ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ နီးပါးအဖမ်းရသည့် အထဲတွင် ရခိုင်အများ အပြားပါဝင်
ရန်ကုန်တိုင်း ဒေသကြီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက လူငယ် ၅၀၀ နီးပါး အဖမ်းခံရသည့် အထဲတွင် ရခိုင်လူငယ်အများအပြားလည်း ပါဝင်ခဲ့ကြောင်း Western News က စုံစမ်းသိရှိရသည်။ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံလိုက်ရသူ ရန်ကုန်တွင် စုစုပေါင်း ၄၇၅ ဦး ရှိခဲ့ပြီး ယင်းတို့ အနက် ၅၈ ဦး ပြန်လွတ်လာခဲ့ကာ ၁၇ ဦးကိုမူ ပြန်မလွှတ်ပေးသေးဟု အတည်ပြု သိရှိရကြောင်း Rangoon Scout Network က ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သည်။ “လမ်းမပေါ် တွေ့ရာ လိုက်ဆွဲလို့ ပါသွားသူ ဦးရေမှာ ၂၄၁ ဦး ရှိပြီး
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ် ဓာတ်အား ပေးထားမှု ချက်ချင်းဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ် အတည်ပြု
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ်ဓာတ်အား ပေးထားမှု တုံ့ဆိုင်းမှုမရှိဘဲ ဖြတ်တောက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းနိုင်ငံအနေဖြင့် မြန်မာနယ်စပ် မြ၀တီမြို့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး မြန်မာဘက်အခြမ်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို လည်ပတ်နေမှုကို နှိမ်နင်းရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ပြောဆိုသည်။ ယနေ့တွင် ထိုင်းအစိုးရက ဝန်ကြီးအစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အမျိုးသားလုံခြုံရေးကောင်စီ (NSC) နှင့် တွေ့ဆုံ၍ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ ပြဿနာများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေခဲ့ကြောင်း ပြောဆိုသည်။ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌ Phumtham က နိုင်ငံတကာသို့ လှည့်လည်လိမ်လည်နေသော
မင်းပြားမှာ မွတ်ဆလင် အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ဖြတ်ခံရ
ရခိုင်ပြည် မင်းပြားမြို့နယ် မွတ်ဆလင်ကျေးရွာ လက်မအုပ်ချုပ်ရေးမှူးဖြစ်သူကို ဂိုဏ်းတစ်ခု၏ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၃၅ နှစ်အရွယ်ရှိ လက်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းနိုင်ကို မွတ်ဆလင်ဂိုဏ်းတစ်ခုမှ ဖေဖော်ဝါရီလ ၁ ရက်တွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ မင်းပြားလူငယ်တစ်ဦးက “ဟုတ်တယ်ဗျ၊ လက်မကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရလို့ သေဆုံးသွားပါတယ်။ သူတို့အချင်းချင်းပဲလို့ သိရပါတယ်။ မွတ်ဆလင်ဂိုဏ်းတစ်ခုက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။ ဖေဖော်ဝါရီလ ၁ ရက် ည ၈ နာရီခန့်တွင် ဦးမောင်သိန်းနိုင်သည် ရွာထဲ လက်ဖက်ရည်ဆိုင်ထဲရှိနေစဉ် ဂိုဏ်းတစ်ခုက ဓါးဖြင့် ခုတ်သတ်သွားကြောင်း သိရသည်။ “လက်နဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေ အပြည့်ပါ။
မိုခါမုန်တိုင်းသင့် ပြည်သူများကိုပေးရန် စစ်တွေမြို့ ဗုဒ္ဓပြတိုက်တွင်ထားရှိသည့် ဆန်အိတ် ၈၀၀၀ ကို စစ်ကောင်စီက ရိက္ခာအဖြစ် အသုံးပြု
