ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း လူပေါင်း ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရ
ရန်ကုန်တိုင်း ဒေသကြီး ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လူပေါင်း ၂၃၃ ဦးကို ဖမ်းဆီး ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ Rangoon Scout Network (RSN) က သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်မှ အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၉၆ ခုကို သိရှိခဲ့ရပြီး ၎င်းတို့အနက် ၂၆ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ် အခု ၇၀ ကိုသာ အတည်ပြုထားကြောင်း ဆိုသည်။ ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီက ကနဦးဖမ်းဆီးခံရမှုတွင် စုစုပေါင်း ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်လာခဲ့ကာ ၈ ဦးကိုမူ
ငလျင် ၃ ကြိမ်လှုပ်ခတ်မှု မအူပင်မြို့ ဗုဒ္ဓဆင်းထုတော်၊ ဘုန်းကြီးဆောင်နှင့် နေအိမ်တချို့ ပျက်စီး
ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့အနီးတွင် ဗဟိုပြု၍ အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင် ၃ ကြိမ်လှုပ်ခတ်မှု မအူပင်မြို့ပေါ်ရှိ ဗုဒ္ဓဆင်းထုတော်၊ ဘုန်းကြီးဆောင်နှင့် နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၄ နာရီ ၃၆ မိနစ်မှစတင်ပြီး အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များ ဆက်တိုက် လှုပ်ခတ်ခဲ့ရာ မအူပင်မြို့ပေါ် စိမ်းမြကန်သာဘုရားပင်မဆောင် ပြိုကျသွားကြောင်း ဒေသပြည်သူများက ပြောသည်။ မတ်လ ၅ ရက်နေ့ နံနက် ၄ နာရီ ၃၆ မိနစ်အချိန်တွင် အင်အား ၅
တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ဖမ်းဆီးခံရ
တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများက ဖော်ပြာသည်။ ၎င်းတို့မှာ ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာစဉ် သတင်းပေး တိုင်ကြားမှုကြောင့် ကန်ချနဘူရီ တောအုပ်တစ်နေရာတွင် ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် လူငယ်များမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်ကြပြီး မတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ခွာလာကြသည့် လူငယ်များတွင် အမျိုးသမီးငယ်
မြန်မာ ကျောင်းသားများအတွက် ဒေါ်လာ ၄၅ သန်း ဖြတ်တောက်မှု ထရမ့် ချီးကျူး
မြန်မာ ကျောင်းသားများ အတွက် ပေးအပ်ထားသော Diversity and Inclusion Scholarship Program (DISP) ပညာတော်သင်ဆု ဒေါ်လာ ၄၅ သန်း ကို ရပ်ဆိုင်းနိုင်ခဲ့မှုအတွက် အမေရိကန်သမ္မတ ထရမ့်က ချီးကျူးပြောဆိုသည်။ မြန်မာပြည်မှ ကျောင်းသားများအတွက် ပညာသင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်း ပေးနေမှုအား အီလွန်မတ်စ် ဦးဆောင်သော အမေရိကန်အစိုးရ အစွမ်းထက်မှုဌာန (DOGE)က ဖြတ်တောက်ခဲ့မှု အပေါ် ထရမ့်က ချီးကျူးပြောဆိုခြင်း ဖြစ်သည်။ မြန်မာစံတော်ချိန် မတ်လ ၅ ရက်နေ့ နံနက်ပိုင်း အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ပြောကြားသော မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ထရမ့်က
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ တွေ့သည့် မြင်ကွင်း
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၄ ရက် ယနေ့ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီမင်းအောင်လှိုင်တို့ တွေ့ဆုံမှုတွင် နျူကလီးယားစွမ်းအင်ကဏ္ဍများ အပါအဝင် လက်နက်ခဲယမ်းကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် အာဏာသိမ်း စစ်ကောင်စီ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်မှာ လွမ်းသူပန်းခွေချအလေးပြုခဲ့ကြောင်း သိရသည်။
AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ
