လူစုလူဝေးနှင့် သင်္ကြမကျရန် အာရက္ခတပ်တော် AA အသိပေး
စစ်ရေး သတင်း
1 min read
0

လူစုလူဝေးနှင့် သင်္ကြမကျရန် အာရက္ခတပ်တော် AA အသိပေး

ဧပြီ ၃ - ၂၀၂၅
0

လူစုလူဝေးနှင့် သင်္ကြန်မပြုလုပ်ကြရန် အချက်ပါဝင်သည့် သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းချက်များကို အာရက္ခတပ်တော် AA က ရခိုင်ပြည်သူများအား အသိပေးထုတ်ပြန်လိုက်သည်။ Western News ၏ စုံစမ်းချက်အရ အာရက္ခတပ်တော် AA စစ်ရုံးချုပ်က ရခိုင်ပြည်သူများအား တိုက်ရိုက်အသိပေး ထုတ်ပြန်ထားမျိုး မဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများအား AA စစ်ရုံးချုပ်က ညွှန်ကြားထားခြင်းဖြစ်သည်။ မြို့နယ်အလိုက် အာရက္ခတပ်တော် အုပ်ချုပ်ရေးအဖွဲ့များကမှ တစ်ဆင့် ရခိုင်ပြည်သူများ ထပ်ဆင့်ညွှန်ကြား အသိပေးထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ သင်္ကြန်ကာလအတွင်း ပြည်သူများ လိုက်နာရမည့် အချက်များမှာ လူစုလူဝေးဖြင့် သင်္ကြန်မဏ္ဍပ်ပြုလုပ် ရေကစားခြင်း မလုပ်ရ၊ လူအများအပြား စီးနင်းပြီး ကားများဖြင့် လှည့်ပတ်ခြင်း

Continue Reading
ဘန်ကောက်မှာ BIMSTEC အစည်းအဝေး စတင်ကျင်းပ၊ မင်းအောင်လှိုင် နေပြည်တော်က စတင်ထွက်ခွာ
စစ်ရေး သတင်း
1 min read
0

ဘန်ကောက်မှာ BIMSTEC အစည်းအဝေး စတင်ကျင်းပ၊ မင်းအောင်လှိုင် နေပြည်တော်က စတင်ထွက်ခွာ

ဧပြီ ၃ - ၂၀၂၅
0

ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု သိကြသည့် BIMSTEC အစည်းအဝေးကို ယနေ့ ဧပြီလ ၃ ရက် နေ့လယ်ပိုင်းတွင် စတင်ကျင်းပနေပြီဖြစ်သည်။ ယင်းအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော် လေဆိပ်ကနေ ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီက အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြကြသည်။ BIMSTEC အစည်းအဝေးကို ဧပြီလ ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာ ကျင်းပမည်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အစည်းအဝေး တက်ရောက်ရန် ထိုင်းအစိုးရအဖွဲ့က ဖိတ်ကြားထားခြင်းဖြစ်သည်။ မင်းအောင်လှိုင်မှာ ထိုင်းစံတော်ချိန် နေ့လယ် ၂ နာရီခွဲခန့်တွင် ဘန်ကောက်လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ BIMSTEC အစည်းအဝေးကို

Continue Reading