လက်ရှိ အောင်မြင်မှုသည် အစမ်းသာခံကာလဟု AA နှင့် TNLA ပြော
စစ်ရေး သတင်း
1 min read
0

လက်ရှိ အောင်မြင်မှုသည် အစမ်းသာခံကာလဟု AA နှင့် TNLA ပြော

မတ် ၁၁ - ၂၀၂၅
0

မြန်မာစစ်တပ်ထံမှ သိမ်းပိုက်ရရှိထားသော နယ်မြေများနှင့် စစ်ရေးအောင်မြင်မှုများသည် အစမ်းသပ်ခံ ကာလဖြစ်သည်ဟု အာရက္ခတပ်တော် AA နှင့် တအောင်းတပ် TNLA တို့က ပြောသည်။ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော MNDAA ၏ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကျရောက်သော ၃၆ နှစ်မြောက် တပ် တည်ထောင်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် TNLA က ပြောဆိုထားခြင်းဖြစ်သည်။ “လာမည့်ကာလများ၌လည်း မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုသည် ပို၍ အရေးကြီး လာမည်ဖြစ်သည့်အားလျော်စွာ မိမိတို့ လက်ရှိရရှိထားသော အောင်မြင်မှု၏ အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟု ရှုမြင်သုံးသပ်သည်” ဟု ပြောဆိုထားခြင်းဖြစ်သည်။

Continue Reading
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC ဖမ်းဝရမ်း အမိန့်ဖြင့် ဖမ်းဆီး
မှုခင်း သတင်း
1 min read
0

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC ဖမ်းဝရမ်း အမိန့်ဖြင့် ဖမ်းဆီး

မတ် ၁၁ - ၂၀၂၅
0

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး ICC ၏ အမိန့်ဖြင့် မနီလာလေဆိပ်တွင် ယနေ့ မတ်လ ၁၁ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောသည်။ ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်း ဒူတာတေးကို မူးယစ်ဆေးဝါး သတ်ဖြတ်မှုနှင့် ပတ်သက်၍ ICC က ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။ ဒူတာတေးသည် ဟောင်ကောင်မှ ရောက်ရှိလာပြီးနောက် အဖမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့က ၎င်းအား ICC ၏ အမိန့်အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဆိုသည်။ ဒူတာတေး၏ တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းမှုအောက်တွင် ဖြစ်ပွားခဲ့သည့် ကြီးမားသော သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးနေကြောင်း သမ္မတ ဖာဒီနန်မားကို့စ် (Ferdinand Marcos) ၏ ရုံးက

Continue Reading
တစ်ဖက်သက် အခွင့်အရေး မရနိုင်ဟု EAO အဖွဲ့များကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော
သတင်း
1 min read
0

တစ်ဖက်သက် အခွင့်အရေး မရနိုင်ဟု EAO အဖွဲ့များကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော

မတ် ၁၁ - ၂၀၂၅
0

တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ EAO များအနေဖြင့် မျှတသည့် အခွင့်အရေးသာ ရရှိမည်ဖြစ်ပြီး တစ်ဖက်အခွင့်အရေး မရရှိနိုင်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပက်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။ ရုရှားခရီးစဉ်အပြန် မတ်လ ၉ ရက်နေ့က လေယာဉ်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ မီဒီယာများ မေးမြန်းမှုအပေါ် မင်းအောင်လှိုင်က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ ပြောပါတယ်။ ဒီမိုကရေစီအခွင့်အရေးနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအခွင့်အရေး ပေးတယ်။ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာကြည့်လိုက်ဗျာ။ အကုန်လုံးက မျှတတဲ့ အခွင့်အရေးပဲ ရတယ်။ တစ်ဖက်အခွင့်အရေးတွေကို ဘယ်တော့မှ ပေးလို့မရဘူး။ ဒါ တိုင်းရင်းသားတွေဘက်က စဉ်းစားဖို့သင့်တယ်ဆိုတာ ကျနော်ပြောလိုတယ်ဗျ”ဟု ပြောသည်။ ကိုယ်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်နှင့်

Continue Reading