စစ်တွေက မွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား၍ ဒုက္ခသည် ၂၁၀၀ ကျော် မီးဘေးသင့်
စစ်ကောင်စီ ထိန်းချုပ်ထားသည့် စစ်တွေမြို့နယ် ခေါင်းဒုက္ကာကျေးရွာရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ မတ်လ ၁ ရက်နေ့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၁၄၉ ဦး မီးဘေးသင့်ခဲ့ရသည်ဟု စစ်ကောင်စီ ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းက ယနေ့ မတ်လ ၃ ရက်တွင် ဖော်ပြသည်။ နံနက် ၂ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ရေသယ်ယာဉ်ဖြင့်ပါ ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရသည်ဟု စစ်ကောင်စီက ဆိုသည်။ မီးစတင်လောင်ရခြင်း အကြောင်းအရင်း အသေးစိတ်ကို စစ်ကောင်စီက ထုတ်ဖော်ခြင်းမရှိကြောင်းနှင့် Western News က ဒုက္ခသည်စခန်းအား ဆက်သွယ်သော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ၍ အသေးစိတ်ကို မသိရသေးပေ။ ကယ်ဆယ်ရေးစခန်းက အဆောင်
မိတ်ဆွေရင်း စိတ်ထားအမှန်ဖြင့် ကူညီပေးသည့် ULA/AA ကို CDF ကန်ပက်လက်က ကျေးဇူးတင်ကြောင်းပြော
အပတ်စဉ် ၁ စစ်ပညာသင်တန်းနှင့် လက်နက်များ ထောက်ပံ့ကူညီပေးသော အာရက္ခတပ်တော် ULA/AA ကို အထူးကျေးဇူးတင်ကြောင်း Chin Defence Force – Kanpetlet တပ်ဖွဲ့က မတ်လ ၁ ရက်နေ့ ထုတ်ပြန် ပြောဆိုသည်။ CDF ကန်ပက်လက်၏ အပတ်စဉ် ၁ စစ်သင်တန်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အာရက္ခတပ်တော်က အစမှအဆုံးထိ ကူညီထောက်ပံ့ပေးခဲ့ကြောင်း CDF ကန်ပက်လက်တပ်က ဆိုသည်။ ညီရင်းအစ်ကို အိမ်နီးနားချင်းမိတ်ဆွေရင်း ပကတိ စိတ်ထားအမှန်ဖြင့် ပံ့ပိုးကူညီပေးခဲ့သော မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ULA/AA ကို အထူးကျေးဇူးတင်ရှိကြောင်း CDF ကန်ပက်လက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ CDF ကန်ပက်လက်၏ အပတ်စဉ် ၁
မင်းအောင်လှိုင် ရုရှားခရီးစဉ် လုံခြုံရေးကို အရပ်ဘက်ကမဟုတ်ဘဲ စစ်တပ်ကအရာရှိများက တာဝန်ယူ
ယနေ့ မတ်လ ၃ ရက်နေ့တွင် စတင်ထွက်ခွာသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် လုံခြုံရေးကို အရပ်ဘက်ဝန်းထမ်းများက မဟုတ်ဘဲ စစ်တပ်အရာရှိများက တိုက်ရိုက်တာဝန်ယူကြောင်း သိရသည်။ မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်ကို ၃ ရက်ကြာ သွားရောက်မည်ဖြစ်ပြီး ယနေ့ နံနက်က နေပြည်တော်က စတင်ထွက်ခွာသွားပြီဟု သိရသည်။ ၎င်း၏ ခရီးစဉ်အတွက် လုံခြုံရေး အခြံအရံများကို ယခင်က အရပ်ဘက်ဝန်ထမ်းများမှ တာဝန်ယူခဲ့ရသော်လည်း လက်ရှိတွင် စစ်တပ်က အရာရှိများကိုယ် တိုက်ရိုက် တာဝန်ယူရကြောင်း နေပြည်တော် တပ်တွင်း သတင်းရင်းမြစ်များက ပြောသည်။ “ဒီတစ်ခေါက် ရုရှားခရီးစဉ်မှာ လုံခြုံရေးအတွက် အထူးစိုးရိမ်လို့ အရပ်ဘက် ဝန်ထမ်းတွေကို အသုံးပြုတာ အတော်ကိုနည်းပါတယ်။ စစ်ဘက်ကပဲ
ယောတပ် YPDF ကို အပြီးအပိုင် ဖျက်သိမ်း
