ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ လွှဲပြောင်း
သတင်း
1 min read
0

ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ လွှဲပြောင်း

ဖေ‌ဖော်ဝါရီ ၁၂ - ၂၀၂၅
0

ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက လွှဲပြောင်းလိုက်ကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများက ဖော်ပြသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA က လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ DKBA ထိန်းချုပ်နယ်မြေများတွင် လုပ်ကိုင်နေကြသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် ပိတ်မိနေသူ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက ကယ်တင်နိုင်ခဲ့ပြီး လက်ရှိတွင် လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ကိုအားလုံးကို ထိုင်းဘက်သို့

Continue Reading
လွတ်မြောက်နယ်မြေသွားသည့် စစ်တွေဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
သတင်း
1 min read
0

လွတ်မြောက်နယ်မြေသွားသည့် စစ်တွေဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

ဖေ‌ဖော်ဝါရီ ၁၂ - ၂၀၂၅
0

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် ပိတ်မိနေသော ဒေသခံပြည်သူများမှာ အာရက္ခတပ်တော် AA ထိန်းချုပ်သည့် လွတ်မြောက်နယ်မြေသို့ ပွဲစားများဖြင့် ထွက်ခွာနေကြပြီး မြို့ခံ ၃၀ ကျော်မှာ စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံလိုက်ရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့က ပွဲစားအစီစဉ်များဖြင့် လွတ်မြောက်နယ်မြေသို့ ထွက်ခွာကြသော စစ်တွေမြို့ခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်တွေမြို့ခံများက ပြောသည်။ ပွဲစားများက နေဗီရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေပေးပြီးနောက် ဆတ်ရိုးကျချောင်းနှင့် ရွှေပြားဘက်က ထွက်ခွာစဉ်မှာ ကင်းစောင့်နေသော ကြည်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ စစ်တွေ မြို့ခံတစ်ဦးက “ပြီးခဲ့တဲ့ ၈ ရက်နဲ့

Continue Reading
ငဖဲမြို့နယ်မှာ စစ်ကောင်စီ စခန်းကုန်းကို CDF Asho တပ်က တိုက်ခိုက်(စစ်ကောင်စီတပ်ဖွဲ့ဝင်းများ ထွက်ပြေးသွား၍ စခန်းကုန်အား ထိန်းချုပ်)
စစ်ရေး သတင်း
1 min read
0

ငဖဲမြို့နယ်မှာ စစ်ကောင်စီ စခန်းကုန်းကို CDF Asho တပ်က တိုက်ခိုက်(စစ်ကောင်စီတပ်ဖွဲ့ဝင်းများ ထွက်ပြေးသွား၍ စခန်းကုန်အား ထိန်းချုပ်)

ဖေ‌ဖော်ဝါရီ ၁၂ - ၂၀၂၅
0

မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းမြို့အနောက်က စစ်ကောင်စီ စခန်းကုန်းကို ချင်းကာကွယ်ရေးတပ် – အရှို CDF Asho တပ်က ဖေဖော်ဝါရီလ ၉ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းကုန်အား ထိန်းချုပ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝ စစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်မှာ တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကုန်းကို CDF Asho တပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “စခန်းကုန်းကို အနီးကပ်နေရာယူပြီး တိုက်ခိုက်ရာမှာ ရန်သူ စကစ တပ်သားတွေဟာ ပြန်လည်ပစ်ခတ်တာရှိပေမယ့် စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်” ဟု ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားများ စခန်းကုန်းအား စွန့်ခွာထွက်ပြေးသွားစဉ်မှာ စခန်းကုန်းက အဆောင်များကို မီးရှို့ဖျက်ဆီးသွားကြသည်ဟု သိရသည်။ ယင်းအပြင် ပျဉ်းဝ စစ်ဆေးရေးဂိတ်က

Continue Reading
ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီး
ကျန်းမာရေး သတင်း
1 min read
0

ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီး

ဖေ‌ဖော်ဝါရီ ၁၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဝင်ရောက် ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့အနီး နတ်မြစ်အတွင်း Shahparir Dwip နှင့် Golarchar Mukh ဧရိယာတွင် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၃၀ အရွယ် Md Hasan, အသက် ၂၀ အရွယ် Abdur Rakim, အသက် ၂၆ နှစ်အရွယ် Md Jaber နှင့်

Continue Reading
စစ်တွေမြို့ အမြင့်ကျွန်းက စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ အမြင့်ကျွန်းက စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၁၂ - ၂၀၂၅
0

ရခိုင်ပြည် မြို့တော် စစ်တွေမြို့အဝင်က အမြင့်ကျွန်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉ နာရီလောက်တွင် စစ်တွေမြို့အဝင်က အမြင့်ကျွန်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီနှင့် AA တို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ “မနေ့က ည ၉ နာရီမှာ အမြင့်ကျွန်းဘက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ လက်နက်ကြီး အသံတွေက မတူကြဘူး။ အသံကတော့ တော်တော်လေးကို ကျယ်တာ။ တိုက်ပွဲဖြစ်ခဲ့ကြတာပါ” ဟု

Continue Reading