စဉ့်ကူး၊ လက်ပံလှရွာကို စစ်ကောင်စီ ဗုံးကြဲမှု သေဆုံးသူ ၂၇ ဦးထိ ရှိလာနေ
တိုက်ပွဲ တစုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ နေထိုင်ရာ နေရာကို စစ်ကောင်စီတပ်က အကြမ်းဖက် အကြောင့်မဲ လေးကြောင်းက ပစ်ခတ်မှုကြောင့် ကလေး ၆ ဦး အပါအဝင် အရပ်သား ၂၇ ဦး သေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းများအား မတ်လ ၁၄ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်ခန့်တွင် အကြောင်းမဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ပြည်သူ့ ကာကွယ်ရေးတပ်မတော် မန္တလေး–MDY PDF ၏ နောက်ဆက်တွဲ ထုတ်ပြန်ချက်အရ ကလေးသူငယ် ၆ဦး အပါအဝင် ဒေသခံ ပြည်သူ
တရားမဝင် နယ်စပ်ဖြတ်ကျော် ပြဿနာကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းလိုကြောင်း AA ပြော
ရခိုင်ရေပိုင်နက်ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး အကြိမ်ကြိမ်ဝင်ရောက် ငါးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများအရေးနှင့် ပတ်သက်၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်လိုကြောင်း အာရက္ခတပ်တော် AA က ပြောသည်။ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြဿနာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိထိရောက်ရောက် ဖြေရှင်းရန် မျှော်လင့်ထားကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။ “ULA အနေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ငါးဖမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကြား ပူးပေါင်းလုပ်ဆောင်ပြီး ထိရောက်တဲ့ အဖြေတစ်ခုရရှိဖို့ မျှော်လင့်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။ အာရက္ခတပ်တော် AA သည် စစ်ကောင်စီထံမှ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်
သတင်းသမား ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ
ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းသမား ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ညဉ့် ၁၁ နာရီအချိန်ခန့်တွင် မွေးရပ်ဇာတိ၌ ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။ ကိုဇော်ဇော် သည် ရခိုင်ပြည် ရမ်းဗြဲမြို့နယ် စကုကျွန်း၊ အောင်ချမ်းသာကျေးရွာမှဖြစ်ပြီး Western News သတင်းဌာနတွင် လုပ်ကိုင်ဆောင်ရွက်နေသော သတင်းသမားများအားလုံးနှင့် အလွန်ချစ်ခင် ရင်းနှီးသော သတင်းသမား မိတ်ဆွေတစ်ဦး ဖြစ်ပါသည်။ ကိုဇော်ဇော်သည် ၂၀၁၈ ခုနှစ်တွင် သတင်းမီဒီယာလောကသို့ စတင်ဝင်ရောက်လာပြီး “ရမ္မာကျော်စော” ကလောင်အမည်ဖြင့် ရခိုင်ပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး စသည့် အကြောင်း
မွတ်ဆလင်များကို လာမည့်နှစ် ရခိုင်ကို ပို့မည်ဟု ဘင်္ဂလားဒေ့ရှ်အကြီးအကဲပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်ဆလင်ဒုက္ခသည်များကို လာမည့်နှစ် ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အကြီးအကဲ မိုဟာမက် ယူနွတ်စ်က ကတိပေး ပြောကြားခဲ့သည်။ ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်အတူ ရောက်ရှိနေချိန် မွတ်ဆလင်များနှင့် တွေ့ဆုံရာတွင် မစ္စတာ ယူနွတ်စ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် လာမည့်နှစ် ရမဒန်ဥပုသ်လ ပွဲတော်အတွင်း ရခိုင်ပြည်က နေရပ်များတွင် ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဟု မစ္စတာ ယူနွတ်စ်က ထပ်မံ ကတိပေးခဲ့သည်။ မွတ်ဆလင်များ နေရပ် ရခိုင်ပြည်သို့ ပြန်သွားနိုင်ရေးကို ကုလသမဂ္ဂအဖွဲ့ UN နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယူနွတ်စ်က ဆိုသည်။ သို့သော်