ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင်အပါအဝင် ၂၅ ဦး ဖမ်းဝရမ်းထုတ်ခံရ
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော် အပါအဝင် ၂၅ ဦး မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရသည်။ မြန်မာစစ်တပ်ခေါင်းဆောင်များကို မွတ်ဆလင်လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်သည့် စာရင်းတွင် သမ္မတဟောင်း ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ပါ ပါဝင်လာသည်ဟု မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ထားသည်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတို့တွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်ခဲ့သည့် စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံရခြင်းဖြစ်သည်။ မြန်မာ့စစ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမထုတ်ရန် မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ
AA ထိုးစစ်ကြောင့် စစ်တွေမြို့ စီးပွားရေးဘဏ်က ငွေများကို စစ်ကောင်စီ ပြောင်းရွှေ့ရန် စီစဉ်နေ
အာရက္ခတပ်တော် AA က ထိုးစစ်အရှိန် မြှင့်လာ၍ ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စီးပွားရေးဘဏ်မှ ငွေများကို အာဏာသိမ်း စစ်ကောင်စီက ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ဘဏ်အသိုင်းအဝိုင်းနှင့် ဝန်ထမ်းများထံမှ သိရသည်။ ပြည်နယ်စစ်ကောင်စီအဖွဲ့သည် စစ်တွေမြို့ရှိ ဝန်ထမ်းများကို နှစ်လစာ ကြိုတင်ပေး၍ ဘဏ်က ငွေအားလုံးကို ရန်ကုန်နှင့် နေပြည်တော်သို့ ရွှေ့ရန် စီစဉ်နေကြောင်း စစ်တွေမြို့နယ် စီးပွားရေးဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြေသည်။ “စီးပွားရေးဘဏ်က ပြည်ဂျာဆီကို ပြည်နယ်မန်နေဂျာပေါ့ ပြည်နယ်အစိုးရအဖွဲ့က စာပို့ထားတယ်လို့ ပြောပါတယ်။ ဒီလထဲမှာ လုံခြုံရေးအခြေအနေအရ ဘဏ်က ငွေတွေကို ရွှေ့ပြောင်းမယ့် အခြေအနေ၊ ဝန်ထမ်းတွေကို လစာ နှစ်လစာ ထုတ်ပေးမယ့် အခြေအနေ စတာတွေ ပါတယ်လို့
၁ ရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော် ထိုင်းမှာ ဖမ်းမိ
ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် အပါအဝင် ၁၂၉ ဦး ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိထားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် ဖက်ခါဆမ်လမ်းပေါ်မှာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦးနှင့် ကလေး ၁၁ ဦး လိုက်ပါလာသော ကုန်တင်ကားတစ်စီး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသားများကို ရတ်ချဘူရီကနေ ထက်ရိုင်ခရိုင်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုကူးမှုနှင့်
ဗန်းမော်မြို့နယ်ကို လေကြောင်း ကနေ ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်ခန့်တွင် ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်သွားတာ ပြည်သူ အသက် ၄၀ အရွယ်