ရခိုင်ပြည်က မိုခါမုန်တိုင်းသင့်ပြည်သူများကို ပေးရန်ထားရှိသည့် စစ်တွေမြို့ ဗုဒ္ဓပြတိုက်က ဆန်အိတ် ၈၀၀၀ ကို စစ်ကောင်စီတပ်ရင်းများက ရိက္ခာအဖြစ် အသုံးပြု စားသုံးနေကြောင်း စစ်ကောင်စီ ဝန်ထမ်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။ စစ်တွေမြို့နယ်က ပြည်သူများအား ပြန်လည်ထူထောင်ရေးအတွက် ဆန်များထောက်ပံ့ရန် ပြည်နယ်စစ်ကောင်စီအဖွဲ့သည် ဗုဒ္ဓပြတိုက်အောက်ထပ်နှင့် အပေါ်ထပ်တွင် ဆန်အိတ်ပေါင်း ၈၀၀၀ ကို ၂၀၂၃ ဇူလိုင်လကတည်းက ထားရှိခဲ့သည်။ အဆိုပါဆန်အိတ်များသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက၊ ပြည်တွင်း၊ ပြည်ပက အလှူရှင်များ က လှူဒါန်းထားသည့် ဆန်အိတ်များ ဖြစ်ကြပြီး ယင်းဆန်အိတ်များကို စစ်ကောင်စီတပ်သားများက အသုံးပြုနေကြောင်း လွတ်မြောက်နယ်မြေရောက် ဝန်ထမ်းတစ်ဦးက ပြောသည်။ “ပြည်နယ်အစိုးရအဖွဲ့မှာ ပြည်ထောင်စုက လာတဲ့ ဆန်တွေ၊ နိုင်ငံတကာအဖွဲ့က လှူတဲ့ဆန်တွေ၊
ဂွမှာ စစ်ကျန် ဗုံးသီး ပေါက်ကွဲ၍ ကလေးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
ရခိုင်ပြည် ဂွမြို့နယ် တိုင်ကျိုးကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လယ်ပိုင်းက စစ်ကျန်လက်နက်ပစ္စည်း ဗုံးသီးပေါက်ကွဲ၍ ကလေးအပါအဝင် အရပ်သား ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂ ဦးရှိကြောင်း သိရသည်။ သေဆုံးသူမှာ အသက် ၅ နှစ်အရွယ် ကလေးငယ် ကျား တစ်ဦးနှင့် မ တစ်ဦး၊ လူကြီးပိုင်း တစ်ဦးတို့မှာ သေဆုံးသွားပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဒဏ်ရာ ရရှိသူနှစ်ဦးကို ဆေးကုသမှု ခံယူနိုင်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တာဝန်ခံများမှ ပို့ဆောင်ကူညီခဲ့သည်ဟု ဆိုသည်။ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက “ကလေးငယ်တစ်ဦးကတော့ အခင်းဖြစ်စဉ်မှာပဲ ပွဲချင်းပြီး ဆုံးသွားပါတယ်။ ဗိုက်ပွင့်ပြီးတော့။ ၅
စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် လေးနှစ်အတွင်း ချင်းပြည်မှာ လူပေါင်း ၁၀၀၀ ခန့်သေဆုံး
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၉၆၅ ဦးသေဆုံးသွားခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) အဖွဲ့က ပြောသည်။ ချင်းပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းကို ICA အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ထားသည်။ ချင်းပြည်သူ ၉၆၅ ဦး သေဆုံးခဲ့ရသည့်အထဲတွင် အရပ်သား ၄၉၁ ဦးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးပါဝင်သည်ဟု ဆိုသည်။ သေဆုံးခဲ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးထဲတွင် အမျိုးသမီး ၉ ပါဝင်ကြောင်း ICA က ပြောသည်။ ယင်းအပြင် လေးနှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မြေမြှုပ်မိုင်းအန္တရာယ်များကြောင့်
ရန်ကုန်မှ ကုန်တင်သင်္ဘောများကို AA က ခေါ်ယူစစ်ဆေးမှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေကြောင်းကုန်သွယ်ရေး ရပ်တန့်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကပြော
ပြီးခဲ့သည့် သီတင်းနှစ်ပတ်က စစ်ကောင်စီ ထိန်းချုပ်သည့် ရန်ကုန်မြို့မှ ထွက်လာသော ကုန်သွယ်ရေးသင်္ဘော ၃ စီးကို အာရက္ခတပ်တော် AA က ခေါ်ယူစစ်ဆေးမှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးမှာ ရပ်တန့်သွားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် တက္ကနာ့ပ်ဆိပ်ကမ်းသို့ ကုန်သွယ်ရန် ရန်ကုန်ဆိပ်ကမ်းမှ ထွက်လာသော ကုန်တင်သင်္ဘော ၃ စီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA ထိန်းချုပ်သည့် မောင်တောဒေသ ရခိုင့်ပင်လယ်ပြင်မှ ဖြတ်သန်းသွားစဉ် အဆိုပါ သင်္ဘောများကို AA က ခေါ်ယူစစ်ဆေးခဲ့သည်။ ယင်းအထဲမှ သင်္ဘောနှစ်စီးကို ဇန်နဝါရီလ ၂၀ ရက်တွင် အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးခဲ့ကြောင်း တက္ကနာ့ပ်ဆိပ်ကမ်း အာဏာသိမ်းများက
