကောင်စီက တရားဝင်စာပို့
ချင်းပြည်အတွင်းမှာ ချင်းညီနောင်အဖွဲ့များဖြင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် အာရက္ခတပ်တော် AA နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းလဲန်းကောင်စီ Chinland Council က တရားဝင် စာပေးပို့ထားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၆ ရက်တွင် ကျင်းပခဲ့သည့် ချင်းလဲန်းကောင်စီ တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းလဲန်းကောင်စီ အတွင်းရေးမှူး Salai Paul က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ချင်းပြည်အတွင်း အခြေကုတ်ယူထားသည့် နေရာများ၊ တပ်စခန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် မဟာဗျူဟာများကို သိရှိနိုင်ရန် AA နှင့် ဆွေးနွေးနိုင်ရေးအတွက် ချင်းလဲန်းကောင်စီက တရားဝင်စာပေးပို့ထားကြောင်း Salai Paul က ပြောသည်။ “ကျနော်တို့ အဖိနှိပ်ခံလူမျိုး တိုင်းရင်းသားအချင်းချင်း