စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ တွေ့သည့် မြင်ကွင်း
စစ်ရေး သတင်း
1 min read
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ တွေ့သည့် မြင်ကွင်း

မတ် ၄ - ၂၀၂၅
0

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၄ ရက် ယနေ့ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီမင်းအောင်လှိုင်တို့ တွေ့ဆုံမှုတွင် နျူကလီးယားစွမ်းအင်ကဏ္ဍများ အပါအဝင် လက်နက်ခဲယမ်းကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် အာဏာသိမ်း စစ်ကောင်စီ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်မှာ လွမ်းသူပန်းခွေချအလေးပြုခဲ့ကြောင်း သိရသည်။

Continue Reading
AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ
စစ်ရေး သတင်း
1 min read
0

AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ

မတ် ၄ - ၂၀၂၅
0

အာရက္ခတပ်တော် AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC အထူးကိုယ်စားလှယ် Ibrahim Khairat သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်ဟု မတ်လ ၂ ရက်နေ့က Dhaka Tribune က ဖော်ပြသည်။ RSO ခေါင်းဆောင်အချို့၊ RSO နှင့်ဆက်စပ်နေသော မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများတို့ဖြင့် တွေ့ဆုံခဲ့သည့်အကြောင်း OIC အထူးကိုယ်စားလှယ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

Continue Reading
ရခိုင်ပို့မည့် မူးယစ်ဆေးဝါးများ ပဲခူး ပန်းတောင်းမှာ ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန်
မှုခင်း သတင်း
0 min read
0

ရခိုင်ပို့မည့် မူးယစ်ဆေးဝါးများ ပဲခူး ပန်းတောင်းမှာ ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

မတ် ၄ - ၂၀၂၅
0

ရခိုင်ပြည် မအီဒေသနှင့် အခြားမြို့များကို ပို့ဆောင်ရန် ရန်ကုန်မြို့က သယ်လာသော မူးယစ်ဆေးဝါးများကို ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဘူးဘက်ကျေးရွာအနီးမှာ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်သည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးမှာ စိတ်ကြွဆေးပြား ၁၀ ဒသမ ၂ သိန်းဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁ ဒသမ ၅၃ ဘီလီယံခန့် တန်ဖိုးရှိကြောင်း စစ်ကောင်စီက ဆိုသည်။ သတင်းပို့ပေးချက်အရ ဘူးဘက်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်း၊ ကျော်ဆန်းမင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေနှင့် ကြည်ကြည်ခိုင် တို့ကို ပထမဆုံး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Continue Reading
ကျောက်ဖြူနှင့် စစ်တွေက စစ်ရှောင်ပြည်သူ နှစ်သောင်းကျော် အကူအညီလိုအပ်နေ
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူနှင့် စစ်တွေက စစ်ရှောင်ပြည်သူ နှစ်သောင်းကျော် အကူအညီလိုအပ်နေ

မတ် ၄ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့က စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။ ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၁၀ ကျော်က စစ်ရှောင် တစ်သောင်းကျော်နှင့် စစ်တွေမြို့နယ် ကျေးရွာပေါင်း ၂၀ ကျော်က စစ်ရှောင် တစ်သောင်းနီးပါးမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေကြခြင်းဖြစ်သည်။ ကျောက်ဖြူဒေသခံတစ်ဦးက “စစ်ဘေးရှောင်တွေက အကူအညီလိုအပ်နေတာပေါ့ဗျာ။ အဓိကတော့ စားရေးသောက်ရေးပေါ့။ နေတာက အဆင်ပြေသလို အဆင်ပြေတဲ့ ရွာတွေမှာ ခိုကပ်ပြီး နေလို့ရပေမယ့် စားဖို့ အဆင်မပြေကြဘူး။ ကိုယ့်မှာရှိတာကလည်း အားလုံး ထားခဲ့ရတော့ ဆန်တွေ၊ ဆီတွေ

Continue Reading
ဖျက်သိမ်းကြောင်း ကြေညာခဲ့သော YPDF သည် YA နှင့် ပေါင်းစည်းကြောင်း ကြေညာ
စစ်ရေး သတင်း
1 min read
0

ဖျက်သိမ်းကြောင်း ကြေညာခဲ့သော YPDF သည် YA နှင့် ပေါင်းစည်းကြောင်း ကြေညာ

မတ် ၄ - ၂၀၂၅
0

မတ် ၂ ရက်နေ့က ဖျက်သိမ်းကြောင်း ကြေညာခဲ့သော ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ယောတပ်တော် Yaw Army နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၃ ရက်နေ့က YA က ထုတ်ပြန်သည်။ YAနှင့် YPDF တို့ ပေါင်းစည်းရေးအတွက် ညှိနှိုင်းလာသည်မှာ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တစ်တည်းအဖြစ် အတူတည်ဆောက် တိုက်ပွဲဝင်သွားကြမည်ဟု YA က ပြောသည်။ အဆိုပါ စုပေါင်းနိုင်မှုသည် ယောအမျိုးသား တည်ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်ကို ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ရန် အင်အားတစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ “လက်ရှိအချိန်တွင် တော်လှန်ရေး၏

Continue Reading
ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီအားလုံး ရပ်ဆိုင်း
စစ်ရေး သတင်း
0 min read
0

ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီအားလုံး ရပ်ဆိုင်း

မတ် ၄ - ၂၀၂၅
0

ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းနိုင်ငံကို အမေရိကန်နိုင်ငံက ပေးနေသော စစ်ရေးအကူအညီများ အားလုံး ယာယီရပ်ဆိုင်းကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသည်။ သမ္မတ ထရမ့်အမိန့်ဖြင့် ယူကရိန်းအကူအညီများ ချက်ချင်း ယာယီရပ်ဆိုင်းမည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ယနေ့ မတ်လ ၄ ရက် နံနက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် အပတ်က ယူကရိန်း သမ္မတ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပြီးနောက်မှာ အမေရိကန်က ပေးနေသော စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပွဲတွင် စကားများ ကတောက်ကဆ ဖြစ်ခဲ့ကြပြီး အမေရိကန်က ယူကရိန်းနိုင်ငံရှိ မြေရှားသတ္တု တူးဖော်ရေးကို တောင်းဆိုခဲ့သည်။ အိမ်ဖြူတော် အရာရှိက

Continue Reading