မြန်မာနိုင်ငံသား ၂၇၈ ဦး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူ
မြန်မာနိုင်ငံသား ၂၇၈ ဦးသည် မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသား အဖြစ် ပြောင်းလဲခံယူလိုက်ကြောင်း စင်ကာပူရှိ စစ်ကောင်စီသံရုံးက ယနေ့ ဖေဖော်ဝါရီ ၃ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို လာရောက်အပ်နှံခဲ့ကြပြီး အဆိုပါသူများမှာ သံရုံးထောက်ခံစာကို လာရောက်ယူနိုင်ကြောင်း နိုင်ငံကူးလက်မှတ်မူရင်းနှင့် Processing Letter မူရင်းတို့ကိုပါ တစ်ပါတည်း ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း ကြေညာထားသည်။ မြန်မာနိုင်ငံသား ၂၇၈ ဦးသည် စင်ကာပူနိုင်ငံသားအဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ကူးပြောင်းသွားခြင်း ဖြစ်ပြီး နိုင်ငံသားကူးပြောင်းသွားသူအများစုမှာ စင်ကာပူ PR အမြဲတမ်း နေထိုင်ခွင့်ရရှိထားသော ပညာတတ်လူတန်းစားအများစုဟု သိရသည်။ စင်ကာပူရောက် မြန်မာတစ်ဦးက “မြန်မာသံရုံးက ကြေညာတဲ့အထဲမှာ မိတ်ဆွေတွေရဲ့
စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်
ရခိုင်ပြည်ထဲက စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့တော် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့နှင့် ရေတပ်ဌာနတို့တွင် ထိပ်ပိုင်းအရာရှိအချို့ကို အပြောင်းအလဲလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့တွင် ရုံးစိုက်ထားသော ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တွင် ရဲမင်းကြီး အပြောင်းအလဲနှင့် စစ်တွေရေတပ်ဌာနချုပ်တွင် ရေတပ်အကြီးအကဲကို ပြောင်းအလဲလုပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “နာမည်တွေဘာတွေနဲ့တော့ တွဲပြီး မသိဘူး။ ဌာနဆိုင်ရာဝန်ထမ်းအချို့ပြောတာက ရဲမင်းကြီးနဲ့ ရေတပ်အကြီးအကဲကို အပြောင်းအလဲလုပ်ထားတယ်။ ဇန်နဝါရီလထဲမှာ အပြောင်းအလဲလုပ်ထားတယ်လို့ သိထားတယ်။ ရဲမင်းကြီးအသစ်ရောက်လို့ ဧည့်စာရင်းစစ်တပ်၊ နေ့ခင်းဆိုရင်လည်း ကင်းလှည့်ဆောင်ရွက်တာ ပိုလုပ်တာ တွေ့ရပါတယ်” ဟု ပြောသည်။ လမ်းမတော်၊ တရားသီးစုရပ်ကွက်တို့တွင် အစစ်အဆေးများနေပြီး ကယ်ဆယ်ရေး အကွက် (၁)၊ အကွက် (၂) တို့တွင် ညအပါအဝင် နေ့ခင်းလည်း
မကွေးက မဲဇလီ ရဲစခန်းကို AA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ အထိအခိုက်များဖြင့် ဆုတ်ခွာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီ ရဲစခန်းကို AA နှင့် PDF၊ CDF – ASHO တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ဒဏ်ရာများဖြင့် ဆုတ်ခွာသွားကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ နေလယ် ၁နာရီကျော်က မုံရွာလမ်းမကြီး မဲဇလီ ရဲစခန်းကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF၊ ကာကွယ်ရေးတပ် – အရှို တို့ပူပေါင်းအဖွဲ့ တို့က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “AA ပူးပေါင်းတပ်ဖွဲ့တွေက မဲဇလီ ရဲစခန်းကိုဝင်တိုက်တာဗျ၊ တိုက်ပွဲက