မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၃၄၅၅ ဦးရှိလာ
သတင်း သဘာဝဘေး
1 min read
0

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၃၄၅၅ ဦးရှိလာ

ဧပြီ ၆ - ၂၀၂၅
0

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၃၄၅၅ ဦးရှိလာကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး စုစုပေါင်း ၈၆၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆောက် အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရား စေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊

Continue Reading
TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်

ဧပြီ ၆ - ၂၀၂၅
0

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၃ လုံး လာရောက်ကြဲချခဲ့ကြောင်း တအာင်းတပ် TNLA မှ ယနေ့ ဧပြီ ၆ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ ယမန်နေ့ ဧပြီ ၅ ရက်နေ့ နေ့လယ် ၂ နာရီတွင် တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများဖြင့် ကြဲချခဲ့ခြင်းဖြစ်သည် TNLA က ပြောသည်။ ထို့အပြင် ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၁၁ မိနစ်၀န်းကျင်အချိန် စစ်ကောင်စီတပ်က နောင်ချိုမြိုနယ်၊ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင်

Continue Reading