စစ်တွေအကျဉ်းထောင်တွင် စစ်မှုထမ်း ခေါ်မည်ဟု သတင်းထွက်နေ၍ စိုးရိမ်နေကြ
စစ်ရေး သတင်း
1 min read
0

စစ်တွေအကျဉ်းထောင်တွင် စစ်မှုထမ်း ခေါ်မည်ဟု သတင်းထွက်နေ၍ စိုးရိမ်နေကြ

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

(လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားနေ) အကျဉ်းသား၊ အကျဉ်းသူ ၁၁၀၀ ကျော်ရှိသော စစ်တွေ အကျဉ်းထောင်တွင် စစ်ကောင်စီက စစ်မှုထမ်း ခေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ အကျဉ်းသားများနှင့် မိသားစုဝင်များ စိုးရိမ်နေကြကြောင်း စုံစမ်း သိရသည်။ စစ်တွေ အကျဉ်းထောင်အတွင်း အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အမှုရင်ဆိုင်နေရသော အကျဉ်းသားများ အမှုကျ အကျဉ်းသားများကို ထောင်အာဏာပိုင်များက စာရင်းကောက်ယူမှုများရှိနေကြောင်း Western News က စုံစမ်း သိရသည်။ စစ်တွေထောင်တွင် အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အကျဉ်းသားများ စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူမှု ရှိကြောင်း မကြာသေးခင်က စစ်တွေမြို့နယ်သို့ ရုံးထုတ်လာသည့် တရားရင်ဆိုင်နေသူများက ပြောပြသည်။ “ရဲပြေး၊ စစ်ပြေးနဲ့

Continue Reading
ရခိုင်က နေရပ်စွန့်ခွာရသူ ၅၇၀,၀၀၀ နီးပါး အကူအညီလိုအပ်နေဟု ICRC ပြော
ကျန်းမာရေး ဒုက္ခသည်အရေး သတင်း
1 min read
0

ရခိုင်က နေရပ်စွန့်ခွာရသူ ၅၇၀,၀၀၀ နီးပါး အကူအညီလိုအပ်နေဟု ICRC ပြော

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ ၅၇၀,၀၀၀ နီးပါးမှာ အကူအညီများ အဆောတလျင် လိုအပ်နေကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ပြောသည်။ ရခိုင်ပြည်အတွင်း လူသားချင်းစာနာက်ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်နေခြင်းနှင့် ပတ်သက်ပြီး ICRC အား Western News က အီးမေးလ်ဖြင့် မေးမြန်းရာတွင် ယင်းကဲ့သို့ တုန့်ပြန် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ “လောလောဆယ် ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအပါအဝင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ ၅၇၀,၀၀၀ နီးပါရှိပါတယ်။ သို့သော် ထောင်ပေါင်းရာနှင့်ချီအောင် များပြားသောသူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဆောတလျင် လိုအပ်ဆဲရှိနေပါတယ်” ဟု ICRC မှ တာဝန်ရှိသူတစ်ဦးက

Continue Reading
ဂွမြို့နယ်က အရေပြားရောဂါ ဖြစ်ပွားနေသည့် ပြည်သူ ၄၀၀၀ ခန့်မှာ ဆေးဝါးများ အကူအညီလိုအပ်နေ
ကျန်းမာရေး သတင်း
1 min read
0

ဂွမြို့နယ်က အရေပြားရောဂါ ဖြစ်ပွားနေသည့် ပြည်သူ ၄၀၀၀ ခန့်မှာ ဆေးဝါးများ အကူအညီလိုအပ်နေ

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

ရခိုင်ပြည် ဂွမြို့နယ်က အရေပြားရောဂါ ဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူ ၄၀၀၀ ခန့်မှာ ဆေးဝါးများ အကူအညီ လိုအပ်နေကြောင်း ကူညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။ အမျိုးသား ၁၇၉၀ ကျော်၊ အမျိုးသမီး ၂၀၀၀ ကျော်တို့ဖြစ်ပြီး ယင်းအထဲတွင် အသက် ၁၀ နှစ်အောက် ကလေး ၆၀၀ နှင့် အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ကြား ကလေး ၆၀၀၁ ဦးပါဝင်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပြောသည်။ “မြေပြင် ဆေးဝါးကုသရေးနဲ့ ထောက်ပံ့ကူညီရေးတွေကို တခြား အသင်းအဖွဲ့တွေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ လုံလောက်တဲ့ ဆေးဝါးမရှိလို့ ကုသမှုမှာ ခက်ခဲနေပါတယ်။ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ မြေပြင်မှာ ဆေးဝါးရှားပါးတာနဲ့

