စစ်သုံ့ပန်းနှင့် အကျဉ်းသား ၁၄၀ ကျော်ကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေး
တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုဝင်များထဲက မိသားစုဝင်များနှင့် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးထားသည့် အရပ်သား အကျဉ်းသား စုစုပေါင်း ၁၄၂ ဦးကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သား အကျဉ်းသား ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ၎င်းတို့အားလုံးမှာ လွှတ်ပေးလို့ရသည့် သုံ့ပန်းများဖြစ်ကြောင်း အာရက္ခတပ်တော် AA မှ တာဝန်ရှိသူများက ပြောသည်။ သုံ့ပန်း ၁၁၆ ဦးထဲမှာ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၇၆ ဦးတို့ပါဝင်ပြီး အကျဉ်းသား ၂၆ ဦးက အမျိုးသားပဲဖြစ်ကြောင်း သိရသည်။ ၎င်းတို့အားလုံးကို အာရက္ခတပ်တော် AA
၉၉ ခြေလျင်တပ်မဌာနချုပ်မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကို AA က အရှင်ဖမ်းမိ
မကွေးတိုင်းနှင့် ရခိုင်ပြည်အစပ် ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ယာယီ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး AA က အရှင်ဖမ်းဆီးရရှိကြောင်း AA ၏ သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ ဖြစ်သည်။ အမှတ် ၉၉၂ နည်းဗျူဟာမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဦးဆောင်သော အင်အား ၃၆၀ ပါ စစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ ရမည်းသင်းမှ အမ်း-ပဒါန်းလမ်းပိုင်းသို့ ထွက်လာခဲ့ကြောင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွား
ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲလောက်မှာ အာရက္ခတပ်တော် AA အင်အား ၁၀၀ ကျော်လောက်က ကျေးရွာကို ဝိုင်းရံ ပိတ်ဆို့ပြီး စစ်မှုထမ်းရန်အတွက် ကျေးရွာအတွင်း မြိုလူမျိုး ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်းသွားခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။ ယင်းခုံတိုင်ကျေးရွာသည် မောင်တောမြို့နှင့် မိုင် ၃၀ ခန့် ကွာဝေးပြီး အိမ်ခြေ ၁၈၆ အိမ်ခြေရှိသည့်
AA စစ်ဦးစီးချုပ် ကတိအတိုင်း ဝိတိုရိယ တောင်ထိပ်မှာ ချင်းအလံကို လွှင့်ထူနိုင်ပြီ
အာရက္ခတပ်တော် AA အကူအညီဖြင့် ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံတော်ကို လွှင့်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း Chin Defence Force – Kanpetlet က ဖေဖော်ဝါရီ ၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။ အာဏာရှင်များကို အသက်၊ သွေး၊ ချွှေး များစွာနှင့် တွန်းလှန်တိုက်ထုတ်နိုင်ပြီဖြစ်၍ အနှစ်သာရပြည့်ဝပြီး စစ်မိစ္ဆာ ကင်းစင်နိုင်ခဲ့သော (ချင်းပြည်တောင်ပိုင်း) စစ်ရေးအောင်မြင်မှု အထိမ်းအမှတ် အနေဖြင့် (ဝိတိုရိယတောင်) Khawnumcung ဟု ပြန်လည်မှည့်ယူ ခေါ်ဆိုနိုင်ခဲ့ကြကြောင်း ဆိုသည်။ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ ချင်းပြည်အတွက် ဝိတိုရိယ (Mt.Victoria) တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျွန်တော်တို့
စစ်တွေမြို့အနီးမှာ လက်နက်ကြီး ပစ်ခတ်သံများကြားရ
ရခိုင်ပြည် စစ်တွေမြို့အနီးမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က ကျယ်လောင်သည့် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း စစ်တွေမြို့ခံများက ပြောသည်။ စစ်တွေမြို့ခံများမှာ နေရာအတိအကျ မသိကြသော်လည်း အမြင့်ကျွန်းနှင့် ပါဒလိတ်ဘက်တွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။ “မနေ့ညက လက်နက်ကြီးသံတွေ ၁၀ နာရီကျော်လောက်မှာ စကြားရတယ်။ ဘယ်သူတွေ ပစ်တာလဲတော့ မသိဘူး။ တော်တော်ကို အသံမြည်တာ။ ၁၂ နာရီကျော် ၁ နာရီလောက်မှာ လေယာဉ်သံတွေကြားရတယ်။ ဟိုက်စကီးဆင်းတာလည်း ကြားရတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအချို့ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။ “မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိပါသည်” ဟု စစ်ခေါင်းဆောင်