အာရက္ခတပ်တော် AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC အထူးကိုယ်စားလှယ် Ibrahim Khairat သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်ဟု မတ်လ ၂ ရက်နေ့က Dhaka Tribune က ဖော်ပြသည်။ RSO ခေါင်းဆောင်အချို့၊ RSO နှင့်ဆက်စပ်နေသော မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများတို့ဖြင့် တွေ့ဆုံခဲ့သည့်အကြောင်း OIC အထူးကိုယ်စားလှယ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
ရခိုင်ပို့မည့် မူးယစ်ဆေးဝါးများ ပဲခူး ပန်းတောင်းမှာ ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန်
ရခိုင်ပြည် မအီဒေသနှင့် အခြားမြို့များကို ပို့ဆောင်ရန် ရန်ကုန်မြို့က သယ်လာသော မူးယစ်ဆေးဝါးများကို ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဘူးဘက်ကျေးရွာအနီးမှာ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်သည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးမှာ စိတ်ကြွဆေးပြား ၁၀ ဒသမ ၂ သိန်းဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁ ဒသမ ၅၃ ဘီလီယံခန့် တန်ဖိုးရှိကြောင်း စစ်ကောင်စီက ဆိုသည်။ သတင်းပို့ပေးချက်အရ ဘူးဘက်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်း၊ ကျော်ဆန်းမင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေနှင့် ကြည်ကြည်ခိုင် တို့ကို ပထမဆုံး ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူနှင့် စစ်တွေက စစ်ရှောင်ပြည်သူ နှစ်သောင်းကျော် အကူအညီလိုအပ်နေ
အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့က စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။ ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၁၀ ကျော်က စစ်ရှောင် တစ်သောင်းကျော်နှင့် စစ်တွေမြို့နယ် ကျေးရွာပေါင်း ၂၀ ကျော်က စစ်ရှောင် တစ်သောင်းနီးပါးမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေကြခြင်းဖြစ်သည်။ ကျောက်ဖြူဒေသခံတစ်ဦးက “စစ်ဘေးရှောင်တွေက အကူအညီလိုအပ်နေတာပေါ့ဗျာ။ အဓိကတော့ စားရေးသောက်ရေးပေါ့။ နေတာက အဆင်ပြေသလို အဆင်ပြေတဲ့ ရွာတွေမှာ ခိုကပ်ပြီး နေလို့ရပေမယ့် စားဖို့ အဆင်မပြေကြဘူး။ ကိုယ့်မှာရှိတာကလည်း အားလုံး ထားခဲ့ရတော့ ဆန်တွေ၊ ဆီတွေ
ဖျက်သိမ်းကြောင်း ကြေညာခဲ့သော YPDF သည် YA နှင့် ပေါင်းစည်းကြောင်း ကြေညာ
မတ် ၂ ရက်နေ့က ဖျက်သိမ်းကြောင်း ကြေညာခဲ့သော ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ယောတပ်တော် Yaw Army နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၃ ရက်နေ့က YA က ထုတ်ပြန်သည်။ YAနှင့် YPDF တို့ ပေါင်းစည်းရေးအတွက် ညှိနှိုင်းလာသည်မှာ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တစ်တည်းအဖြစ် အတူတည်ဆောက် တိုက်ပွဲဝင်သွားကြမည်ဟု YA က ပြောသည်။ အဆိုပါ စုပေါင်းနိုင်မှုသည် ယောအမျိုးသား တည်ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်ကို ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ရန် အင်အားတစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ “လက်ရှိအချိန်တွင် တော်လှန်ရေး၏
ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီအားလုံး ရပ်ဆိုင်း
ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းနိုင်ငံကို အမေရိကန်နိုင်ငံက ပေးနေသော စစ်ရေးအကူအညီများ အားလုံး ယာယီရပ်ဆိုင်းကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသည်။ သမ္မတ ထရမ့်အမိန့်ဖြင့် ယူကရိန်းအကူအညီများ ချက်ချင်း ယာယီရပ်ဆိုင်းမည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ယနေ့ မတ်လ ၄ ရက် နံနက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် အပတ်က ယူကရိန်း သမ္မတ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပြီးနောက်မှာ အမေရိကန်က ပေးနေသော စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပွဲတွင် စကားများ ကတောက်ကဆ ဖြစ်ခဲ့ကြပြီး အမေရိကန်က ယူကရိန်းနိုင်ငံရှိ မြေရှားသတ္တု တူးဖော်ရေးကို တောင်းဆိုခဲ့သည်။ အိမ်ဖြူတော် အရာရှိက