မူးယစ်ဆေးဝါးအမှုတွင် ပါဝင်ပတ်သက်မှု မရှိဘဲ နိုင်ငံရေးသိက္ခာချ လုပ်ရပ်ဟု AA တုန့်ပြန်
မှုခင်း သတင်း
1 min read
0

မူးယစ်ဆေးဝါးအမှုတွင် ပါဝင်ပတ်သက်မှု မရှိဘဲ နိုင်ငံရေးသိက္ခာချ လုပ်ရပ်ဟု AA တုန့်ပြန်

မတ် ၂၀ - ၂၀၂၅
0

Western News| မတ် ၂၀ ရန်ကုန်တိုင်းအတွင်းဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုတွင် အာရက္ခတပ်တော် AA ပါဝင်သည်ဟု စွပ်စွဲချက်အပေါ် လုံးဝပါဝင်ပတ်သက်ခြင်း မရှိကြောင်း AA က ယမန်နေ့ မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်း ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုတွင် AA ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း ဆိုသော အမည်ရှိ ပါဝင်သည်ဟု မတ်လ ၁၈ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီက ဝါဒဖြန့်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသော မူးယစ်ဆေးဝါး ဖမ်းမိသည့်အမှုတွင် AA အနေဖြင့် မည်သို့မျှ ဆက်စပ်မှု မရှိဆိုသည်ကို အတိအလင်း ပြတ်သားစွာ

Continue Reading
စစ်ကောင်စီကို လက်နက်ရောင်းသော အိန္ဒိယကုမ္ပဏီကို ဆွီဒင် အရေးယူ
စစ်ရေး မှုခင်း သတင်း
1 min read
0

စစ်ကောင်စီကို လက်နက်ရောင်းသော အိန္ဒိယကုမ္ပဏီကို ဆွီဒင် အရေးယူ

မတ် ၂၀ - ၂၀၂၅
0

အာဏာသိမ်း မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းများ ရောင်းပေးခဲ့သော အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ ဖယ်ထုတ်လိုက်ကြောင်း သိရသည်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းသော အိန္ဒိယစစ်လက်နက်ကုမ္ပဏီ BEL အား ဆွီဒင်နိုင်ငံမှ အရေးယူခြင်းအပေါ် ကြိုဆိုကြောင်း Justice For Myanmar က ယနေ့ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို

Continue Reading
အာဆာ ခေါင်းဆောင်များကို ဖမ်းသလို RSO နှင့် ARA ခေါင်းဆောင်များကိုလည်း ဖမ်းဆီးရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးပါတီ ALD ပြော
စစ်ရေး မှုခင်း သတင်း
1 min read
0

အာဆာ ခေါင်းဆောင်များကို ဖမ်းသလို RSO နှင့် ARA ခေါင်းဆောင်များကိုလည်း ဖမ်းဆီးရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးပါတီ ALD ပြော

မတ် ၂၀ - ၂၀၂၅
0

ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်တွင် အခြေပြုလှုပ်ရှားသော အာဆာ ARSA ခေါင်းဆောင်များကို မတ်လ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ကျန်အဖွဲ့များကိုလည်း ဖမ်းဆီးရန် လိုကြောင်း ရခိုင်နိုင်ငံရေးပါတီများက ပြောသည်။ နယ်စပ်ဒေသတွင် ရာဇဝတ်မှုများ ကျူးလွန်ခြင်းနှင့် တရားမဝင် နယ်ဖြတ်ကျော် ဝင်ရောက်မှုတို့ဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အာဆာ ခေါင်းဆောင် ၆ ဦးအပါအဝင် မိသားစုဝင် စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အာဆာ အဖွဲ့သည် ဘာသာရေးကို အသုံးချပြီး မွတ်ဆလင်လူငယ်များကို စည်းရုံးကာ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်ဒေသတို့တွင် မွတ်ဆလင်များအား ညှမ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ အခြားသော မျိုးနွယ်စုများကိုလည်း ပြန်ပေးဆွဲ သတ်ဖြတ်ခြင်းပြုလုပ်နေသည်။ ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း စသည့် အကြမ်းဖက်မှုများအား

Continue Reading
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် သင်္ကြန်ကျင်းပနိုင်ရန် စစ်ကောင်စီ စတင် ဆွေးနွေးနေ
ရိုးရာယာဉ်ကျေးမှု သတင်း
1 min read
0

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် သင်္ကြန်ကျင်းပနိုင်ရန် စစ်ကောင်စီ စတင် ဆွေးနွေးနေ

မတ် ၂၀ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်မြို့နယ်များတွင် ၂၀၂၅ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရန် ပြည်နယ် စစ်ကောင်စီအဖွဲ့သည် ညှိနှိုင်းဆွေးနွေးမှုများ စတင်နေပြီဟု ရခိုင်ပြောခွင့်ရ ဦးလှသိန်းက ပြောဆိုထားသည်။ ယခုနှစ် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မှာ သင်္ကြန်ကျမည်လား ခေါင်းစဉ်ဖြင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ယမန်နေ့ မတ်လ ၁၉ ရက်တွင် လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ထုတ်ဖော် ပြောဆိုထားသည်။ “ဒီနှစ် စစ်တွေမှာ သင်္ကြန်ကျမှာလား။ ရိုးရာသင်္ကြန် ဒြပ်မဲ့ကမ္ဘာအသိအမှတ်ပြု ရခိုင်တို့သင်္ကြန်၊ မြန်မာတို့သင်္ကြန်၊ တိုင်းရင်းသားတို့သင်္ကြန်၊ အရေးပါတဲ့ သင်္ကြန်ပွဲ စစ်တွေမှာနွှဲကြရအောင်၊ နံ့သာသွေးပွဲ၊ သက်ကြီးပူဇော်ပွဲတွေလဲ ပါဝင်ပါမယ်” ဟု ပြောဆိုထားသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း

Continue Reading
ဒူတာတေးကို ICC က ဖမ်းဆီးခြင်းမှာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စော်ကားမှုဖြစ်၍ မှားယွင်းဟု ကြံ့ဖွံ့ဥက္ကဌ ဦးခင်ရီပြော
စစ်ရေး သတင်း
1 min read
0

ဒူတာတေးကို ICC က ဖမ်းဆီးခြင်းမှာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စော်ကားမှုဖြစ်၍ မှားယွင်းဟု ကြံ့ဖွံ့ဥက္ကဌ ဦးခင်ရီပြော

မတ် ၂၀ - ၂၀၂၅
0

Western News| မတ် ၂၀ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ဖမ်းဆီး တရားစီရင်နေခြင်းမှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။ ဦးခင်ရီ၏ ICC အပေါ် ဝေဖန်ထားသည့် ဗီဒီယိုဖိုင်မှာ စစ်ကောင်စီ၏ လော်ဘီစာမျက်နှာများမှ ထွက်ပေါ်လာပြီး ICC က နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို စော်ကားသလို ဖြစ်နေသည်ဟု ဦးခင်ရီက ပြောဆိုထားသည်။ “ဖိလစ်ပိုင်သမ္မတဟောင်း မစ္စတာဒူတာဒေးကို Crime Against Humanity လို့ခေါ်တဲ့ စွဲချက်နဲ့ International Criminal Court ICC ရုံးချုပ်ရှိတဲ့ The Hague ကို

Continue Reading