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကို အပြီးအပိုင်ဖျက်သိမ်းကြောင်း ယမန်နေ့ မတ်လ ၂ ရက်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ထုတ်ပြန်အသိပေးထားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ယောတပ်တော် YA က ယောဒေသတွင် ယောတပ်တော်အဖြစ် ဖွဲ့စည်းသွားရန် ဖိတ်ခေါ်ပြီးနောက် YPDF ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ယောတပ်တော် YA နှင့် YPDF ပေါင်းစည်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး အခြေခံမူများ သဘောတူထားသည်ဟု ရဲဘော်ယောလေးက ပြောဆိုထားသည်။ စုစည်းညီညွတ်မှုဖြင့် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် YPDF တပ်ဖွဲ့အမည်ဖြင့် ဆက်လက်တည်ရှိရန် မလိုအပ်တော့ကြောင်း ယုံကြည်မိသည်ဟု
စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားမှုဖြင့် ပြည်သူ ၁၉၀၀ နီးပါး ဖမ်းဆီးခံခဲ့ရ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အများဆုံးဖြစ်
အာဏာသိမ်း စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ ၄ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ၁၈၈၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများထဲတွင် ၂ဝ၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များ၌ ဖမ်းဆီးခံရသည့် အွန်လိုင်း အသုံးပြု သူဦးရေ ပျမ်းမျှ ၇ဝဝ ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးမှုများ ထက်ဝက်လျော့ကျခဲ့ကြောင်း ထုတ်ပြန်ချက်က ရေးသည်။ ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၁၁၉ မြို့နယ်မှ အွန်လိုင်း အသုံးပြုသူ ၃၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အများစုသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ ဖြစ်ကြောင်း
AAနှင့် ပူးပေါင်း တပ်ဖွဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး တစ်ဦး သေဆုံး
အာရက္ခတပ်တော် AA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း၊ ပဒါန်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီ၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ စစ်တက္ကသိုလ်အပတ်စဥ် ၅၀ ကျောင်းဆင်းဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း အပါအဝင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့သည်။ ဗိုလ်မှူးသန့်ဇော်ဟိန်း၏ ရက်လည်ဆွမ်းသွပ် တရားနာကို မတ်လ ၁ ရက်နေ့ က နေပြည်တော် ပျဥ်းမနားမြို့ ရှိ အုန်းတောပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့ပြီး ၎င်း၏ မိခင်ဖြစ်သူကလည်း လူမူကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ ဗိုလ်မှူးသန့်ဇော်ဟိန်း၏
မောင်တော ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံ ဗုံးကြဲခံရမှု ထိခိုက် သေဆုံးမှု မရှိ
အာရက္ခတပ်တော် AA သိမ်းပိုက် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။ မတ် ၁ ရက်နေ့ ယနေ့ နံနက် ၁၂ နာရီကျော်မှာ ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲခဲ့ကြောင်း AA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အဆောက်အအုံ တစ်ဝိုက် လာပြီးတော့ ဗုံးကြဲသွားတာပါ။ ကျွန်တော်တို့ သွားကြည့်သလောက်တော့ အဆောက်အအုံကတော့ တော်တော်လေးကို ပျက်စီးသွားပါတယ်။ တစ်ယောက်မှ ထိခိုက်တာတွေ မရှိဘူး။ အဲ့ဒီမှာ လူတွေကို