ဘန်ကောက်ငလျင် ပြိုကျအဆောက်အဦးထဲ ဖုန်းမီးဖြင့်အချက်ပြမှု တွေ့ရှိသည်ဟု ကယ်ဆယ်ရေးသမားများ ပြော
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ဆောက်လက်စ အဆောက်အဦးတစ်ခု ပြိုကျသွားပြီးနောက် ကယ်ဆယ်ရေးများ ပြုလုပ်နေရာ အဆောက်အဦးထဲမှ ဖုန်းမီးဖြင့် အချက်ပြမှုများ တွေ့ရှိရသည်ဟု ကယ်ဆယ်ရေးပြုလုပ်နေသူများက ပြောသည်။ အဆောက်အဦးအား ဇုန် (Zone) များ သတ်မှတ်ပြီး ကယ်ဆယ်ရေးပြုလုပ်နေရာ Zone B ဘက်တွင် အဆောက်အဦး မျက်နှာပြင်အောက် ၃ မီတာအကွာတွင် တယ်လီဖုန်းမီးဖြင့် အချက်ပြနေသည်ကို တွေ့ရှိရသည်ဟု ယနေ့ နံနက် ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် ကယ်ဆယ်ရေးပြုလုပ်နေသူများက ပြောဆိုထားခြင်းဖြစ်သည်။ ကယ်ဆယ်ရေးပြုလုပ်နေသူများမှာ အဆောက်အဦးအား အနီးအောက်ရောင်ခြည်သုံး စကင်နာများဖြင့် ရှာဖွေယ်ကယ်ဆယ်ရေး ပြုလုပ်ရာတွင် ဖုန်းမီးအချက်ပြခြင်း တုန့်ပြန်မှု
နှစ်ပတ်လည်နေ့ သဝဏ်လွှာပေးပို့သော တော်လှန်ရေးအင်အားစုများကို ကျေးဇူးတင်ကြောင်း AA ပြော
တပ်တည်ထောင်သည့် ၁၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း အာရက္ခတပ်တော် AA က ပြန်လည်တုန့်ပြန်ထားသည်။ ဧပြီလ ၁၀ ရက်နေ့သည် အာရက္ခတပ်တော် AA ၏ တပ်တည်ထောင်နေ့ ၁၆ နှစ်ပြည့် နေ့ဖြစ်ပြီး မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့က ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ အာရက္ခတပ်တော် AA ၏ ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်အချက်အရ ဂုဏ်ပြုသဝဏ်လွှာပေါင်း ၂၇ ဖွဲ့ရှိကြောင်း သိရသည်။ ဂုဏ်ပြုသဝဏ်လွှာပေးပို့ကြသော အဖွဲ့အစည်းများအားလုံးကို အာရက္ခတပ်တော် AA က ကျေးဇူးတင်ကြောင်း ပြောဆိုထားပြီး တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို
ဖလမ်းမြို့ကို သိမ်းပြီးနောက် တီးတိန်မြို့ကို ဆက်လက်သိမ်းပိုက်မည်ဟု ချင်းညီနောင် ပြော
ဧပြီလ ၉ ရက်နေ့က ချင်းပြည်နယ်အတွင်း ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် တီးတိန်မြို့နယ်ကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်သွားမည်ဟု ချင်းညီနောင်တပ်ဖွဲ့က တရားဝင် ပြောဆိုလိုက်သည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဧပြီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာက Live လွှင့်ပြောကြားရာတွင် တီးတိန်မြို့ကို ဆက်လက်သိမ်းပိုက်မည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။ “ချင်းပြည်ထဲမှာ တီးတိန်မြို့ကိုလည်း ထပ်ပြီးမှ ဝင်ရောက်ဖို့ရှိတယ်။ ၂၀၂၄ မှာ စစ်ကောင်စီ ကင်းစင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆၀ ရာခိုင်နှုန်းပဲပြီးခဲ့တယ်။ ၄ နေရာရခဲ့တယ်” ဟု ပြောသည်။ ချင်းပြည်နယ်မှာ မြို့ ၉ မြို့ရှိပြီး ၆
ငလျင်ကြောင့် ပြိုကျသွားသော ဘန်ကောက်အဆောက်အဦးတွင် သံမဏိတင်သွင်းသူ တရုတ်လုပ်ငန်းရှင်ကို ထိုင်းက ဖမ်းဝရမ်းထုတ်
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆောက်လက်စ အဆောက်အဦးတွင် သံမဏိတင်သွင်းသူ တရုတ်လုပ်ငန်းရှင်းကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။ ဘန်ကောက်မှာ ပြိုကျသွားသော စာရင်းစစ်ချုပ်ရုံး အဆောက်အဦးတွင် လိုအပ်သော သံထည်များကို တင်သွင်းခဲ့သော တရုတ်နိုင်ငံသာ Xin Ke Yuan ကို ဖမ်းဝရမ်း ထုတ်ထားခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာ Khaosod English က ဖော်ပြသည်။ ဘန်ကောက်အဆောက်အဦး ပြိုကျမှုတွင် သံသယရှိသူ တရုတ်နိုင်ငံသား Xin Ke Yuan ကို ထိုင်းအစိုးရက ယနေ့ ဧပြီလ ၁၁ ရက်တွင် ဖမ်းဝရမ်း ထုတ်လိုက်ခြင်းဖြစ်သည်။ မတ်လ ၂၈ ရက်နေ့က
တပ်မ ၇၇ တပ်မမှူး အောင်သက်ဦးသည် ရန်ကုန်ပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှုတွင် ဦးဆောင်ခဲ့သူဖြစ်ဟုဆို
တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထားသည့် စစ်ကောင်စီ၏ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း စစ်အာဏာရှင် တော်လှန်သူများက ပြောသည်။ စစ်ကောင်စီ၏ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာအဖွဲ့မှ စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်သက်ဦးက တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရာတွင် အဓိက ဦးဆောင်ပါဝင်ခဲ့ကြောင်း စစ်အာဏာရှင် တော်လှန်နေသူတစ်ဦးက ပြောသည်။ “သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို