ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း လူပေါင်း ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရ
ရန်ကုန်တိုင်း ဒေသကြီး ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လူပေါင်း ၂၃၃ ဦးကို ဖမ်းဆီး ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ Rangoon Scout Network (RSN) က သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်မှ အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၉၆ ခုကို သိရှိခဲ့ရပြီး ၎င်းတို့အနက် ၂၆ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ် အခု ၇၀ ကိုသာ အတည်ပြုထားကြောင်း ဆိုသည်။ ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီက ကနဦးဖမ်းဆီးခံရမှုတွင် စုစုပေါင်း ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်လာခဲ့ကာ ၈ ဦးကိုမူ