AA ဖမ်းဆီးထားသော အချုပ်သား မိသားစုဝင် ၅ဦး အနက် တစ်ဦး သေဆုံးမှု ဝေဖန်မှု မြင့်တက်နေ
အာရက္ခတပ်တော် AAက မိသားစုဝင် ၅ ဦးကို ပစ္စည်းခိုးမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးထားစဉ်တစ်ဦးမှာ သေဆုံးမှု ဖြစ်ပွားခဲ့မှုအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှု မြင့်တက်နေသည်။ မိသားစုဝင် ၅ဦးကို ပစ္စည်းခိုးယူမှု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ၅ လကျော်ကြာသည်တိုင် မိသားစုများနှင့် တွေ့ခွင့် မပေးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရသူထဲက မိသားစုဝင်တစ်ဦး ဖြစ်သူ မအေးငြိမ်းဇော်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အာရက္ခတပ်တော် AA ၏ လုပ်ရပ်အား ယမန့်နေ့က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ ဖမ်းဆီးထားသူ ၅ဦးထဲက