စစ်ကောင်စီက အပစ်ရပ်ကတိကို ချိုးဖောက်ပြီး AA အား တိုက်ခိုက်နေ
အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ကတိကို ချိုးဖောက်ပြီး ရခိုင်၊ ပဲခူးနှင့် ဧရာဝတီတို့တွင် အာရက္ခတပ်တော် AA အား ပစ်ခတ်တိုက်ခိုက်နေကြောင်း AA မှ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် ငလျင်ကယ်ဆယ်ရေးကို အကြောင်းပြု၍ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။ သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြောင်းနှင့် ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ခိုက်နေသည်ဟု သိရသည်။ ဧပြီလ ၅ ရက်နေ့က စစ်တွေနှင့် ကျောက်ဖြူမြို့နယ်ရှိ AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရော့ဗုံးများဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်းတိုင်းခိုက်ခြင်းနှင့်
ဘန်ကောက် ငလျင်မှာ ပါသွားသည့် ရွှေ့ပြောင်းမြန်မာများ လူပျောက်စာရင်းတိုင်းရန် လိုအပ်
(သေဆုံးသူ မြန်မာ ၃၂ ဦးရှိ) ထိုင်းနိုင်ငံ ဘန်ကောက် ငလျင် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များအနေဖြင့် လူပျောက်စာရင်းတိုင်ကြားရန် လိုအပ်ကြောင်း မြန်မာလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့က တိုက်တွန်းပြောဆိုနေသည်။ ဘန်ကောင်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောင်လုပ်ဆဲ အဆောက်အဦး ပြိုကျပျက်စီးသွားပြီး အလုပ်သမား ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု ထိုင်းအလုပ်သမား၀န်ကြီးဌာနမှ ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာ ထားသည်။ WAG အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက “ကျွန်တော် စာရင်းပြုစုထားသလောက်တော့ သေဆုံးတာ မြန်မာ ၃၂ ယောက်လောက်ရှိနေပြီ။ အခုဟာက သေဆုံးတွေက ထက်တိုးလာတယ်ဖို့ များနေတယ်။ မိသားစု၀င်တချို့က တိုင်ကြားတဲ့သူတွေရှိသလို လာမတိုင်တဲ့
ပုသိမ်အကျဉ်းထောင်က ရခိုင်အကျဉ်းသားများ ကျန်းမာရေး ဆိုးရွားနေ
ရခိုင်ပြည် စစ်တွေအကျဉ်းထောင်ကနေ ဧရာဝတီ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသော နိုင်ငံရေးအကျဉ်းသားများအပါအဝင် ရခိုင်အကျဉ်းသားများမှာ ကျန်းမာရေးဆိုးရွားနေကြောင်း မိသားစုဝင်များထံမှ သိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ ညက စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ရခိုင်အကျဉ်းသား ၄၀၀ ထက်မနည်းကို စစ်ကောင်စီက ဧရာဝတီတိုင်းရှိ ပုသိမ်အကျဉ်းထောင်သို့ အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့သည်ံ။ လက်ရှိ ပုသိမ်အကျဉ်းထောင်ရှိ ရခိုင်အကျဉ်းသားများအပါအဝင် အကျဉ်းသားများ အားလုံးနီးပါးမှာ အရေပြားရောဂါကို ခံစားနေရသလို အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျော့ ဖြစ်ပွားနေကြောင်းလည်း ရခိုင်အကျဉ်းသား မိသားစုဝင်များက ပြောသည်။ ရခိုင်အကျဉ်းသား မိသားစုဝင်တစ်ဦးက “အရင်ကလို ထောင်ဝင်စာတွေ သွားမတွေ့နိုင်လို့ ဆေးတွေ၊ အစားအသောက်တွေ မပို့ပေးနိုင်တော့ဘူး။ အခု ကျန်းမာရေး