AA ထိုးစစ်ကြောင့် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF Asho က ဖမ်းဆီး
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ကြောင့် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF Asho က ဖမ်းဆီး

ဖေ‌ဖော်ဝါရီ ၂၆ - ၂၀၂၅
0

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် ကာကင်းစခန်းများမှ တပ်စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရှင်းလက်ရ ဖမ်းဆီးမိထားကြောင်း ချင်းကာကွယ်ရေးတပ် CDF Asho က ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် AA မှ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် တည်ရှိရာ တောင်ကုန်း အား ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်အတွင်း ကာကင်းစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးကို ဖမ်းဆီးရမိထားကြောင်း CDF Asho က ဆိုသည်။ ကာကင်းစခန်းများမှ တပ်စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF Asho တပ်က ဖေဖော်ဝါရီလ

Continue Reading
အိန္ဒိယ-မြန်မာ-ထိုင်း အာရှအဝေးပြေးလမ်းမကြီး စီမံကိန်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ရပ်ဆိုင်းနေဟု အိန္ဒိယ ပြော
စီးပွားရေး သတင်း
1 min read
0

အိန္ဒိယ-မြန်မာ-ထိုင်း အာရှအဝေးပြေးလမ်းမကြီး စီမံကိန်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ရပ်ဆိုင်းနေဟု အိန္ဒိယ ပြော

ဖေ‌ဖော်ဝါရီ ၂၆ - ၂၀၂၅
0

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အာရှအဝေးပြေးလမ်းမကြီး IMTT စီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်လိုသော်လည်း မြန်မာပြည်တွင် အခြေအနေ မငြိမ်သက်မှုများကြောင့် စီမံကိန်းကို ခေတ္တရပ်ဆိုင်းထားရသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟာတီမြို့တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတစ်ခုမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရတ် ဂျိုင်ရှန်ကာ (Jaishankar) မှ ပြောကြားခဲ့ကြောင်း အိန္ဒိယသတင်းဌာန NDTV က ဖော်ပြသည်။ “မြန်မာ့အခြေအနေကြောင့် IMTT အဝေးပြေးလမ်းစီမံကိန်းကို ခေတ္တရပ်ထားပါပြီ။ ဒီ ‘မြန်မာ့မငြိမ်မသက်မှုဟာ အရေးပါတဲ့ ဒီစီမံကိန်းကို တားဆီးဖို့ ခွင့်မပြုနိုင်ပါဘူး။ စီမံကိန်း အခြေအနေ တိုးတက်မှု သေချာစေဖို့အတွက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ရှာရပါမယ်”

Continue Reading
အစိမ်းရောင်ကတ်ကဲ့သို့ အခွင့်အရေးရမည့် “ရွှေကတ်” ကို နိုင်ငံခြားသားများအတွက် ဒေါ်လာ ၅ သန်းနှင့် ရောင်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြော
သတင်း
1 min read
0

အစိမ်းရောင်ကတ်ကဲ့သို့ အခွင့်အရေးရမည့် “ရွှေကတ်” ကို နိုင်ငံခြားသားများအတွက် ဒေါ်လာ ၅ သန်းနှင့် ရောင်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြော

ဖေ‌ဖော်ဝါရီ ၂၆ - ၂၀၂၅
0

အမေရိကန်တွင် နေထိုင်လိုသည့် ချမ်းသာသော နိုင်ငံခြားသားများအတွက် အစိမ်းရောင်ကတ် ကဲ့သို့ အခွင့်အရေးရမည့် “ရွှေရောင်ကတ်” ကို အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ရောင်းပေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။ နိုင်ငံခြားသားများအတွက် ရွှေရောင်ကတ် ရောင်းမည်ဟု ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်ပြီး ၎င်းတို့သည့် နေထိုင်အလုပ်လုပ်ကိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းရှိကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ “ကျွန်ုပ်တို့ ရွှေကဒ်ရောင်းတော့မယ်။ ရွှေရောင်ကတ်ဟာ အစိမ်းရောင်ကတ်ပါပဲ။ ရွှေရောင်ကတ် ဝယ်ထားတဲ့သူဟာ နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းတစ်ခုဖြစ်လာမယ်။ ချမ်းသာတဲ့သူတွေက ဒီကတ်ကို ဝယ်ပြီး ငါတို့နိုင်ငံထဲကို ဝင်လာလိမ့်မယ်” ဟု ဘဲဥပုံရုံးမှ ထရမ့်က ပြောကြားခဲ့သည်။ လက်ရှိတွင် ဒေါ်နယ်ထရမ့်သည်

Continue Reading
ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မာန်အောင်က ရေတပ်ကို စစ်ကောင်စီ အင်အားဖြည့်
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မာန်အောင်က ရေတပ်ကို စစ်ကောင်စီ အင်အားဖြည့်

ဖေ‌ဖော်ဝါရီ ၂၆ - ၂၀၂၅
0

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းစ၍ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေမှုကြောင့် မာန်အောင်မြို့နယ်ကို စစ်အင်အား တိုးမြှင့် ချထားလိုက်ကြောင်း သိရသည်။ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မာန်အောင်မြို့က ရေတပ်စခန်းနှင့် တပ်စခန်းများတွင် အင်အား ထပ်ဖြည့်တင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များမှ ပြောသည်။ မာန်အောင်သတင်းရင်းမြစ်တစ်ဦးက “မာန်အောင်မှာ စစ်ကောင်စီက အင်အားဖြည့်တာ၊ တပ်သားတွေ စုထားတာက ပုံမှန်ပဲပေါ့နော်။ ဒါပေမယ့် ကျောက်ဖြူမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ကြတော့ မာန်အောင်က ရေတပ်စခန်းနဲ့ တပ်စခန်းတွေမှာ အင်အားတွေ ထပ်ဖြည့်ထားတယ်လို့ သိရတယ်။ မာန်အောင်ကိုတော့ စစ်ကောင်စီက အခိုက်အမာကို ခံစစ်ပြင်ဆင်ထားတယ်” ဟု ပြောသည်။ ကျောက်ဖြူ

Continue Reading
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ကျောင်းသားလက်ရုံးတပ်တော်က ရော့ကတ်ဒုံး အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ကျောင်းသားလက်ရုံးတပ်တော်က ရော့ကတ်ဒုံး အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၆ - ၂၀၂၅
0

စစ်ကိုင်းတိုင်း မုံရွာ-ရေဦး အဝေးပြေးလမ်းမကြီးအနီးတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ကို ကျောင်းသားလက်ရုံးတပ်တော် SAF က ရော့ကတ်ဒုံး အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ် ၃ နာရီကျော်အချိန်တွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ရော့ကတ်ဒုံး အလုံး ၇၀ နှင့် အမှတ် ၅၀၈ အမြောက်တပ်ရင်းကို ရော့ကတ်ဒုံး အလုံး ၃၀ စုစုပေါင်း အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF က ဆိုသည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က

Continue Reading