စစ်တွေ ဒကစ ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦးဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက မွတ်ဆလင် ၁၀၀ ကျော်ကို စစ်သင်တန်းပေးနေ
စစ်ရေး သတင်း
1 min read
0

စစ်တွေ ဒကစ ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦးဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက မွတ်ဆလင် ၁၀၀ ကျော်ကို စစ်သင်တန်းပေးနေ

ဖေ‌ဖော်ဝါရီ ၁၈ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီသည် ဒေသကွက်ကွဲမှုစစ်ဌာနချုပ် (စစ်တွေ) ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦး ဘုန်းတော်ကြီးကျောင်း ခြံဝန်းတွင် မွတ်ဆလင် ၁၂၀ ခန့်ကို အခြေခံ စစ်ပညာ သင်တန်းပေးနေသည်။ Western News က ရရှိထားသော သတင်းအရ အဆိုပါ မွတ်ဆလင်များသည် စစ်တွေမြို့နယ်က သဲချောင်း၊ သက္ကယ်ပြင်၊ ပလ္လင်ပြင်၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောငယ်၊ ဘုမေ စသည့် မွတ်ဆလင်ကျေးရွာများက ဖြစ်ကြောင်း သိရှိထားသည်။ ယခုတစ်ဖြတ် စစ်ကောင်စီ၏ စစ်သင်တန်းကို စစ်တွေ ဒကစ ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦးဘုန်းကြီးကျောင်းတို့မှာ အခြေခံ စစ်ပညာ သင်တန်းပေးနေခြင်း ဖြစ်ပြီး သင်တန်းသား ဦးရေ ၁၂၀ ခန့်

Continue Reading
စစ်တွေ ဒကစ ဌာနချုပ်ကို ကာကွယ်ထားသည့် တပ်ရင်းများ တပ်ဆုတ်ခွင့်မပေးကြောင်း စစ်ကောင်စီ အရာရှိများ အမိန့်ထုတ်ထား
စစ်ရေး သတင်း
1 min read
0

စစ်တွေ ဒကစ ဌာနချုပ်ကို ကာကွယ်ထားသည့် တပ်ရင်းများ တပ်ဆုတ်ခွင့်မပေးကြောင်း စစ်ကောင်စီ အရာရှိများ အမိန့်ထုတ်ထား

ဖေ‌ဖော်ဝါရီ ၁၈ - ၂၀၂၅
0

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်ရှိသော ဒေသကွက်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ကို ကာကွယ်ပေးထားသည့် ရေချမ်းပြင်တပ်၊ ပါဒလိတ်က တပ်ရင်းများနှင့် အမြင့်ကျွန်းက တပ်ရင်းများအနေဖြင့် တပ်ဆုတ်ခွင့် လုံးဝခွင့်မပြုကြောင်း သိရသည်။ တိုက်ပွဲများပြင်းထန်းနေသည့် ယခု ရက်ပိုင်းများတွင် စစ်ကောင်စီတပ်က အောက်ခြေ တပ်ရင်းများနှင့် တပ်စခန်းများကို ယင်းကဲ့သို့ တပ်ဆုတ်ခွင့် လုံးဝခွင့်မပြုကြောင်း စစ်တွေ ဒကစ အရာရှိများက အမိန့်ထုတ်ထားကြောင်း Western News က စုံစမ်းသိရှိရသည်။ လက်ရှိတွင် စစ်ကောင်စီ၏ ရေချမ်းပြင်ရွာက တပ်ရင်းများ၊ ပါဒလိတ်ရွာက တပ်ရင်းများနှင့် အမြင့်ကျွန်းရွာက တပ်ရင်းများကို အာရက္ခတပ်တော် AA သည် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့် စနိုက်ပါတိုက်ခိုက်ခြင်းတို့ဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကစ၍ နေ့စဉ်တိုက်ခိုက်နေသည်။

Continue Reading
AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး
စစ်ရေး သတင်း
1 min read
0

AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး

ဖေ‌ဖော်ဝါရီ ၁၈ - ၂၀၂၅
0

လွှတ်ပေးလို့ရသည့် စစ်သုံ့ပန်း မိသားစုဝင်များထဲက ၁၉၈ ဦးကို အာရက္ခတပ်တော် AA က ယခုရက်ပိုင်းအတွင်းမှာ ထပ်မံလွှတ်ပေးလိုက်ကြောင်း သိရသည်။ ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင် ၁၉၈ ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ဒုတိယ ရဲမှူးကြီး ၁ ဦးလည်း ပါဝင်ကြောင်း AA က တာဝန်ရှိသူများက ပြောသည်။ စစ်သုံ့ပန်း မိသားစုဝင် အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၁၄၇ ဦးကို AA က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သားအကျဉ်းသား ၂၆ ဦးကိုလည်း လွှတ်ပေးခဲ့သည်။

Continue Reading
AA ၏ စစ်တွေမြို့သိမ်း တိုက်ပွဲ အလားအလာ
ဆောင်းပါး သုံးသပ်ချက်
1 min read
0

AA ၏ စစ်တွေမြို့သိမ်း တိုက်ပွဲ အလားအလာ

ဖေ‌ဖော်ဝါရီ ၁၈ - ၂၀၂၅
0

အာရက္ခတပ်တော်၏ ရခိုင်ပြည်သိမ်း တိုက်ပွဲကြီးသည် ယနေ့အခါ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။ တစ်နည်းအားဖြင့် လွတ်လပ်ရေးအထိ ရည်မှန်းနိုင်မည့် လမ်းဆုံလမ်းခွတစ်ခုကို ရောက်နေကြောင်း ဆိုနိုင်သည်။ AA သည် တစ်သွေးတစ်သံ တစ်မိန့်နှင့် တိုက်ခိုက်ရေး မဟာဗျူဟာကောင်းမွန်သည်။ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာ ၁၃ ရက်နေ့ကစတင်ခဲ့သည့်   တော်လှန်ရေးခရီး တစ်နှစ် ကျော်ကြာတွင် အံ့ဩလောက်သည့် အောင်မြင်မှုများနှင့်အတူ ယခု တိုက်နေသော တိုက်ပွဲများသည်လည်း စိတ်ဝင် စားမှု အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ အာရက္ခတပ်တော် AA သည် တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း ရခိုင်ပြည်က မြို့နယ် ၁၄ ခုနှင့်ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ရခိုင်ပြည်တွင် စစ်တွေ၊ ကျောက်ဖြူ၊မာန်အောင်သုံးမြို့သာကျန်တော့ပြီဖြစ်သည်။ ထို့အတူ တငွေ့ငွေ့ဖြင့်

Continue Reading