Continue Reading
အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်ရန် မောင်တောက မြိုလူမျိုးများ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်
စစ်ရေး သတင်း
1 min read
0

အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်ရန် မောင်တောက မြိုလူမျိုးများ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

ရခိုင်ပြည် မောင်တောဒေသက စစ်မှုထမ်းရန် ခေါ်ယူခံထားရသည့် မြိုတိုင်းရင်းသားများမှာ အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်မည် ကြွေးကြော်ကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။ ရာနှင့်ချီ ပါဝင်သော မြိုတိုင်းရင်းသားများမှာ AA ၏ အာရက္ခပြည်သူ့အစိုးရ အလံတော်ကို ကိုင်ဆောင်ကာ “အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်” ဟု ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားကျေးရွာအချို့မှ လူပေါင်း ၁၀၀ ကျော်ကို ယခုနှစ်အတွင်း အာရက္ခတပ်တော် AA က ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်သင်တန်းအတွက် ခေါ်ယူပြီးနောက် ယင်းကဲ့သို့ ချီတက်ဆန္ဒဖော်ထုတ်ပွဲကို တွေ့ရခြင်းဖြစ်သည်။ အာရက္ခတိုင်းပြည်အတွက် မောင်တောမြောက်ပိုင်းဒေသက မြိုလူမျိုးများ၏ သဘောဆန္ဒဟုဆိုကာ ကြွေးကြော်သံ ၃ ခုပါဝင်သော ချီတက်ပွဲကို မြိုလူငယ်များအစည်းအရုံး

Continue Reading
နောင်ချိုမြို့နယ်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

နောင်ချိုမြို့နယ်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

တအောင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ TNLA တပ်နှင့် စစ်ကောင်စီတပ်တို့သည် နောင်ချိုမြို့နယ် တောင်ခြေရွာနှင့် မန်မော်ကျေးရွာတို့ကြားတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဖြင့် လေကြောင်းက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁၀ ဦးနှင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ မူးဝေခြင်း၊ အသက်ရှိုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်ဆီဂျင် မလုံလောက်သည့် ဝေဒနာများကို ခံစားနေရသည်ဟု TNLA

Continue Reading
ပလက်ဝမှာ ဆေးဝါးပြတ်လပ်၍ သေဆုံးသူ ၃ ဦးအထိရှိလာ
ကျန်းမာရေး သတင်း
1 min read
0

ပလက်ဝမှာ ဆေးဝါးပြတ်လပ်၍ သေဆုံးသူ ၃ ဦးအထိရှိလာ

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

ပလက်ဝမြို့နယ်မှာ ဆေးဝါးများပြတ်လပ်နေ၍ အရပ်သားသေဆုံးမှုရှိလာပြီး ဖျားနာသူ၊ ဝမ်းပျက်ဝမ်းလျော့ ရောဂါဖြစ်ပွားနေသူ အများအပြားရှိနေကြောင်းလည်း ကူညီပေးနေသူများထံမှ သိရသည်။ မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင် ဆေးခန်းများရှိသော်လည်း ကျွမ်းကျင်ဝန်းထမ်းများနှင့် ဆေးဝါးများ မရှိသောကြောင့် ရောဂါဖြစ်ပွားသူနေများမှာ ဆေးကုသရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ လုံလောက်ဆေးဝါးများ မရှိခြင်းကြောင့် ပလက်ဝမြို့နယ် ခိုက်ခါအုပ်စု ကျေးတောရွာမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ကလေးက ရိုးရိုးဖျားနာတာပါ။ ဆေးဝါးလည်းမရှိ‌ဘူး။ မြို့တက်ပြီးတော့လည်း ဆေးမကုဖြစ်ဘူး။ ပြန်ကောင်းလာမလားဆိုပြီးစောင့်ကြည့်ရင်းနဲ့ တစ်ပတ်အကြာမှာ ရောဂါက အရမ်းဆိုးဝါးလာလို့ မြောက်ဦးဆေးရုံကို သွားတဲ့လမ်းမှာ သေဆုံးခဲ့ရတာပါ။ ပလက်ဝမှာ နောက်ထပ် နေမကောင်းဖြစ်တဲ့သူတွေ အများကြီးရှိပါတယ်။

Continue Reading