ရခိုင်က မြို့နှစ်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
စစ်ရေး သတင်း
1 min read
0

ရခိုင်က မြို့နှစ်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

မတ် ၂၄ - ၂၀၂၅
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့ကို မတ်လ ၂၂ ရက် နံနက် ၃ နာရီဝန်းကျင်နှင့် နံနက် ၉ နာရီဝန်းကျင်တို့တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာကို ယနေ့ နံနက် ၉ နာရီဝန်းကျင်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ကာ ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “ကျော်ဇံရွာကို စစ်ကောင်စီက ဗုံး ၃၊ လေးလုံးလောက် ကြဲသွားတယ်။ ဒီနေ့ မနက် ၉ နာရီလောက်ပဲ။ ဘယ်လောက် ထိခိုက်ပျက်စီးသွားသလဲကိုတော့ မသိရသေးဘူး” ဟု ပြောသည်။

Continue Reading
တားမြစ်အရက် တင်သွင်းသူကို AA ဖမ်းဆီး
စီးပွားရေး သတင်း
1 min read
0

တားမြစ်အရက် တင်သွင်းသူကို AA ဖမ်းဆီး

မတ် ၂၄ - ၂၀၂၅
0

တားမြစ် ပိတ်ပင်ထားသော ပြည်မနှင့် နိုင်ငံခြားဖြစ် အရက်များအား တင်သွင်းလာသူကို ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် AA က မတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ပလက်ဝမြို့နယ် ဆမီးမြို့မ အမှတ် (၂) ရပ်ကွက်ရှိ ဌာနပေါင်းစုံ စစ်ရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အရက်ပုလင်း ၁၇၉ လုံး ဖမ်းမိခဲ့သည်ဟု သိရသည်။ ဖမ်းဆီးခံရသူမှာ ဦးမောင်သာညိုဖြစ်ပြီး စစ်တွေမြို့နယ် ချောင်းနွယ်မင်းဂံကျေးရွာ ဒေသခံဖြစ်ကြောင်း သိရသည်။ မကွေးတိုင်း ဆောမြို့ကနေ တားမြစ်ထားသော အရက်ပုလင်းများအား သယ်ယူလာပြီး ပလက်ဝအပါအဝင် ရခိုင်ပြည်အနှံ့ ဖြန့်ဖြူးရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ GRAN ပုလင်း ၁၁၉ လုံးနှင့် RED LABLE ပုလင်းအလုံး

Continue Reading
စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများ မဲနှိုက်နေရ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
0 min read
0

စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများ မဲနှိုက်နေရ

မတ် ၂၄ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ၏ အတင်းဓမ္မ ဖိအားပေး ခိုင်းစေမှုများကြောင့် မန္တလေးကပြည်သူလူထုများမှာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ် ခံနေရကြောင်း သိရသည်။ လာမည့် ဧပြီလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများကို ခေါ်ယူနေခြင်းဖြစ်ပြီး ယနေ့ မတ်လ ၂၄ ရက်တွင် စတင်မဲနှိုက် ရွေးချယ်ခံနေရကြောင်း ဒေသခံများက ပြောသည်။ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်ရုံး၊ ဓမ္မာရုံနှင့် သတ်မှတ်ထားသော နေရာများတွင် စစ်ကောင်စီအဖွဲ့မှ မန္တလေး လူငယ်များကို မဲနှိုက်ရွေးချယ်နေပြီး မဲလာနှိုက်ကြရန်လည်း လော်စပီကာများဖြင့် လိုက်လံအော်ခေါ်နေသည်။ မဟာနွယ်စဉ်ရပ်ကွက်ဒေသခံတစ်ဦးက “စစ်မှုထမ်း မဲနှိုက်ခိုင်းဖို့ စာတွေ ဝေတယ်။ လော်စပီကာနဲ့လည်း လိုက်အော်တယ်။

Continue Reading
ဖမ်းဆီးခံ မြန်မာ နိုင်ငံသားများကို စစ်ကောင်စီထံသို့ မလွှဲပြောင်းရန် CRPH က တင်ပြ
လူ့အခွင့်အရေး သတင်း
1 min read
0

ဖမ်းဆီးခံ မြန်မာ နိုင်ငံသားများကို စစ်ကောင်စီထံသို့ မလွှဲပြောင်းရန် CRPH က တင်ပြ

မတ် ၂၄ - ၂၀၂၅
0

တရားမဝင် ဝင်ရောက်လာသည့် မြန်မာပြည်သူများကို ဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းခြင်း မပြုလုပ်ရန် ထိုင်းလွှတ်တော်၏ မြန်မာ့အရေး ဆွေးနွေးပွဲတွင် တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၂ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ “ထိုင်းနိုင်ငံ၏ နယ်စပ်တစ်လျှောက်၌ လုံခြုံရေး မြှင့်တင်ခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခန်းကဏ္ဍ” ဆွေးနွေးပွဲတွင် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီနှင့် လူ့အခွင့်အရေးဆိုင်ရာ

Continue Reading
ကုန်သည်များ ဈေးချခြင်းကြောင့် ရခိုင်မှာ ကုန်ဈေးနှုန်းများ ထက်ဝက်ခန့် ကျဆင်း
စီးပွားရေး သတင်း
1 min read
0

ကုန်သည်များ ဈေးချခြင်းကြောင့် ရခိုင်မှာ ကုန်ဈေးနှုန်းများ ထက်ဝက်ခန့် ကျဆင်း

မတ် ၂၄ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်သော ရခိုင်ပြည်အတွင်းက မြို့နယ်အချို့မှာ ကုန်ဈေးနှုန်း ယခုလအတွင်းက စ၍ ထက်ဝက်ကျော်ခန့် ကျဆင်းသွားကြောင်း ကုန်သည်များနှင့် စားသုံးသူများထံမှ သိရသည်။ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း နှစ်မျိုးစလုံးမှာ ထက်ဝက်ကျော်ခန့် ကျဆင်းသွားခြင်းဖြစ်ပြီး ကုန်သည်များမှာ ကုန်စည်များကို အိန္ဒိယ၊ ပြည်မနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရရာနည်းလမ်းများဖြင့် ရခိုင်ကို တင်သွင်းကြသည်။ မြောက်ဦးမြို့မှ အမျိုးသမီး ဈေးသည်တစ်ဦးက “အိန္ဒိယဘက်ကလာတဲ့ ကုန်တွေရော၊ ပြည်မဘက်က ကုန်တွေရော ဒီလတွေထဲ စျေးကျတယ်။ တစ်ချို့ဆို တစ်ဝက်လောက် ကျသွားတာတွေ ရှိတယ်။ တစ်ခြားကုန်တွေထက် စားကုန်က အဓိက စျေးကျတာ” ဟု ပြောသည်။ လက်ရှိ ရခိုင်မြို့နယ်အများစု၏ စားသောက်ကုန်စျေးနှုန်းများမှာ ၂၀၂၅ အစပိုင်းလများထဲက

Continue Reading