စစ်တွေ ပါဒလိပ်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရောင်းစားနေ
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာမှာ ရှိသော နေအိမ်များအားလုံးကို စစ်ကောင်စီတပ်ရင်းများက ဖြိုဖျက်ခိုင်းပြီး ထင်းအဖြစ် ရောင်းစားနေကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းက စစ်ကောင်စီတပ်က စစ်တွေမြို့အနီး ကျေးရွာ ၂၀ ကျော်ကို နှင်ထုတ်ရှင်းလင်းရေး ပြုလုပ်သည့် အထဲတွင် ပါဒလိပ်ကျေးရွာလည်း ပါဝင်ခဲ့ပြီး လက်ရှိ နေအိမ်များကို ရောင်းချနေကြောင်း ဆိုသည်။ ပါဒလိပ်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က စစ်တွေမြို့နယ်က မွတ်ဆလင်များကို ရောင်းချထားခြင်းဖြစ်ပြီး ၎င်းတို့က ယင်းအိမ်များကို ဖြိုဖျက်ကာ ထင်းအဖြစ် ရောင်းချနေခြင်းဖြစ်သည်။ “ပါဒလိပ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပါဒလိပ်ရွာက နေအိမ်တွေကို မွတ်ဆလင်တွေကို ရောင်းစားထားတယ်။ ပါဒလိပ်မှာက လူတွေမရှိတော့ဘူး။ ဟိုပြေးဒီပြေးနဲ့ အများစုကတော့
ဆရာ၊ ဆရာမ မရှိ၍ မြောက်ဦး စာပေါင်ရွာက မြိုကလေးငယ်များ ပညာသင်ခွင့် ဆုံးရှုံး
(လေးတန်း ကျောင်းသားကျောင်းသူများလည်း ကကြီး ခခွေး သင်နေရဟုဆို) ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင် ကိုယ်ထူကိုယ်ထဖြင့် ကလေးငယ်များ ပညာသင်ကြားနေကြသော်လည်း ကျောင်းဆရာ၊ ဆရာမ မရှိ၍ ကလေးငယ်များမှာ ယခုနှစ် ပညာသင်ယူခွင့် ဆုံးရှုံးသွားကြောင်း သိရသည်။ မြောက်ဦးမြို့နယ် စာပေါင်ကျေးရွာတွင် စာပေါင်ကျေးရွာသည် ခြိတ်ချောင်းကျေးရွာအုပ်စုထဲက ရွာတစ်ရွာဖြစ်ပြီး လေးမြို့မြစ်အနီးမှာရှိသော အိမ်ခြေ ၂၀ ကျော်ရှိသည့် မြိုတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာဖြစ်သည်။ အဆိုပါ ကျေးရွာတွင် မူလတန်းကနေ ခုနှစ်တန်း အထိ တက်ရောက်နိုင်သည့် ကလေးငယ် ၂၀ ဦးထက်မနည်းရှိနေကြောင်း ရွာသားများက ပြောသည်။ ကျေးရွာသားတစ်ဦးက “ရွာမှာ ကျောင်းသား ၂၀ လောက်ရှိတယ်။ အတန်းက
AA တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး စစ်တွေဆေးရုံတွင် ကုသနေသော စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦး သေဆုံးသွား
အာရက္ခတပ်တော် AA ၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော စစ်ကောင်စီတပ်သား ၃၈ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ၃ ဦး သေဆုံးသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက အာရက္ခတပ်တော် AA သည် ပါဒလိပ်၊ အမြင့်ကျွန်းနှင့် ရေချမ်းပြင်က စစ်ကောင်စီ တပ်စခန်းများကို အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့အဝင်ရှိ စစ်ဆေးရုံ ကုတင် ၁၀၀ တွင် ဆေးကုသမှုခံယူနေစဉ်
စစ်တွေ ဒုက္ခသည်စခန်းများက ဒုက္ခသည် လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရန် ပြင်ဆင်နေ
အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည် စစ်တွေမြို့ထဲက စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်လူငယ်များအား စစ်မှုထမ်းခေါ်ယူရန် ပြည်နယ်အစိုးရကနေတစ်ဆင့် ပြင်ဆင်နေကြောင်း ဒုက္ခသည်များထံမှ သိရသည်။ စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းတွင် စစ်ရှောင်စခန်းများ ဖွင့်လှစ်ထားပြီး စစ်ဘေးဒုက္ခသည် အရေအတွက် ၁ သောင်းခန့်ရှိကြောင်း ကူညီစောင့်ရှောက်ပေးနေသူများက Western News ကို ပြောသည်။ ဖေဖော်ဝါရီလ ပထမ အပတ်ကစ၍ စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် ဧည့်စာရင်း စစ်ဆေးသည့် အဆင့်ထက် ကျော်လွန်ပြီး အသက် ၁၄ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားများအား စာရင်းပြုစုကာ သီးသန့်ခေါ်ယူ တွေ့ဆုံခြင်းများ ပြုလုပ်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ “ဖေဖော်ဝါရီလ ပထမ
ဆွေးနွေးညှိနှိုင်းမှုအပြီး TNLA ထိန်းချုပ် နောင်ချိုမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
(အရပ်သား ၃ ဦးသေဆုံးသွားပြီး ၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်) စစ်ကောင်စီနှင့် ရှမ်းမြောက် တအောင်းတပ် TNLA တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ပြီးနောက် စစ်တပ်က နောင်ချိုမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ရာမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးအထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ည ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများမှာ နောင်ချိုမြို့ ဘူတာရပ်ကွက်က အရပ်သားပြည်သူများ ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ တွေ့ဆုံတွေးနွေး