ရခိုင်က လွတ်မြောက်နယ်များတွင် ဥပဒေမဲ့ ဓါးပြမှု၊ လူသတ်မှု များပြားလာ
(AA က ဥပဒေမဲ့ လုပ်ရပ်များကို သေချာ မကိုင်တွယ်နိုင်လျှင် ပြည်သူ့ယုံကြည်မှု ကျဆင်းလာနိုင်) အာရက္ခတပ်တော် ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက် ရခိုင်ပြည်အတွင်း လွတ်မြောက်နယ် မြေများတွင် ဓါးပြတိုက်မှု၊ လူသတ်မှုနှင့် ခိုးဆိုးလုယက်မှုများ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာနေသည်။ Western News ၏ စုစည်းချက်အရ ရခိုင် လွတ်မြောက်နယ်မြေများတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဥပဒေမဲ့ လုပ်ရပ် ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိနေပြီး ကလေးသူငယ် ၂ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်လည်း ပါဝင်နေသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က လက်ရှိအချိန်အထိ တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိဘဲ
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ဗုံးကြဲမှုနှင့် စစ်ကြောင်း ထိုးမှုကြောင့် အရပ်သား ၁၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲပြီး မြေပြင်တွင် စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး နေအိမ် ၁၁လုံး ပျက်စီးသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် -နမခမှ အင် အားဖြည့်တင်းထားသော စစ်သားများနှင့် မြပုလဲဂိတ်မှ စစ်သားများ ပူးပေါင်းကာ နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာတို့ကို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။ အဆိုပါကျေးရွာများကို ဝေဟင်မှ ဂျက်ဖိုကတာ တစ်စီးဖြင့် ပထမဆုံး အကြိမ်ကျေးရွာ အတွင်း ဗုံးကြဲခဲ့ပြီး မြေပြင်စစ်ကြောင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တပြိုင်တည်း ဝင်ရောက် စီးနင်းခဲ့ကြောင်း
ပုဏ္ဏားကျွန်းမှာ သောက်သုံးရေပြတ်လပ်မှု ဆိုးရွားလာ
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသများတွင် သောက်သုံးရေ ပြတ်လပ်မှု တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာပြီး ဒေသခံပြည်သူများမှာ နေ့စဉ် ရေရှားပါးသည့်ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။ “နှစ်တိုင်းလိုလိုပင် ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒီနှစ်မှာဆို ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရေရှားပါးမှုဒဏ်ကို အကြီးအကျယ်ခံနေရတယ်။ စစ်ရှောင်တွေ များလာတာနဲ့အတူ ဒေသခံတွေပါ သောက်စရာရေ၊ မိုးလင်းရင် မျက်နှာသစ်ဖို့ ရေကအစ မရှိလောက်အောင်ကို ရှားပါးနေတာဖြစ်ပါတယ်။ ထိုင်လို့ မနေနိုင်လောက်အောင်ပူတဲ့ နွေရာသီမှာ ရေမရတဲ့ ဒုက္ခက ပုဏ္ဏားကျွန်းဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် တစ်ပူမှာ နှစ်ပူဆင့် ဖြစ်ရပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့လူငယ်များအစည်းအရုံး PYA က ပြောသည်။ ပုဏ္ဏားကျွန်းဒေသမှာရှိသည့် ရေတွင်းရေကန်များမရှိသော စစ်ဘေးရှောင်စခန်းများမှာ
မြောက်ဦး သျှစ်သောင်းဘုရားမှာ ဓါးပြတိုက်ပြီး ဘုရားဂေါပကတစ်ဦး ကို သတ်ဖြတ်သွား
(တရားခံ ထွက်ပြေး လွတ်မြောက်နေ) အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် ရှေးဟောင်း မြောက်ဦးမြို့တော်ရှိ သျှစ်သောင်းဘုရားအတွင်း ဘုရားအလှူငွေများ ဓါးပြတိုက်ခိုက်ခံရစဉ် ဘုရားဂေါပကတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မင်းပြားဒေသခံ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် သျှစ်သောင်းဘုရားက အလှူငွေများကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေ့လယ်ပိုင်းတွင် ဓါးပြတိုက်ပြီး တောင်းယူရာမှာ ဘုရားဂေါပက မပေးနိုင်ဟု ငြင်းဆို၍ ဓါးဖြင့် ခုတ်သတ်ခံလိုက်ရကြောင်း သိရသည်။ အသတ်ခံရပြီး သေဆုံးသွားသော ဘုရားဂေါပကမှာ အသက် ၆၀ အရွယ် ဦးအောင်မြင့်ဇော် ဖြစ်ပြီး မြောက်ဦးမြို့ခံတစ်ဦးဖြစ်သည်။ မြောက်ဦးမြို့ခံတစ်ဦးက “လူလတ်ပိုင်း အမျိုးသားတစ်ဦးဟာ ဓါးရှည်တစ်လက်ကိုင်ဆောင်ပြီး သျှစ်သောင်းဘုရားက အလှူငွေကို ဓါးပြတိုက်ပါတယ်။ ဘုရားဂေါပအဖွဲ့ဝင်
လက်နက်များနှင့် ခဲယမ်းများကို အပ်နှံရန် ပြည်သူများကို CDF မင်းတပ် အသိပေး
ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိထားသည့် လက်နက်နှင့် ခဲယမ်းများကို တပ်ဖွဲ့များထံ ပြန်လည်အပ်နှံကြရန် CDF မင်းတပ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိထားသည့် လက်နက်များနှင့် ခဲယမ်းများဖြစ်စေ၊ တခြားတနည်းနည်းနှင့် ရရှိထားသော လက်နက်ခဲယမ်းများဖြစ်စေ၊ တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်နှင့် လက်နက်ခဲယမ်းများဖြစ်စေ နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံ အပ်နှံပေးရမည်ဟု CDF မင်းတပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ CDF မင်းတပ် ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိထားသော လက်နက်ခဲယမ်းများကို မတ်လ ၁၅ ရက်နေ့ မတိုင်မီ အပြီးအစီး အပ်နှံပေးရမည်ဟု သိရသည်။ သတ်မှတ်ရက် ကျော်လွန်ပြီး လက်နက်ခဲယမ်းများကို လက်ဝယ်ထားရှိခြင်း၊ ကိုင်ဆောင်ခြင်းနှင့်
မုံရွာက တာဝါတိုင် စခန်းကုန်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းက စစ်ကောင်စီ တပ်စခန်း ၇ ခုကို PDF တိုက်ခိုက်
ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်ကောင်စီတပ် ဂိတ်စခန်း ၇ ခုနှင့် စစ်တိုင်း မုံရွာမြို့နယ်က ဗောဓိတစ်ထောင် MRTV အသံလွှင့် တာဝါတိုင်စခန်းကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် စစ်တပ်ဂိတ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်ချေမှုန်းခဲ့မှုတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်း