ARSA (အာဆာ) ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ အပါအဝင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး
ARSA ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ (Ataullah) အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ယမန်နေ့ မတ်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ARSA ခေါင်းဆောင်များကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အတည်ပြုထားကြောင်းကို ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြကြသည်။ ARSA အဖွဲ့အား ဖမ်းဆီးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် စစ်ဆင်ရေးဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် အာတာအူလာ အပါအဝင် အခြားသော ၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးခံရသူများမှာ ARSA ခေါင်းဆောင် အာတာအူလာ (Ataullah), Mostaq Ahmed,
လက်လွှတ်ခဲ့ရသော မြောက်ဦးက ရဲတပ်ရင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်(ကျွဲ/နွားများ သေဆုံး)
လက်လွှတ်ဆုံးခဲ့ရသော ရခိုင်ပြည် မြောက်ဦးမြို့ပြင်က စစ်ကောင်စီ၏ အမှတ် ၃၁ ရဲတပ်ရင်းကို ယမန်နေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်တွင် စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ အဆိုပါနေရာတွင် နေထိုင်သည်ဟု အထင်ဖြင့် အမှတ် ၃၁ ရဲတပ်ရင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ဒေသခံများက ပြောဆိုကြသည်။ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ရဲတပ်ရင်းကို မကျဘဲ အနီးက ပန်းဈီးမြောင်း (ပန်းဈေးမြောင်း) ခေါ်သည့် ကျွဲ/နွားများ ရေသောက်ရာနေရာ မြောင်းကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။ “မနေ့က ည ၁ နာရီ
ရခိုင်မှာ တစ်အိမ်တစ်ယောက်ကျ AA က စစ်မှုထမ်းခေါ်ယူမည်ဟု သတင်းထွက်
အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း တစ်အိမ်တစ်ယောက်ကျ စစ်မှုထမ်းခေါ်ယူသွားမည်ဟု ဒေသခံပြည်သူများကြားတွင် သတင်းထွက်ပေါ်နေသည်။ ယခင်က အလျဉ်းသင့်သလို စစ်မှုထမ်းများ ခေါ်ယူခဲ့သော်လည်း လာမည့် လများတွင် တစ်အိမ်တစ်ယောက်ကျ မဖြစ်မနေ စစ်မှုထမ်း ခေါ်ယူသွားမည်ဟု မြေပြင်တာဝန်ရှိသူများက ပြည်သူများအား သတင်းစကားပါးထားကြောင်း စုံစမ်းသိရသည်။ စစ်မှုထမ်းခေါ်ယူရန် အာရက္ခတပ်တော် AA တွင် မြို့နယ်အလိုက် ခေါ်ယူရေးကော်မတီ ဖွဲ့စည်းထားပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပြောဆိုနေခြင်းနှင့် မကြာခင်ခေါ်ယူတော့မည်ဟုလည်း အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။ “မဖြစ်မနေ တစ်အိမ်တစ်ယောက်ကျ ဝင်ရမယ်ဆိုပြီး ပြောပါတယ်။ မိသားစုထဲက တစ်ယောက်ယောက် တပ်ထဲဝင်ထားတာရှိတယ်ဆိုရင်တော့ ထပ်ဝင်စရာ မလိုတော့ဘူးတဲ့။ ရွာမှာ အစည်းဝေးခေါ်ပြီးပြောတယ်။ ကျနော်တို့ ရွာနည်းတူ တခြားရွာတွေလည်း ဒီအတိုင်းပဲကြားပါတယ်။
တောင်ကုတ်ဒေသခံ တစ်ဦး ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးခံရ
ရခိုင်ပြည် တောင်ကုတ်ဒေသခံ ပြင်ဦးလွင်မြို့တွင်နေထိုင်သော ကိုနေစိုး (ခေါ်) သူရိယစိုး ကို CRPH, NUG နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။ မတ်လ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာ မြန်မာ့အလင်းတွင် စစ်ကောင်စီက ဖော်ပြထားသည်။ CRPH, NUG နှင့် ပတ်သက်ဆက်နွယ်သည်ဆိုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်တွင် ဝါဒဖြန့်လှုံ့ဆော် ရေးသားသည်ဟု ခေါင်းစဉ်ဖြင့် စစ်ကောင်စီက ကိုနေစိုးအား ဖမ်းဆီးသွားသည်။ မတ်လ ၁၅ ရက် နေ့လယ် ၃ နာရီအချိန်ခန့်က ပြင်ဦးလွင်မြို့ယ် ရေချမ်းအိုးကျေးရွာတွင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ကိုနေစိုး အား
AA ဦးဆောင်သည့် ရခိုင်ပညာရေးတွင် ရခိုင်သမိုင်းကို အစားထိုးမည်ဖြစ်၍ မြန်မာ့သမိုင်း သင်ကြားမှုကို ယာယီရပ်ဆိုင်းထား
အာရက္ခတပ်တော် AA ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ စီစဉ်သော ရခိုင်ပညာရေးစနစ်တွင် သမိုင်းဘာသာရပ်ကို ရခိုင့်သမိုင်း အဓိကထား သင်ကြားမည်ဖြစ်၍ မြန်မာ့သမိုင်းသင်ကြားမှုကို ယာယီရပ်ဆိုင်းထားသည်ဟု သိရသည်။ AA ပညာရေးဌာန အသိုင်းအဝိုင်းထဲက ဦးဆောင်သူတစ်ဦးနှင့် Western News တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုထားခြင်းဖြစ်သည်။ “ဘာသာရပ်တွေက သိပ်အပြောင်းအလဲမရှိဘူး။ သမိုင်းဘာသာရပ်လောက်ပဲ လောလောဆယ် အပြောင်းအလဲရှိမယ်။ မြန်မာ့သမိုင်းကို သင်ကြားမှု ယာယီရပ်ဆိုင်းထားတယ်။ ရခိုင့်သမိုင်းကို အစားထိုးမယ်ပေါ့လေ။ သမိုင်းဘာသာရပ်မှာ ရခိုင့်သမိုင်းတွေ ပါမယ်။ ကမ္ဘာ့သမိုင်းတွေပါမယ်။ ကမ္ဘာ့သမိုင်းထဲမှာ မြန်မာသမိုင်းလည်း ပါသွားမယ် အဲလိုသဘောတော့ စီစဉ်ထားပါတယ်။ လောလောဆယ်က ရေးဆွဲနေတုန်းပါ” ဟု ပြောသည်။ ရခိုင့်သမိုင်းထဲတွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တို့က အဓိကအကြောင်းအရာများ