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိတ်ဆို့အရေးယူ
(ထရမ့်လုပ်ရပ်သည် နိုင်ငံတကာ တရားစီရင်ရေးစနစ်ကို သစ္စာဖောက်ခြင်းဟု Amnesty International ပြော) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် လက်မှတ်ရေးထိုးထားသည်။ ဂါဇာနှင့်စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးဝန်ကြီးချုပ်အား ဖမ်းဝရမ်းထုတ်ခဲ့သည့် အကြောင်းပြချက်ဖြင့် ICC ကို ဒေါ်နယ်ထရမ့်က ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ICC ၏ အရာရှိများကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ICC ၏ စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ခဲ့သော အမေရိကန်နိုင်ငံသားများနှင့် မဟာမိတ်များအပေါ်ကိုလည်း ၎င်းတို့၏ မိသားစုဝင်များကိုပါ ဗီဇာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် အရေးယူထားခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် လုပ်ရပ်သည် နိုင်ငံတကာ
စစ်ကောင်စီ ဆက်တိုက်ဖမ်းဆီးမှုကြောင့် ရန်ကုန်ရောက် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာ
အာဏာသိမ်း စစ်ကောင်စီ၏ ဆက်တိုက် လိုက်လံဖမ်းဆီးနေ၍ ရန်ကုန်မှာရှိသည့် ကျောင်းသားလူငယ်များအပါအဝင် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာသွားကြောင်း စုံစမ်း သိရှိရသည်။ ရန်ကုန်တိုင်း မြို့နယ် ၅ ခုထက်မနည်းမှ အဆောင် ၆၀ ခုထက်မနည်းက ရခိုင်လူငယ် ၄၀၀ ကျော်မှာ မိမိဒေသ ရခိုင်ပြည်နှင့် ထိုင်း၊ မလေးရှားအပါအဝင် နိုင်ငံခြားသို့ ထွက်ခွာသွားကြောင်း ရန်ကုန်ရောက် ရခိုင် အဖွဲ့အစည်းတစ်ချို့ က ပြောသည်။ “အခုအဖမ်း အဆီးအရမ်းများတယ်။ တစ်ချို့ လူငယ်တွေဆို အဖွဲ့အလိုက်သွားတယ်။ တစ်ချို့ကတော့ စုဖွဲ့ပြီးတော့ သွားတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေပါတယ်။ ပြီးတော့ ဘာသာစကားသင်တန်းကျောင်းတက်နေသူတွေ၊ ပန်းထိမ်း လုပ်နေတဲ့သူတွေ အများကြီးပါပဲ။ အခု
ဂွမြို့နယ် ကန့်ကော်တောင်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ အဆောက်အအုံများပျက်စီးသွား
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ဂွမြို့နယ် ကျိန္တလီမြို့ ကန့်ကော်တောင်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးသွားကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်ခြင်းမရှိဘဲ အဆောက်အအုံများ ပျက်စီးသွားကြောင်း ဂွမြို့နယ် ဒေသခံတစ်ဦးက Western News ကို ပြောသည်။ “ဖေဖော်ဝါရီလ ၄ ရက်မှာ ကန့်ကော်တောင်လို့ ခေါ်တဲ့ ကွက်သစ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးသွားပါတယ်။ လေးငါးခြောက်ဆောင်လောက် ပျက်စီးသွားပါတယ်။ လူတော့ အထိအခိုက် မရှိဘူး” ဟု ပြောသည်။ ဂွမြို့နယ်၊ ကျိန္တလီမြို့သည်
ရခိုင်က ၁ နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေး မထိုးရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာ
ရခိုင်ပြည်အတွင်းက စစ်ရှောင်ကလေးငယ်များအပါအဝင် ၁ နှစ်အောက် ကလေးငယ်များမှာ ယခုအချိန်အထိ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း မိဘများထံမှ သိရသည်။ ၂၀၂၃ နိုဝင်ဘာလ တိုက်ပွဲစတင်ကတည်းက ၁ နှစ်အောက် ကလေးငယ်များမှာ ကာကွယ်ဆေးမထိုးရဘဲ ရှိနေကြသလို လက်ရှိ မွေးဖွားကြသည့် ကလေးငယ်များမှာလည်း ကာကွယ်ဆေး ထိုးနှံခြင်းမရရှိကြကြောင်း သိရသည်။ ထိုကြောင့် ရခိုင်ပြည်မှာ ကာကွယ်ဆေးမထိုးရဘဲ အရွယ်ရောက်လာသည့် ကလေးငယ် အများအပြားရှိလာနေကြောင်းလည်း မိဘများက ပြောဆိုကြသည်။ မြေပုံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမကလေးက မွေးကတည်းက ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး။ အခုဆို ကလေးက ၁၀ လထဲဝင်ပြီ။ ထိုးမယ့် ကာကွယ်ဆေးတွေလည်း မရှိဘူးလို့ကြားတယ်။ ကလေးတိုင်း ထိုးပေးကျဖြစ်တဲ့ ကာကွယ်ဆေးတွေ မထိုးရတော့ ကျမကလေးအတွက်