သာပေါင်းမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီက စက်တပ်လေထီးများဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

သာပေါင်းမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီက စက်တပ်လေထီးများဖြင့် တိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၈ - ၂၀၂၅
0

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းကစ၍ သာပေါင်းမြို့နယ် အနန်းကုန်း၊ ခွေကုတ်နှင့် သာပေါင်းလေး ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ပုသိမ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မနေ့က မနက်ပိုင်းကစပြီး အနန်းကုန်း၊ ခွေးကုတ်တို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်။ AA ရဲ့ ပူးပေါင်းတပ်ဖွဲ့က အင်အား အများအပြားနဲ့ တိုက်ခိုက်နေတယ်လို့ သိရတယ်။ စစ်ကောင်စီကလည်း လေယာဉ်တွေ၊ လေထီးတပ်တွေနဲ့ ပြန်ခုခံနေတယ်လို့ ပြောတယ်” ဟု ပြောသည်။ သာပေါင်းမြို့နှင့် ရေကြည်မြို့နယ် အစပ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၄၄

Continue Reading
စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က အဘွားအို ၁ဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်
စစ်ရေး သတင်း
0 min read
0

စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က အဘွားအို ၁ဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်

ဖေ‌ဖော်ဝါရီ ၂၈ - ၂၀၂၅
0

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ နှစ်ဦးကို သတ်ဖြတ်ကာ ကျေးရွာအတွင်းက နေအိမ် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဇီးဖြူကုန်းရွာမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး အရပ်သားများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ် ဝင်ရောက်လာချိန်တွင် နှမစားရစ်ရွာ အသက် ၅၀ အရွယ်ရှိ ဦးအောင်စိုး နေအိမ်အတွင်း ပုန်းအောင်းနေစဉ် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုသည်။ ထို့အပြင် အဆိုပါကျေးရွာမှ

Continue Reading
ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၈ - ၂၀၂၅
0

တရုတ်စီမံကိန်းများရှိသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက် အရ သိရသည်။ ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီ၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသလို ဓညဝတီရေတပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဖြင့် ခုခံနေပြီး သစ်ပုတ်တောင်ကျေးရွာ အနီးတစ်ဝိုက်နှင့် ကြတ္တိန်၊ စည်မော် ကျေးရွာဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒေသခံတစ်ဦးက “မနေ့က တနေ့လုံးနီးပါး သစ်ပုတ်တောင်နဲ့ ရေတပ်မနီးက ရွာတွေကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေက ဘေလွတ်ရာကို ရွှေ့ပြောင်းနေနေကြပါတယ်။ အထိအခိုက် သေဆုံးမှုရှိလားမရှိဘူးလား

Continue Reading
မြောက်ဦးဆေးရုံကြီးတွင် ဆေးဝါးများ စျေးမြှင့်တင် ရောင်းချမှုကြောင့် လူနာများ အခက်တွေ့
ကျန်းမာရေး သတင်း
0 min read
0

မြောက်ဦးဆေးရုံကြီးတွင် ဆေးဝါးများ စျေးမြှင့်တင် ရောင်းချမှုကြောင့် လူနာများ အခက်တွေ့

ဖေ‌ဖော်ဝါရီ ၂၈ - ၂၀၂၅
0

ရခိုင်ပြည် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးများကို စျေးအဆမတန် မြှင့်တင်ရောင်းချနေမှုကြောင့် လူနာများအခက်တွေ့လျှက်ရှိနေသည်ဟု ဆေးကုသမှုခံယူနေသည့် လူနာများထံမှ သိရသည်။ ဆေးရုံတွင်းရောင်းချသည့် ဆေးဝါးများမှာ စျေးနှုန်း အတည်တကျမရှိခြင်းနှင့် ပြင်ပဆေးဝါးများထက် စျေးပိုမြင့်တင်ပြီး လူနာများ မဖြစ်မနေ ဝယ်ယူနေကြရကြောင်း လူနာအမျိုးသမီးတစ်ဦးက ပြောသည်။ “ဆေးဝါးစျေးတွေက တစ်ယောက်ကို ပေးလိုက်တဲ့စျေးနဲ့ နောက်တစ်ယောက်ကို ပေးတဲ့ စျေးတွေက ကွာနေတာတွေရှိတယ်။ ရောင်းတဲ့ သူနာပြုရဲ့ ပါးစပ်ကထွက်တဲ့ စျေးပဲဖြစ်နေတယ်။ ပြီးတော့ ပြင်ပဆေးဆိုင်တွေထက် စျေးပိုတယ်။ ကျမ ဆေးရုံက ဝယ်လာတဲ့ ပိုးသတ်ဆေးနဲ့ တစ်ခြားချောင်းဆိုး ဝေဒနာသက်သာစေတဲ့ ဆေးရဲ့ စျေးတွေကို ပြင်ပဆေးဆိုင်တွေမှာ မေးကြည့်တော့ စျေးကွာနေတာလည်း တွေ့ရတယ်” ဟု ပြောသည်။ ပြင်ပဆေးဆိုင်များ၌

Continue Reading