ရခိုင်မှာ ၁၉ ရက်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိ
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများကြောင့် ၁၉ ရက်အတွင်းမှာ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရနေသူ ၁၂ ဦးရှိကြောင်း သိရသည်။ စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူများအား Western News မှ ၂၀၂၅ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၁၃ ရက်နေ့အထိ စုစည်းထားချက် စာရင်းအရ သိရသည်။ ယခု ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးသွားသူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်စွဲထားသော နေရာများ၊ တပ်ရင်းများနှင့် သွားလာလှုပ်ရှားခဲ့သော နေရာများသို့ သွားရောက်ခြင်းမှ ထိခိုက်သေဆုံးကြခြင်းဖြစ်သည်။ ရခိုင်ပြည်က ဒေသခံပြည်သူများမှာ
စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ မပါဝင်ရန်နှင့် မထောက်ပံ့ရန် ချင်းပြည်သူများကို ICNCC သတိပေး
အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်သူလူထုများအနေဖြင့် ပါဝင်းခြင်း၊ ထောက်ပံ့ပေးခြင်းများကို မပြုကြရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေးထားသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်တွင် ICNCC အဖွဲ့ တည်ထောင်နေ့ ၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ချင်းပြည်သူများအား ကြိုတင်သတိပေးအပ်သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။ စစ်ကောင်စီက အတင်းအဓမ္မ ကျင်းပရန် ကြိုးစား စီစဉ်နေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်အတွင်း လုံးဝ ကျင်းပနိုင်မည် မဟုတ်၍ ချင်းပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ထောက်ပံ့ခြင်းများ မလုပ်ဆောင်ကြရန် ICNCC က သတိပေးထားခြင်းဖြစ်သည်။ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC
တော်လှန်ရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ငြိမ်းချမ်းဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က တိုက်တွန်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းက ယမန်နေ့ ဧပြီလ ၁၃ ရက်တွင် ဖော်ပြသည်။ မကြာသေးမီက ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော BIMSTEC ထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မင်းအောင်လှိုင်အား တော်လှန်ရေးတပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြောဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဆိုသည်။ “တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆန္ဒရှိပါတယ်။ တွေ့ဆုံဆွေးနွေးဖို့လည်း အခွင့်အလမ်းများပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ဖို့လည်း ကျနော်တို့ ပြောထားတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျနော်တို့ ပြောတာကို သဘောတူပြီး