ရန်ကုန်မှာ ဖမ်းမိသည့် ငွေကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် AA ပါဝင်ဟု စစ်ကောင်စီ စွပ်စွဲ
ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် ဖမ်းဆီးရမိသော ငွေကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် အာရက္ခတပ်တော် AA က ပါဝင်ပတ်သက်နေကြောင်း စစ်ကောင်စီက မတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ မတ်လ ၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် ၁၄၄ ရပ်ကွက် ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်ခုက မူးယစ်ဆေးဝါး ၁ ဒသမ ၂ တန် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။ ယင်းဖြစ်စဉ်မှာ သန်းလွင်၊ ဝေယျာအောင်၊ သန့်ကောင်းဆက်၊ ရဲရင့်နိုင်နှင့် လှသန်းဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ အဆိုပါ မူးယစ်ဆေးဝါးများကို
နေအိမ်ပြန်ခွင့်ပြုရန် AA ကို ငပလီဒေသခံများ တောင်းဆို
သံတွဲမြို့ပေါ်နှင့် အခြားနေရာများတွင် စစ်ဘေးရှောင်နေရသော ငပလီကမ်းခြေက ဒေသခံပြည်သူများက နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပေးရန် အာရက္ခတပ်တော် AA ကို တောင်းဆိုနေကြသည်။ ငပလီကမ်းခြေအနီးက နန်းချောင်းကျေးရွာကို ဒေသခံပြည်သူများကို နေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ခွင့် ပြုထားပြီဖြစ်၍ ငပလီကမ်းခြေက ကျေးရွာများကိုလည်း ပြန်လည်ဝင်ရောက် နေထိုင်ခွင့် ပြုပေးသင့်ပြီဟု ငပလီဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ကိုယ့်ဒေသ ကိုယ့်လူမျိုး ကောင်းစားဖို့ အေးချမ်းဖို့ တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို လေးစားပါတယ်။ တခြား သံတွဲမြို့နယ်ထဲက နေရာတော်တော်များများ ပြန်ဝင်ရောက်နေထိုင်ခွင့် ရပြီးကြပါပြီ။ ငပလီကမ်းခြေနဲ့ အနီးစပ်ဆုံး နန်းချောင်းရွာတို့ ဘာတို့လည်း ပြန်နေထိုင်ခွင့်ရပြီ ပြောကြပါတယ်။ ဒါပေမယ့် ကမ်းခြေတလျှောက် ၅ မိုင်
ARSA ခေါင်းဆောင်များကို အရေးယူနိုင်ရန် နိုင်ငံတကာ တရားစီရင်မှုနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights က ပြော
ARSA (အာဆာ) ခေါင်းဆောင်များ၏ စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့်အပေါ် တရားစီးရင် အရေးယူနိုင်ရန် နိုင်ငံတကာ တရားမျှတမှုယန္တရားများဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Fortify Rights အဖွဲ့က ပြောသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မတ်လ ၁၇ ရက်နေ့က ARSA ထိပ်တန်းခေါင်းဆောင် ၆ ဦးအပါအဝင် ပတ်သက်ဆက်နွယ်သူ စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၈ ရက်နေ့မှာ ရုံးထုတ်ခဲ့ကြောင်း သိရသည်။ ARSA ၏ အဓိက ခေါင်းဆောင် အာတာအူလာ၊ ခေါင်းဆောင်အဖွဲ့ဝင် မိုစတတ် အာမက်၊ ဆလီမွတ်လာ၊ အက်စ်မွလ် ဟုစ်နာ၊ ဟာဆန် နှင့် မိုနီရူဇူမန်း တို့အပါအဝင် ၎င်းတို့၏ ဇနီးမယား
မင်းပြားနှင့် မောင်တောတွင် မိုင်းနင်းမိ၍ အရပ်သား နှစ်ဦး ခြေထောက်များပြတ်
ရခိုင်ပြည်၊ မင်းပြားနှင့် မောင်တောမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိ၍ အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုသမီးတစ်ဦးတို့မှာ ခြေထောက်များ ပြတ်သွားပြီး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ မတ်လ ၁၉ ရက်နေ့ ယနေ့ မတ်လ ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က မင်းပြားမြို့ ကျိန်းတောင် တောင်ခြေရင်းသို့ ဟင်းရှာသွားရာကနေ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။ မင်းပြားမြို့ခံ တစ်ဦးက ” ပုံမှန်က သူက ဟင်းရှာဖို့ သွားနေကျပါ။ ဒါပေမဲ့ ဒီနေ့ကတော့ သူသွားနေကျ နေရာကို မသွားဘူးတဲ့။ တစ်ခြားနေရာကို သွားတယ်လို့ ပြောတယ်။ အဲ့ဒီမှာ မိုင်းနင်းမိတာပါ။ ဘယ်ခြေထောက်တစ်ဖက် ပြတ်သွားတယ်။
ရန်ကုန်မှာ ပြန်ပေးဆွဲခံရသည့် ရွှေဆိုင်ပိုင်ရှင် ရခိုင်အမျိုးသမီး ပြန်လည်လွတ်မြောက်လာ
ယမန်နေ့ မတ်လ ၁၈ ရက်နေ့က ရန်ကုန်တိုင်း သာကေတမြို့မှာ ပြန်ပေးဆွဲခံခဲ့ရသည့် ရွှေဆိုင်ပိုင်ရှင် ရခိုင်အမျိုးသမီး ယနေ့ မတ်လ ၁၉ ရက် နေ့လယ်တွင် ပြန်လည် လွတ်မြောက်လာကြောင်း နီးစပ်သူများက အတည်ပြုထားကြသည်။ ပြန်ပေးဆွဲခံရသည့် အမျိုးသမီးမှာ ရခိုင်ပြည် မာန်အောင်မြို့နယ် သိမ္ဗလကျေးရွာက ဒေါ်စန္ဒာလင်း ဖြစ်ပြီး ရန်ကုန်တိုင်း သာကေတမြို့နယ် တူပါရုံ ၂၂ လမ်းတွင် နေထိုင်သူဖြစ်ပြီး ရွှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။ သာကေတမြို့နယ် အမှတ် (၁) ဈေးတွင် ဖွင့်လှစ်ထားသည့် လင်းလက်ရွှေစင်အမည်ရှိ ရွှေဆိုင်အား ဆိုင်ဖွင့်ရန် သွားစဉ် ထူပါရုံ ၂၂ လမ်းထိပ်အရောက်တွင် မျက်နှာဖုံးစွပ် လူ ၄ ဦးက