ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်နေကြောင်း ပြောဆိုချက် ဒေါက်တာ အေးမောင် ငြင်း
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများတွင် တရုတ်ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုသည်ဟု ယနေ့ မတ်လ ၂၆ ရက်တွင် သတင်းများ ပျံ့နှံ့နေသည်။ ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း ပြောဆိုချက် ဟုတ်မဟုတ်နှင့် ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိမှု ရှိမရှိကိုမူ ဒေါက်တာ အေးမောင်အား ယနေ့ မတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲအချိန်က Western News မှ တယ်လီဖုန်းဆက် မေးမြန်းခဲ့သည်။ “မဟုတ်ဘူး၊ ဟုတ်တယ်ဆိုတာကို ကျနော် မပြောနိုင်ဘူး။ ခင်ဗျားတို့ သတင်းဌာနတွေက သွားကြည့်ရမှာလေ။ ကျောက်ဖြူမှာ ဘယ်လိုအခြေအနေရှိလဲ ကျနော်လည်း
၃၆ နှစ်ကျော်ကြာ တပ်စွဲထားသော ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ ခလယ်ဒေးစခန်းကို KNU သိမ်းပိုက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ၃၆ နှစ်ကြာ တပ်စွဲအထိုင်ချထားသော စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU က သိမ်းပိုက်ရရှိကြောင်း သိရသည်။ ခလယ်ဒေးတပ်စခန်း အား တိုက်ခိုက်သိမ်းပိုက်ရရှိမှုအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြားနှင့်အတူ စစ်သုံ့ပန်းနှစ်ဦး အလောင်းကိုလည်း သိိမ်းဆည်းရမိခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်၏ ခလယ်ဒေး စစ်စခန်းကို KNU ၏ စစ်တပ် KNLA တပ်မဟာ ၇၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်းများနှင့် ပူးပေါင်းတပ်များက မတ်လ ၂၂ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ စစ်တပ်က မတ်လ ၂၄ ရက်နေ့တွင် တိုက်လေယာဉ် နှစ်စင်းဖြင့် ပေါင်
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို စစ်ကောင်စီ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဟုဆို
အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော်လည်း မြေပြင်တိုက်ပွဲအခြေအနေများကြောင့် စီမံကိန်းမှာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဟု သုံးသပ်သူများက ပြောသည်။ စစ်ကောင်စီအဖွဲ့သည် တရုတ်နှင့် ပူးပေါင်းပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေသည်။ ယမန်နေ့ မတ်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ၏ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့ကြသည်။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ ဦးဆောင်ကာ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ် အထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ “ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့
ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး တွေ့ဆုံမှု ရခိုင်အရေး ထည့်ပြော
ဘင်္ဂလားဒေ့ရှ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး Joel Vowell သည် ဘင်္ဂလားဒေ့ရှ်ကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် တွေ့ဆုံရာတွင် ရခိုင့်အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီးသည် ဘင်္ဂလားဒေ့ရှ်ကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ်တပ်က အရာရှိများနှင့် တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကူညီပေးမည်ဟု ပြောဆိုသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်အရေးကို ဆွေးနွေးခဲ့သလို နယ်စပ်လုံခြုံရေးကို အဓိက ထားဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများက ဖော်ပြကြသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည့်အတွက် AA ၏ စစ်ရေးအခြေအနေများကိုလည်း
ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် မိသားစု ၃ ဦး သေဆုံး၊ ၁၄ ထိခိုက် ဒဏ်ရာရ
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းက ယမန်နေ့ မတ်လ ၂၅ ရက် ညနေပိုင်းတွင် ဗုံးကြဲမှုကြောင့် မိသားစုများ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို ညနေ ၇ နာရီကျော်အချိန်တွင် ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ဂျက်ဖိုက်တာ တစ်စီးဖြင့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “အောင်ဖြူပြင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်။ မိသားစု ၃ ဦးသေဆုံးပြီးတော့ ၁၄ ဦးထက်မနည်း ဒဏ်ရာရသွားတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်”