မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း တင်ထားသည့် Facebook ပေါ်က ပို့စ်ကို ဘူတန်ဝန်ကြီးချုပ် ပြန်လည်ဖြုတ်ချ
သတင်း
1 min read
0

မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း တင်ထားသည့် Facebook ပေါ်က ပို့စ်ကို ဘူတန်ဝန်ကြီးချုပ် ပြန်လည်ဖြုတ်ချ

ဧပြီ ၅ - ၂၀၂၅
0

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာကျင်းပသော ဘင်းမ်စတက် အစည်းအဝေး၌ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဘူတန်ဝန်ကြီးချုပ် Tshering Tobgay တို့ တွေ့ဆုံခဲ့ကြသည်။ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့်အကြောင်း ဘူတန်ဝန်ကြီးချုပ်က ၎င်း၏ လူမှုကွန်ရက် Facebook ပေါ်တွင် ပုံနှင့်တကွ ဧပြီလ ၄ ရက်နေ့က ပို့စ်တင်ခဲ့သည်။ ဘူတန်ဝန်ကြီးချုပ်၏ ပို့စ်ထဲတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရသည်ကို ဝမ်းမြောက်ကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်မည့် အကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။ ပို့စ်တင်ပြီး နာရီပိုင်းအကြာတွင် ဘူတန်ဝန်ကြီးချုပ် Tshering Tobgay အား ဘူတန်နိုင်ငံသားများအပါအဝင် ထိုင်းနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများနှင့် အခြားသော

Continue Reading
မန္တလေး အိုးဘိုထောင်မှာ ငလျင်ကြောင့် နိုင်ကျဉ်းအမျိုးသမီး ၆ ဦး အပါအဝင် ၁၂ ဦး သေဆုံး
သတင်း
1 min read
0

မန္တလေး အိုးဘိုထောင်မှာ ငလျင်ကြောင့် နိုင်ကျဉ်းအမျိုးသမီး ၆ ဦး အပါအဝင် ၁၂ ဦး သေဆုံး

ဧပြီ ၅ - ၂၀၂၅
0

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်အတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူ ခြောက်ဦး အပါအဝင် ၁၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။ အနည်းဆုံး သေဆုံးသူ ၁၂ ဦးထဲက ၆ ဦးကို အမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး မိသားစုဝင်များ သိရှိနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု PPNM က ယနေ့ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်း‌သူများမှာ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနှင့် မဖူးဖူးဝေ တို့ဖြစ်သည်ဟု PPNM က ဆိုသည်။ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင် (၁)

Continue Reading
မင်းအောင်လှိုင်ကို ဆန္ဒပြသည့် အဖွဲ့ကို ထိုင်းအမျိုးသားရေး လှုပ်ရှားသူများက တိုက်ခိုက်
သတင်း
1 min read
0

မင်းအောင်လှိုင်ကို ဆန္ဒပြသည့် အဖွဲ့ကို ထိုင်းအမျိုးသားရေး လှုပ်ရှားသူများက တိုက်ခိုက်

ဧပြီ ၅ - ၂၀၂၅
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလိုမရှိကြောင်း ဆန္ဒပြ ထိုင်းလူမျိုးများနှင့် ဆန္ဒပြပွဲ လာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ဧပြီ ၅ရက် နံနက် ၁၁နာရီခန့်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ UNရုံးရှေ့၌ ထိုင်းလူမှု အသင်းအဖွဲ့ဖြစ်သော Bright Future အဖွဲ့သည် နိုင်ငံသား ၆,၀၀၀ ကျော်သတ်ဖြတ်ထားသည့် မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်။ မင်းအောင်လှိုင်ကို ဆန္ဒပြမည့် အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့များက လာရောက် နှောင့်ယှက်တိုက်ခိုက်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြ အဖွဲ့ခေါင်းဆောင် ဗီရကို ဘေးကင်းရာ သို့ ခေါ်ထုတ်သွားခဲ့သည်။ ယနေ့ ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်မည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်

Continue Reading
ငလျင်သင့် မြန်မာကို အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်ပေး
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် မြန်မာကို အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်ပေး

ဧပြီ ၅ - ၂၀၂၅
0

ငလျင်ဒဏ်ကို ဆိုးရွားစွား ခံစားနေကြရသည့် မြန်မာပြည်သူများအား အမေရိကန်နိုင်ငံက နောက်ထပ် ဒေါ်လာ ၇ သန်း ပေးအပ်မည်ဟု အမေရိကန်ရန်ကုန်သံရုံးမှ ယနေ့ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကနဦးပေးအပ်မည်ဟု မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။ ဘေးအန္တရာယ်ကျွမ်းကျင်ပညာရှင်များ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ ငလျင်သင့် မြန်မာပြည်သူများကို ဒေါ်လာ ၇ သန်းကို ထပ်တို့း အသုံးပြုကာ အမေရိကန်၏ အကူအညီမှာ စုစုပေါင်း ဒေါ်လာ ၉ သန်း ဖြစ်သည်။ ထို့အပြင်

Continue Reading
ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင် ၁၈၀,၀၀၀ ကို စစ်ကောင်စီ ပြန်ခေါ်မည်
စစ်ရေး သတင်း
1 min read
0

ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင် ၁၈၀,၀၀၀ ကို စစ်ကောင်စီ ပြန်ခေါ်မည်

ဧပြီ ၅ - ၂၀၂၅
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော မွတ်ဆလင်ဒုက္ခသည်များထဲမှ ပထမဆုံး အသုတ်အနေဖြင့် မွတ်ဆလင် ၁၈၀,၀၀၀ ကို ပြန်လည်ခေါ်ယူသွားမည်ဟု စစ်ကောင်စီက အတည်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘင်းမ်စတက် အစည်းအဝေးတွင် မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် အကြီးအကဲ ယူနွတ်စ် ဦးဆောင်သော အဖွဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် မွတ်ဆလင်များအား ပြန်လည်လက်ခံရေး ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ စစ်ကောင်စီ ပြန်ခေါ်မည်ဆိုသည့် မွတ်ဆလင် ၁၈၀,၀၀၀ မှာ စစ်ကောင်စီအဖွဲ့က သေချာစိစစ် လုပ်ဆောင်ပြီးမှ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ “ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတဲ့ မွတ်ဆလင် ၈ သိန်း စာရင်းတွေထဲက မွတ်ဆလင် ၁၈၀,၀၀၀

Continue Reading
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်း BIMSTEC ထိပ်သီး အစည်းအဝေးမှ ညတွင်းချင်း ပြန်
စစ်ရေး သတင်း
1 min read
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်း BIMSTEC ထိပ်သီး အစည်းအဝေးမှ ညတွင်းချင်း ပြန်

ဧပြီ ၅ - ၂၀၂၅
0

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေး စစ်‌ခေါင်း‌ဆောင် မင်းအောင်လှိုင် အား ဧပြီ ၄ ရက်ညပိုင်းက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်သွားသည်။ ထိပ်သီးအစည်းအဝေး မပြီးဆုံးခင်မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ တစ်ဆင့် ညချင်းကြီး ၁၀ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ပြန်လည် ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ ဘင်းမ်စတက် အစည်းအဝေး ညီလာခံကို ဧပြီ ၃ ရက်နှင့် ၄ ရက် နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၊ ထိုင်းနှင့် မြန်မာအပါအဝင် နိုင်ငံ ခုနှစ်နိုင်ငံက ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ မူလပြန်ရန် သတ်မှတ်ထားသည့်ရက်မှာ ဧပြီလ

Continue Reading