ရိုးတောင်အလွန် AA ၏ ပစ်မှတ်က ပုသိမ်-မုံရွာလမ်းကို ထိန်းချုပ် လိုခြင်းဖြစ်ဟုဆို
အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူ့တော်လှန်ရေးအဖွဲ့များဖြင့် ရခိုင်ပိုင်နက် ရခိုင်ရိုးမတောင်ကို ကျော်လွန်ပြီး မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့က စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ AA သည် ထိုးစစ်ကို ရခိုင်ရိုးမတောင်ပေါ်တွင် ရပ်တန့်ထား၍ ရသော်လည်း အပြင်စည်း လုံအောင် ကာရန်သည့် အနေဖြင့် ရိုးတောင်ကိုကျော်ကာ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ “စစ်သဘောနဲ့ ကြည့်မယ်ဆိုရင် စစ်ကောင်စီက သူတို့ အင်အားချိနည်းပြီး စစ်ရှုံးသွားတယ်ပေါ့နော်။ ဒါပေမယ့် သူတို့နယ်မြေတွေကို သူတို့ကတော့ ပြန်လိုချင်အုံးမှာဆိုတော့ သူ့အနေနဲ့ အင်အားစုဖွဲ့မှု ကောင်းလာရင် ပြန်တိုက်မှာပဲ။ ပြန်တိုက်မယ်ဆိုရင် အခု အာရက္ခတပ်တော် တိုက်နေတဲ့
ULA/AA ၏ မင်းပြားမြို့ ရာမောင် စခန်းမှူးက အရပ်သားနှစ်ဦးကို ကျည်ထိုးထားသော သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွား
အမျိုးသမီးတစ်ဦး၏ တိုင်ကြားချက်ဖြင့် ရခိုင်ပြည် မင်းပြားမြို့နယ် တံခွန်တိုင်ကျေးရွာက အရပ်သားနှစ်ဦးကို သေနတ်ထောက်ပြီး အာရက္ခတပ်တော် AA မင်းပြားမြို့နယ် ရာမောင်ရဲစခန်းမှူး ဦးကျော်ကျော်သန်းက ဖမ်းဆီးသွားကြောင်း သိရသည်။ မတ်လ ၁၈ ရက်နေ့က စခန်းမှူး ဦးကျော်ကျော်သန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၃ ဦးက အုပ်ချုပ်ရေးမှူးနေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ စခန်းမှူး ဦးကျော်ကျော်သန်း ဦးဆောင်သော ရဲတပ်အဖွဲ့သည် တိုင်ကြားသူ အမျိုးသမီး၏ နေအိမ်တွင် နေ့လယ်စာ ထမင်းစားပြီးနောက် ကျည်ထိုးထားသော သေနတ်ဖြင့် ချိန်ပြီး ရွာသားနှစ်ဦးအား ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက “မတ်လ ၁၈ ရက်နေ့က ညနေ ၃ နာရီလောက်ရှိမယ်။
ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက တပ်မတော် ပြိုကွဲအောင် လုပ်နေသည်ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော
နိုင်ငံတော်၏ အဓိက ကာကွယ်ရေး အင်အားစုဖြစ်သည့် မြန်မာ့တပ်မတော်အား ပြိုကွဲရန် တော်လှန်ရေးအဖွဲ့အစည်းအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ပြုလုပ်နေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလော တပ်နယ်က တပ်ဖွဲ့ဝင်များဖြင့် မတ်လ ၂၀ ရက်နေ့က တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နိုင်ငံတော် တည်ငြိမ်ရေးကို မလိုလားတဲ့ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက တပ်မတော် ပြိုကွဲအောင်၊ တပ်နဲ့ ပြည်သူ သွေးကွဲအောင် နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်လျက်ရှိတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေး သုံးပါးကို ဦးထိပ်ထားပြီး ဆောင်ရွက်နေတယ်”
ဥသျှစ်ပင်မြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
ပဲခူးတိုင်းဒေသ ဥသျှစ်ပင်မြို့အနီးမှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။ ပန်းတောင်းမြို့နယ် ညောင်ကျိုးတပ်စခန်းအား AA က တိုက်ခိုက်ပြီးနောက် ဥသျှစ်ပင်မြို့အနီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဥသျှစ်ပင် ဒေသခံတစ်ဦးက “ဒီမနက်ဆိုရင်လည်း ဥသျှစ်ပင်မြို့ပေါ်မှာ လက်နက်ကြီးသံတွေ ကြားနေရတယ်။ အခု တိုက်ပွဲဖြစ်နေတာက ညောင်ကျိုးနဲ့ ညောင်ခြေထောက်အကြားမှာ ဖြစ်နေတာ။ ဥသျှစ်ပင်မြို့ပေါ်ကနေလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ကူ ပေးနေတယ်။ ညောင်ခြေထောက်ဆိုတာက ဥသျှစ်ပင်နဲ့ ကပ်လျက်ဆိုတော့ တိုက်ပွဲတွေက တဖြည်းဖြည်းကို အရမ်းနီးလာနေပြီ” ဟု ပြောသည်။ ဥသျှစ်ပင်မြို့အနီး ညောင်ခြေထောက်က စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး