ရခိုင်မှာ ငွေထုတ် ဈေးနှုန်း ပြန်လည်မြင့်တက်လာပြီး ၇ ရာခိုင်နှုန်းအထိရှိလာ
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် မြို့နယ်များတွင် ငွေထုတ်ယူခ နှုန်းထား ပြန်လည်မြင့်တက်လာပြီး ငွေကျပ် ၁ သိန်းထုတ်ယူလျှင် ကျပ် ၇ ထောင်အထိ ပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။ ငွေလွှဲငွေထုတ်ဆိုင်များတွင် မတ်လအတွင်းက ငွေကျပ် ၁ သိန်း ထုတ်ယူလျှင် ကျပ် ၁၅၀၀ သတ်မှတ်ထားရာကေန ယခုရက်ပိုင်းအတွင်း ကျပ် ၇ ထောင်အထိ ပေးလာရခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့ ရက်တွေကပဲ ၁ ဒသမ ၅ ရာခိုင်နှုန်း တစ်သိန်းကို ၁၅၀၀ နှုန်းရှိခဲ့သေးတယ်။ ၅ ရက်လောက်အကြာမှာပဲ ၇ ရာခိုင်နှုန်းဖြစ်သွားတာ။ ၇ ထောင်ဖြစ်သွားတယ်။ ထပ်ပြီး တက်ဦးမယ်လို့လည်း ငွေထုတ်ပေးသူတွေဆီက ကြားခဲ့ရသေးတယ်။
ရခိုင်မှာ နေရာကွက်၍ မိုးကြီးမည်ဟု စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်
ရခိုင်ပြည်မှာ နောက် ၁၂ နာရီအတွင်း မိုးထစ်ချုန်းရွာသွန်းပြီး အချို့နေရာဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဧပြီလ ၁၀ ရက် နေ့လယ် ၂ နာရီက ထုတ်ပြန်ထားသည်။ ယနေ့ နေ့လယ် ၁ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မြောက်-အရှေ့မြောက်ဘက်သို့ လေဖိအားနည်းရပ်ဝန်းက ရွှေလျားနိုင်သည်ဟု ဆိုသည်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နောက် ၁၂ နာရီအတွင်း ရခိုင်ပြည် အပါအဝင် တိုင်းနှင့်ပြည်နယ် သီးသီးတွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်ဟု စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊
AA ၏ အာရက္ခအိမ်မက် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် ညီနောင်မဟာမိတ်အဖွဲ့များ ဆန္ဒပြု
ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော အာရက္ခတပ်တော် AA ၏ ၁၆ နှစ်မြောက် တပ်တည်ထောင်နေ့ နှစ်ပတ်လည်အခမ်းအနားမှာ ညီနောင်မဟာမိတ် ကိုးကန့်တပ် MNDAA နှင့် တအောင်းတပ် TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ကြသည်။ အာရက္ခတပ်တော် AA က အကောင်အထည်ဖော်နေသော အာရက္ခအိမ်မက် အမြန်ဆုံး အလုံးစုံ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဂုဏ်ပြုသဝဏ်လွှာတွင် ဆန္ဒပြုထားကြသည်။ အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးခရီးကြမ်းတွင် အာရက္ခအိမ်မက် ကို အကောင်အထည်ဖော်ရန် မရပ်မနား ကြိုးပမ်းနေကြေသော ရခိုင်သူရဲကောင်းများကို လေစားဂုဏ်ယူပါကြောင်းလည်း ညီနောင်မဟာမိတ် MNDAA နှင့် TNLA တို့က ပြောသည်။ အာရက္ခတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ရခိုင်ပြည်သူများ၏
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်
ချင်းပြည်နယ်က စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ဧပြီလ ၉ ရက်နေ့က အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီးနောက် CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်လာသည်။ ချင်းညီနောင်အဖွဲ့နှင့် သဘောထား မတိုက်ဆိုင်သောအဖွဲ့ဖြစ်သည့်ချင်းပြည်နယ်၏ တော်လှန်ရေးတပ်ဖွဲ့ CNA (ချင်းအမျိုးသားတပ်ဦး) က ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ “ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုနှင့် ၎င်းစစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြသော ချင်းညီနောင် အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် အပ်ပါသည်” ဟု CNA က ဆိုသည်။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ
စစ်ကိုင်း ဝန်းသိုမြို့ ဗုံးကြဲခံရမှု ကလေးအပါအဝင် လူ ၃၀ နီးပါး သေဆုံး
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့၍ ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ နီးပါး သေဆုံးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို ယမန်နေ့ ဧပြီလ ၉ ရက် နေ့လယ် ၃ နာရီအချိန်ခန့်တွင် တစ်ကြိမ်နှင့် ညနေ ၆ နာရီအချိန့်က တစ်ကြိိမ် စုစုပေါင်း ၂ ကြိမ် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “နေ့လယ် တကြိမ် ညနေ တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ကလေးတွေလည်း တော်တော်များများသေတယ်။ လူကြီးတွေလည်း သေသွားတယ်။ အားလုံး ၃၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။